ကယားမှာ NLD ပါတီက ၃၄နေရာအနက် နေရာ ၂၀ နိုင်

နို၀င်ဘာ ၉‌-၂၀၂၀
ကောင်းလက်ျာ(VOM)

ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေ‌ေရွးကောက်ပွဲကြီးမှာ NLD ပါတီက ကယားပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရ၃၄ နေရာအနက်၂၀ နေရာသာအနိုင်ရရှိခဲ့ပြီး USDP ပါတီက တပ်ကြိုတင်မဲတွေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကထက် သုံးနေ
ရာ ပိုရရှိခဲ့တယ်လို့ ကယားဒေသခံနိုင်ငံရေးပါတီများထံက သိရပါတယ်။

“လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်းနဲ့ မယ်စဲ့မဲဆန္ဒနယ်တွေမှာ ဝန်ချုပ်ဟောင်းဦးအယ်ဖောင်းရှိူ အပါအဝင် နေရာစုံနီးပါးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်တဲ့ ဘော်လခဲမှာတော့ နေရာစုံ တပ်ကြိုမဲတွေနဲ့ ပြိုင်ဘက်ပါတီတွေက နိုင်သွားတယ် ဟု ဘော်လခဲမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ ရှူံးနိမ့်ခဲ့တယ်” လို့ NLD ပါတီ ကိုယ်
စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦးက ပြောပါတယ်။

ကယားပြည်နယ် မြို့နယ်ပေါင်း ၇ မြို့နယ်မှာ ပြည်နယ်လွှတ်တော်နေရာ ၁၄နေရာ၊ ဗမာတိုင်းရင်းသားဝန်ကြီးနေရာ ၁ နေရာ၊အမျိုးသား လွှတ်တော်နေရာ ၁၂ နေရပြည်သူ့လွှတ်တော်နေရာ ၇ နေရာအတွက် ကယန်း အမျိုးသားပါ
တီ KNP၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့တစ်သီးပုဂ္ဂလွှတ်တော်ကိုယ် စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့က ကယားမှာ ရှူံးတယ်။ ဖယ်ခုံတော့နိုင်တယ်။ကယားပြည်နယ်မှာ KySDP က ရှစ်နေရာထိ ရရှိအောင်မြင်ခဲ့ပြီး ကြံ့ခိုင်ရေးကလည်း ၂၀၁၅ ခုနှစ်ကထက် သုံးနေရာပိုရပြီး ကိုယ်စားလှယ် ၆ နေရာပိုင်သွားတယ် လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူး ခေါ်လွီဇီငြိမ်းက ပြောပါတယ်။

NLD ပါတီက ရှားတောမြို့နယ်အတွင်း လေးနေရာလုံးရှူံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ကယားအခြေစိုက် Kysdp ပါတီက ဖရူဆိုမြို့နယ်မှာ ၅ နေရာနဲ့ ရှားတောမြို့နယ်ထဲမှာ ၃ နေရာအနိုင်ရရှိသွားတယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် ထံက သိရပါတယ်။

ကယားပြည်နယ်လွှတ်တော်‌ပြည်နယ်မဲ ဆန္ဒနယ် ၁၄ နေရာ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ၊ တပ်မတော်သားကိုယ်စားလှယ် ၅နေရာ စုစုပေါင်း ကိုယ်စားလှယ်၂၀ ဦးအနက် USDPပါတီ ၃ နေရာ၊ Kysdp ၃ နေရာနဲ့ တပ်မတော်သားကိုယ်စားလှယ် ၅ နေရာ ထိရရှိသော်လည်း အတိုက်ခံအင်အား ပိုမိုကောင်းလာရုံထက် မပိုသေးကြောင်း ဖရူးဆိုမြို့နယ်အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ် (Kysdp)က သုံးသပ်ပြောဆိုပါတယ်။

နေရာပိုရလာတယ်လို့ဆိုရမှာဖြစ်ပေမယ့် ပြည်နယ်အစိုးရကို လွှတ်တော်ကဖွဲ့ခွင့်မရှိသေးတော့ ဗဟိုအစိုးရအပေါ်မှာ မူတည်သွားမှာပါလို့လည်းပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်နေရာကနေ အနားပေးခံခဲ့ရတဲ့ ဦးအယ်လ်ဖေါင်းရှိုက မယ်စဲ့မြို့နယ်ကနေ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်၂ ကနေ အနိုင်ရခဲ့ပါတယ်။

ကယားပြည်နယ် မြို့နယ်ပေါင်း ၇ မြို့နယ်မှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၃၄ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပေမယ့် နေရာ ၂၀ သာ အနိုင်ရရှိခဲ့ပြီး နာမည်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းနဲ့ လက်ရှိ ကယားပြည်နယ် အစိုးရအဖွဲ့သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်တို့ပါ ရှူံးနိမ့်ခဲ့တယ်လို့ ကယားနိုင်ငံရေးအသိုင်းအဝိုင်းက သိရပါတယ်။

#voiceofmyanmar #VOM #ကယားပြည်နယ်

zawgy

ကယားမွာ NLD ပါတီက ၃၄ေနရာအနက္ ေနရာ ၂၀ ႏိုင္

ႏို၀င္ဘာ ၉‌-၂၀၂၀
ေကာင္းလက္်ာ(VOM)

က်င္းပၿပီးစီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ အေထြေထြ‌ေ႐ြးေကာက္ပြဲႀကီးမွာ NLD ပါတီက ကယားျပည္နယ္အတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ေနရ၃၄ ေနရာအနက္၂၀ ေနရာသာအႏိုင္ရရွိခဲ့ၿပီး USDP ပါတီက တပ္ႀကိဳတင္မဲေတြနဲ႔ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲကထက္ သုံးေန
ရာ ပိုရရွိခဲ့တယ္လို႔ ကယားေဒသခံႏိုင္ငံေရးပါတီမ်ားထံက သိရပါတယ္။

“လြိဳင္ေကာ္၊ ဒီေမာ့ဆို၊ ဖားေဆာင္းနဲ႔ မယ္စဲ့မဲဆႏၵနယ္ေတြမွာ ဝန္ခ်ဳပ္ေဟာင္းဦးအယ္ေဖာင္းရွိူ အပါအဝင္ ေနရာစုံနီးပါးႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ၿပိဳင္တဲ့ ေဘာ္လခဲမွာေတာ့ ေနရာစုံ တပ္ႀကိဳမဲေတြနဲ႔ ၿပိဳင္ဘက္ပါတီေတြက ႏိုင္သြားတယ္ ဟု ေဘာ္လခဲၿမိဳ႕နယ္ ျပည္သူ႔
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေနရာမွာ ရႉံးနိမ့္ခဲ့တယ္” လို႔ NLD ပါတီ ကိုယ္
စားလွယ္ေလာင္း ဦးစိုင္းလင္းလင္းဦးက ေျပာပါတယ္။

ကယားျပည္နယ္ ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္မွာ ျပည္နယ္လႊတ္ေတာ္ေနရာ ၁၄ေနရာ၊ ဗမာတိုင္းရင္းသားဝန္ႀကီးေနရာ ၁ ေနရာ၊အမ်ိဳးသား လႊတ္ေတာ္ေနရာ ၁၂ ေနရျပည္သူ႔လႊတ္ေတာ္ေနရာ ၇ ေနရာအတြက္ ကယန္း အမ်ိဳးသားပါ
တီ KNP၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ KySDP ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ (USDP) နဲ႔တစ္သီးပုဂၢလႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းေတြ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က ကယားမွာ ရႉံးတယ္။ ဖယ္ခုံေတာ့ႏိုင္တယ္။ကယားျပည္နယ္မွာ KySDP က ရွစ္ေနရာထိ ရရွိေအာင္ျမင္ခဲ့ၿပီး ႀကံ့ခိုင္ေရးကလည္း ၂၀၁၅ ခုႏွစ္ကထက္ သုံးေနရာပိုရၿပီး ကိုယ္စားလွယ္ ၆ ေနရာပိုင္သြားတယ္ လို႔ ကယန္းအမ်ိဳးသားပါတီ ဥကၠဌ ခြန္းဘီထူး ေခၚလြီဇီၿငိမ္းက ေျပာပါတယ္။

NLD ပါတီက ရွားေတာၿမိဳ႕နယ္အတြင္း ေလးေနရာလုံးရႉံးနိမ့္ခဲ့ျခင္းျဖစ္ၿပီး ကယားအေျခစိုက္ Kysdp ပါတီက ဖ႐ူဆိုၿမိဳ႕နယ္မွာ ၅ ေနရာနဲ႔ ရွားေတာၿမိဳ႕နယ္ထဲမွာ ၃ ေနရာအႏိုင္ရရွိသြားတယ္လို႔ ကယားျပည္နယ္ အစိုးရအဖြဲ႕သယံဇာတ၊ သစ္ေတာနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္ ထံက သိရပါတယ္။

ကယားျပည္နယ္လႊတ္ေတာ္‌ျပည္နယ္မဲ ဆႏၵနယ္ ၁၄ ေနရာ၊ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ၁ ေနရာ၊ တပ္မေတာ္သားကိုယ္စားလွယ္ ၅ေနရာ စုစုေပါင္း ကိုယ္စားလွယ္၂၀ ဦးအနက္ USDPပါတီ ၃ ေနရာ၊ Kysdp ၃ ေနရာနဲ႔ တပ္မေတာ္သားကိုယ္စားလွယ္ ၅ ေနရာ ထိရရွိေသာ္လည္း အတိုက္ခံအင္အား ပိုမိုေကာင္းလာ႐ုံထက္ မပိုေသးေၾကာင္း ဖ႐ူးဆိုၿမိဳ႕နယ္အႏိုင္ရ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ခူးသဲရယ္ (Kysdp)က သုံးသပ္ေျပာဆိုပါတယ္။

ေနရာပိုရလာတယ္လို႔ဆိုရမွာျဖစ္ေပမယ့္ ျပည္နယ္အစိုးရကို လႊတ္ေတာ္ကဖြဲ႕ခြင့္မရွိေသးေတာ့ ဗဟိုအစိုးရအေပၚမွာ မူတည္သြားမွာပါလို႔လည္းေျပာပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေနရာကေန အနားေပးခံခဲ့ရတဲ့ ဦးအယ္လ္ေဖါင္းရႈိက မယ္စဲ့ၿမိဳ႕နယ္ကေန ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္၂ ကေန အႏိုင္ရခဲ့ပါတယ္။

ကယားျပည္နယ္ ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္မွာ NLD ပါတီက ကိုယ္စားလွယ္ေလာင္း ၃၄ ေယာက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ေပမယ့္ ေနရာ ၂၀ သာ အႏိုင္ရရွိခဲ့ၿပီး နာမည္ႀကီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဝင့္ဝါထြန္းနဲ႔ လက္ရွိ ကယားျပည္နယ္ အစိုးရအဖြဲ႕သယံဇာတ၊ သစ္ေတာနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္တို႔ပါ ရႉံးနိမ့္ခဲ့တယ္လို႔ ကယားႏိုင္ငံေရးအသိုင္းအဝိုင္းက သိရပါတယ္။

#voiceofmyanmar #VOM ဋ

 

Related posts

Leave a Comment

VOM News

FREE
VIEW