ဧရာဝတီတိုင်း တစ်ခုလုံး NLD ပါတီနိုင်

#voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်

နိုဝင်ဘာ ၉- ၂၀၂၀
ရှိုင်းအောင်(VOM)

ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ် ၂၆ မြို့နယ်အကုန်လုံးမှာ NLD ပါတီက အနိုင်ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊ အခုလက်ရှိ ကျုံပျော်မြို့နယ် NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက VOM ကိုပြောပါတယ်။

” ဧရာဝတီတိုင်းကတော့ ၂၆ မြို့နယ်လုံး NLD နိုင်တယ်လို့ သတင်းရတယ်၊ ကျုံပျော်မှာအားလုံးနိုင်တယ်၊ နိုင်တဲ့ မဲအရေအတွက်တောင်ပြောလို့ရတယ်၊ အမျိုးသားမှာ ကျုပ် မန်းဂျော်နီ ကိုယ်တိုင်ဝင်ပြိုင်တယ်လေ၊ မဲ (၁၀၀၃၈၄) မဲ ငါရတယ်၊ နိုင်တဲ့အားလုံးရဲ့ သူတို့ဘယ်လောက်ရတယ်၊ သူတို့ပြိုင်ဘက်တွေ ဘယ်လောက် ဘယ်လောက်ရတယ်ဆိုတာ အားလုံးပြောလို့ရတယ်၊ ငါတို့နဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပေါ့ကွာ (၃၉၂၂၄)မဲရတယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့ NLDက (၉၅၉၄၈)မဲရတယ်၊ ဟိုဘက်က ကြံ့ခိုင်ရေးက (၃၇၅၄၇)မဲရတယ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ ကိုယ်စားလှယ်က NLD က (၅၂၇၃၁)မဲ၊ ကြံ့ခိုင်ရေးက (၁၆၄၄၁)မဲ၊ တိုင်း ၂ ကတော့ NLD က (၄၅၇၈၈) မဲနဲ့ ကြံ့ခိုင်ရေးက (၂၁၄၀၅) မဲနဲ့ မြို့နယ်တိုင်းမှာ ၄ နေရာ၊ ၄ နေရာ ရှိတဲ့နေရာမှာ အားလုံးနိုင်တယ်၊ ကရင်တိုင်းရင်းသားရှိတဲ့နေရာမှာလည်း အကုန်လုံးနိုင်တယ်”လို့ မန်းဂျော်နီက VOMကိုပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ် သမားအလုပ်သမားပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၄၅၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း မဲဆန္ဒနယ် ၉၂ နေရာအနက် NLD ပါတီက ၈၈ နေရာ အနိုင်ရခဲ့ပါတယ်။

လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

#voicofmyanmar #VOM #ဧရာဝတီတိုင်း #ရွေးကောက်ပွဲရလဒ် #NLD

Related posts

Leave a Comment

VOM News

FREE
VIEW