လမ်းတံတားနဲ့ SME လုပ်ငန်းတွေအတွက် ဂျပန်က ဒေါ်လာသန်း ၄၀၀ ကျော် မြန်မာနိုင်ငံကို ချေးမယ်

တိုကျို၊ နိုဝင်ဘာ-၉-၂၀၂၀
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ အခြေခံလမ်းတံတားတွေ တည်ဆောက်ဖို့နဲ့ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း(SME) တွေကို ဘဏ္ဍာရေးထောက်ပံ့ပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အတိုးနှုန်းနည်းတဲ့ ချေးငွေ ဒေါ်လာ ၄၁၄ (ဂျပန်ယမ်း ၄၂ ဒသမ ၇၈ ဘီလီယံ) ပေးဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဒီထဲက ယမ်း ၂၇ ဒသမ ၇၈ ဘီလီယံဟာ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့ကို ဆက်သွယ်ဖြစ်ကျော်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်မှာ တံတားတစ်စင်းတည်ဆောက်ဖို့ စီမံကိန်းအတွက် လျာထားလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စီမံကိန်းမှာ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ပိုင်းရှိ ပဲခူးနဲ့ ကျိုက်ထီးရိုးကို ဆက်သွယ်ထားတဲ့လမ်းပေါ်မှာ တံတားတစ်စင်းတည်ဆောက်ဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုင်ချီရိုရူယာမာနဲ့မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ အကြီးဆုံးကုန်သွယ်ဖက် ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ ဆက်လက်မြင့်တက်နေဖွယ်ရှိ တာကြောင့် အရှေ့-အနောက် စီးပွားရေးစင်္ကြ ံဖွံ့ဖြိုးရေမှာ ထောက်ပံ့ပို့ဆောင်ရေးကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းအပြင် ကျန်ရှိနေတဲ့ ချေးငွေတွေကိုတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ တည်ငြိမ်စေရေးနဲ့ လုပ်ငန်းတွေတိုးချဲ့နိုင်ဖို့ ရန်ပုံငွေ ထုတ်ချေးဖို့ စီၤစဉ်ထားပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အသေးစား အလတ်စားလုပ်ငန်းတွေအတွက် နောက်ထပ်ထိုးနှက်ချက်တွေ ရှိနေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: Japan Today
Photo: Kyodo
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW