NLD အစိုးရဖွဲ့နိုင်တဲ့အင်အားနီးစပ်နေ

ရန်ကုန် ၊ နိုဝင်ဘာ ၉-၂၀၂၀
သူရိန်(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ကနဦးသိရှိထားရတဲ့ ရွေးကောက်ပွဲရလာဒ်အရ အစိုးရဖွဲ့နိုင်တဲ့ အနေအထားကိုရောက်ရှိနေပြီဖြစ်ကြောင်း ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ယနေ့မနက် ၇ နာရီခွဲခန့်က VOM ကို အတည်ပြုပြောပါတယ်။

“ကျွန်တော်တို့မျှော်မှန်းတာထက်တော့ အနီးစပ်ဆုံးဖြစ်တယ်လို့ ပြောရမှာပေါ့ဗျာ။ တချို့နေရာလေးတွေမှာတော့ ရှုံးနိမ့်ခဲ့တာရှိပါတယ်။ ဒါပေမယ့်အောင်မြင်တဲ့နေရာတွေမှာလည်းအပြတ်အသတ် နိုင်ခဲ့ပါတယ်။ကြိုတင်မဲကိစ္စကတော့ဆန်းစစ်နေတုန်းပါ။ လောလောဆယ်မပြောနိုင်သေးပါဘူး။ ကိုယ်ရှုံးလို့ကန့်ကွက်တယ် ဆိုတာထက်ချွတ်ချော်မှုတွေထင်ရှားမှသာကန့်ကွက်မှာပါ။ လုံလောက်တဲ့အင်အားရမယ်လို့မျှော်လင့်ပါတယ်။ စာရင်းတွေပေါင်းကြည့်နေပါတယ်။ စာရင်းကတက်တာနှေးနေသေးလို့ပါ”
ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းဒေသကြီးတွေမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိနေပြီး တချို့ပြည်နယ်တွေမှာ ဒေသသခံတိုင်းရင်းသားပါတီတွေက အနိုင်ရရှိတာတွေတွေ့နေရပါတယ်။

ကနဦးဖုန်းသတင်းတွေအရ အစိုးရဖွဲ့နိုင်လောက်ပြီလို့ ဒေါက်တာမျိုးညွန့်ကမှတ်ချက်ပြုပေမယ့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှာ အနိုင်ရသူ လက်မှတ်ထိုးပြီးတဲ့ ပမာဏတော့ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကျင်းပတဲ့ အမျိုးသားလွှတ်တော် ၁၆၁ နေရာ ပြည်သူ့လွှတ်တော် ၃၁၅ နေရာကျင်းပတာမို့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် တပ်မတော်သားတွေ ကိုယ်စားလှယ် ၁၆၆ နေရာဖယ်ပြီးတွက်ရင် အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ဖို့ ၃၂၂ နေရာ အနိုင်ရမှာ လွတ်လွတ်ကျွတ်ကျွတ် တပါတီတည်း အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ အန်အယ်လ်ဒီလောက် အနိုင်မရရင်တောင် လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်နဲ့ ပူးပေါင်းမယ်ဆိုရင် ၁၅၆ နေရာ အနိုင်ရယုံနဲ့ အစိုးရဖွဲ့နိုင်တဲ့အနေအထားမှာရှိနေပါတယ်။

#voiceofmyanmar #VOM #NLD #ရွေးကောက်ပွဲ

Zawgyi

NLD အစိုးရဖြဲ႕ႏိုင္တဲ့အင္အားနီးစပ္ေန

ရန္ကုန္ ၊ ႏိုဝင္ဘာ ၉-၂၀၂၀
သူရိန္(VOM)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔ ကနဦးသိရွိထားရတဲ့ ေ႐ြးေကာက္ပြဲရလာဒ္အရ အစိုးရဖြဲ႕ႏိုင္တဲ့ အေနအထားကိုေရာက္ရွိေနၿပီျဖစ္ေၾကာင္း ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ယေန႔မနက္ ၇ နာရီခြဲခန႔္က VOM ကို အတည္ျပဳေျပာပါတယ္။

“ကြၽန္ေတာ္တို႔ေမွ်ာ္မွန္းတာထက္ေတာ့ အနီးစပ္ဆုံးျဖစ္တယ္လို႔ ေျပာရမွာေပါ့ဗ်ာ။ တခ်ိဳ႕ေနရာေလးေတြမွာေတာ့ ရႈံးနိမ့္ခဲ့တာရွိပါတယ္။ ဒါေပမယ့္ေအာင္ျမင္တဲ့ေနရာေတြမွာလည္းအျပတ္အသတ္ ႏိုင္ခဲ့ပါတယ္။ႀကိဳတင္မဲကိစၥကေတာ့ဆန္းစစ္ေနတုန္းပါ။ ေလာေလာဆယ္မေျပာႏိုင္ေသးပါဘူး။ ကိုယ္ရႈံးလို႔ကန႔္ကြက္တယ္ ဆိုတာထက္ခြၽတ္ေခ်ာ္မႈေတြထင္ရွားမွသာကန႔္ကြက္မွာပါ။ လုံေလာက္တဲ့အင္အားရမယ္လို႔ေမွ်ာ္လင့္ပါတယ္။ စာရင္းေတြေပါင္းၾကည့္ေနပါတယ္။ စာရင္းကတက္တာေႏွးေနေသးလို႔ပါ”
ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

လက္ရွိအေျခအေနမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္သည္ တိုင္းေဒသႀကီးေတြမွာ မဲအျပတ္အသတ္နဲ႔ အႏိုင္ရရွိေနၿပီး တခ်ိဳ႕ျပည္နယ္ေတြမွာ ေဒသသခံတိုင္းရင္းသားပါတီေတြက အႏိုင္ရရွိတာေတြေတြ႕ေနရပါတယ္။

ကနဦးဖုန္းသတင္းေတြအရ အစိုးရဖြဲ႕ႏိုင္ေလာက္ၿပီလို႔ ေဒါက္တာမ်ိဳးၫြန႔္ကမွတ္ခ်က္ျပဳေပမယ့္ သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္မွာ အႏိုင္ရသူ လက္မွတ္ထိုးၿပီးတဲ့ ပမာဏေတာ့ ထုတ္ျပန္ႏိုင္ျခင္းမရွိေသးပါဘူး။

လက္ရွိအေျခအေနအရ ေ႐ြးေကာက္ပြဲက်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္ ၁၆၁ ေနရာ ျပည္သူ႔လႊတ္ေတာ္ ၃၁၅ ေနရာက်င္းပတာမို႔ အစိုးရဖြဲ႕ႏိုင္ဖို႔ဆိုရင္ တပ္မေတာ္သားေတြ ကိုယ္စားလွယ္ ၁၆၆ ေနရာဖယ္ၿပီးတြက္ရင္ အန္အယ္လ္ဒီဟာ အစိုးရဖြဲ႕ႏိုင္ဖို႔ ၃၂၂ ေနရာ အႏိုင္ရမွာ လြတ္လြတ္ကြၽတ္ကြၽတ္ တပါတီတည္း အစိုးရဖြဲ႕ႏိုင္မွာျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ကေတာ့ အန္အယ္လ္ဒီေလာက္ အႏိုင္မရရင္ေတာင္ လႊတ္ေတာ္ထဲမွာ ေ႐ြးေကာက္ခံမဟုတ္တဲ့ တပ္မေတာ္သားကိုယ္စားလွယ္ ၁၆၆ ေယာက္နဲ႔ ပူးေပါင္းမယ္ဆိုရင္ ၁၅၆ ေနရာ အႏိုင္ရယုံနဲ႔ အစိုးရဖြဲ႕ႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

#voiceofmyanmar #VOM #NLD #ေ႐ြးေကာက္ပြဲ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW