ရွေးကောက်ပွဲအရှုံးကို လက်ခံဖို့ ဒေါ်နယ်ထရန့်ကို မိသားစုဝင်တွေက တိုက်တွန်းနေရ

ဝါရှင်တန်၊ နိုဝင်ဘာ ၉-၂၀၂၀
မျိုးဆက် (VOM)

သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ရှုံးနိမ့်သွားတယ်ဆိုတာကို သူ့ရဲ့ဇနီးဖြစ်သူအပါအဝင် မိသားစုဝင်အချို့က တိုက်တွန်းအကြံပေးနေရတယ်လို့ အမေရိကန်သတင်းဌာနတွေက ရေးသားဖော်ပြထားကြပါတယ်။

ဒေါ်နယ်ထရန့်ဟာ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုတာ ဝန်ခံဖို့ငြင်းဆန်ခဲ့ပြီး ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေပြုလုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ ရွေးကောက်ပွဲအနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး သမ္မတရာထူးရယူဖို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ မဲရလဒ်တွေသိရှိပြီးနောက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းလက်ခံဖို့ သားမက်ဖြစ်သူ နဲ့ ထိပ်တန်းအကြံပေး ဂျာရက်ကူရှနာ၊ သမ္မတကတော် မယ်လာနီယာထရန့်တို့က တိုက်တွန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး စီအင်န်အင်န် သတင်းဌာနက ဖော်ပြထားပါတယ်။

ထရန့်ရဲ့ မိသားစုဝင်တွေအပါအဝင် သူ့ရဲ့ အတွင်းစည်းမှ လူအားလုံးကတော့ ရွေးကောက်ပွဲပြီးဆုံးသွားပြီဆိုတာကို အသိအမှတ်ပြုထားကြတယ်လို့ အေဘီစီသတင်းဌာနကဆိုပါတယ်။

သမ္မတကတော် မယ်လာနီယာထရန့်ကလည်း အမေရိကန်ပြည်သူတွေအနေနဲ့ မျှတတဲ့ရွေးကောက်ပွဲနဲ့ ထိုက်တန်ကြောင်း၊ တရားမဝင်မဟုတ်တဲ့ တရားဝင်မဲတိုင်းကို ရေတွက်သင့်ပြီး ပွင့်လင်းမြင်သာမှုအပြည့်နဲ့အတူ ဒီမိုကရေစီကို ကာကွယ်ရမယ်လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။

ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေး ထိပ်တန်းတာဝန်ရှိသူတစ်ဦးကတော့ စီအင်န်အင်န်သတင်းဌာနရဲ့ ဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

မဲရေတွက်မှုတွေမှာ တိကျမှန်ကန်မှုရှိစေဖို့ ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်တဲ့ နည်းမှန်သမျှလုပ်ဖို့ အကြံပေးကူရှနာက သမ္မတကို အကြံပေးခဲ့တယ်လို့ သူကပြောဆိုပါတယ်။

Re: NHK
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW