ဦးဝီရသူ ထွက်ပေါ်လာမှုနဲ့ တပ်ချုပ်ပြောဆိုမှုတွေဟာ ရွေးကောက်ပွဲကို ကသိကအောက်ဖြစ်အော်လုပ်တာလို့ ဦးဝင်းထိန် သုံးသပ်

နိုဝင်ဘာ ၇-၂၀၂၀
ကိုလတ် (VOM)

ရွေးကောက်ပွဲနီးလာချိန်မှာ ဦးဝီရသူ ထွက်ပေါ်လာမှုနဲ့ တပ်ချုပ်ရဲ့ ပြောဆိုမှုတွေဟာ ရွေးကောက်ပွဲကို ကသိကအောက်ဖြစ်အောင်လုပ်တာလို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ ဝရမ်းပြေးဖြစ်တဲ့ဦးဝီရသူ ထွက်လာတယ် ။ သူလွတ်လာတာကို အကြောင်းပြုပြီးတော့မှ မန္တလေးတို့ရန်ကုန်တို့မှာ အမျိုးဘာသာ သာသနာကို ကာကွယ်တဲ့ပါတီတွေကို မဲပေးကြ ဆိုတဲ့လှုပ်ရှားမှုတွေပေါ်လာတယ် ။ အဲ့ဒီတော့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့စကားတွေ ခုနကအချက် တွေရယ်က ပေါင်းလိုက်လို့ရှိရင် လာမယ့် ရွေးကောက်ပွဲကို ကသိကအောက် ဖြစ်အောင် လုပ်ဖို့ တတ်နိုင်သမျှ ကဖျက်ယဖျက်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ သိပ်ပေါ်လွင်တယ်”လို့ ဦးဝင်းထိန်က ပြောပါတယ်။

နိုဝင်ဘာ ၅ရက်နေ့က နေပြည်တော် NLDခရိုင်ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီအောင်နိုင်ရေးအတွက်“မီးပုံးနီနီ NLD တိုးတက်ခေတ်မီ ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဦးဝင်းထိန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုသာ ကျန်တော့ပြီး ဒီအချိန်ကာလအတွင်းမှာလည်း ကဖျက်ယဖျက် လုပ်ဆောင်မှုတွေနဲ့ အဖျက်အမှောက်လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ဦးဝင်ထိန် #ဦးဝီရသူ #တပ်ချုပ်ပြောစကား

Related posts

Leave a Comment

VOM News

FREE
VIEW