ရှမ်းပြည်နယ်အတွင်း PNO ရဲ့ အောင်နိုင်မှု

နိုဝင်ဘာ ၉-၂၀၂၀
နေနန်းနွယ်(VOM)

ရှမ်းပြည်နယ်အတွင်းက ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း ၃ မြို့နယ်မှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ အနိုင်ရမှုအခြေအနေ ကောင်းတယ်လို့သိရပါတယ်။

“လက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမှာတော့ ပြည်သူ့လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၆ နေရာနဲ့ အမျိုးသားလွှတ်တော် ၁ နေရာကတော့ သေချာထွက်လာပါပြီ၊ ဒီနေ့ထပ်တိုးလာတာက လွိုင်လင်မဲဆန္ဒနယ် ၁ မှာလည်း ကျွန်တော်တို့ နိုင်သွားပါပြီ။ လောလောဆယ်ကတော့ ကျွန်တော်တို့ တောင်ကြီးကို စောင့်ကြည့်နေပါတယ်။ မဲအရေအတွက်က အကျိတ်အနယ်ဖြစ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ အခု ကြိုတင်မဲလည်း ရေလို့မပြီးသေးဘူးဆိုတော့၊ ဒါကတော့ တောင်ကြီးအခြေအနေပါ”လို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဝအမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ကယန်းအမျိုးသားပါတီ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ မှာ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၆၃ နေရာအနက် NLDက ၃၈ နေရာ၊ USDP က ၅၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၃၉ နေရာ အနိုင်ရခဲ့ပါတယ်။

အခုလက်ရှိအချိန်ထိ ရှမ်းပြည်နယ်အတွင်းမှာ မဲရေတွက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ရှမ်းပြည်နယ် #PNOပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW