NLD အစိုးရဖွဲ့နိုင်တဲ့အဆင့်နဲ့ နိုင်ထားပြီ

မန္တလေး-နိုဝင်ဘာ ၉-၂၀၂၀
Voice Of Myanmar

လက်ရှိအာဏာရပါတီ NLD ဟာ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှာ ရာနှုန်းပြည့်အနိုင်ရပြီး ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး ကျန် ၄၄ မြို့နယ်က မဲဆန္ဒနယ်တွေ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အနိုင်ရခဲ့ပြီဖြစ်တယ်လို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ VOM ကရရှိထားတဲ့အချက်အလက်အရတော့ NLD ပါတီဟာ ပြည်ထောင်စုအဆင့်အတွက် အစိုးရဖွဲ့နိုင်တဲ့ ၃၂၂ နေရာကို ကျော်လွန်သွားပြီဆိုတာတွေ့ရှိထားပါတယ်။

ကယားပြည်နယ်အတွင်းက မဲဆန္ဒနယ် ၃၄ နေရာအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KYSDP) က ၈ နေရာနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ၆ နေရာ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ကျန် မဲဆန္ဒနယ် ၂၀ နေရာကို အနိုင်ရခဲ့ပါတယ်။ တာဝန်က အနားပေးခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖေါင်းရှိုလည်း မယ်စဲ့ကနေ အနိုင်ရပါတယ်။

ရခိုင်ပြည်နယ် က မြို့နယ် ၈မြို့နယ် မဲဆန္ဒနယ် ၂၈ ခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ၅ နေရာ၊ ရခိုင်အမျိုးသားပါတီ(ANP) က တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေမြို့နယ်တွေက မဲဆန္ဒနယ် ၇ နေရာ၊ ရခိုင်ဦးဆောင်ပါတီ(AFP) က ၂ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ၁ နေရာ အနိုင်ရခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ဂွမြို့နယ်ကနေ အနိုင်ရထားပါတယ်။

ရှမ်းပြည်နယ်မှာတော့ မြို့နယ် ၄၉ မြို့နယ် မဲဆန္ဒနယ် ၁၆၆ ခုအနက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က ၁၀ နေရာ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က တောင်ကြီးမြို့နယ်၊ လားရှိုးမြို့နယ်နဲ့ ကျိုင်းတုံမြိ့နယ်တွေမှာ အနိုင်ရတယ်လို သိထားရသလို SNLD ကတော့ ထုတ်ပြောတာမရှိသေးပါဘူး။

ကချင်ပြည်နယ်က မြို့နယ် ၁၈ မြို့နယ် မဲဆန္ဒနယ် ၇၀ ခုအနက် ဖားကန့်မြို့နယ်၊ မံစီမြို့နယ် ၊ မြစ်ကြီးနားမြို့နယ် ၊ ဗန်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ်၊ ဆော့လော်မြိ့နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က နေရာအအပြည့်နိုင်ခဲ့ပြီး ချီဖွေမြို့နယ်၊ မိုးမောက်မြို့နယ်တွေက ပြည်နယ်လွှတ်တော်နေရာ ၁ ခုဆီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ပနေနဲ့ ဆွမ်ပရာဘွမ်မြို့နယ်က မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရခဲ့ပြီး အင်ဂျန်ယန်မြို့နယ်မှာတော့ ၃ နေရာ အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်နေရာ ၂၄ နေရာ အနိုင်ရထားတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်လည်း မြစ်ကြီနားမဲဆန္ဒနယ် ၁ကနေ အနိုင်ရထားပါတယ်။

ကရင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် မဲဆန္ဒနယ် ၃၆ ခုအနက် ဖာပွန်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အနိုင်ရခဲ့ပြီး လှိုင်းဘွဲ့ ပြည်နယ်လွှတ်တော် ၁ နေရာမှာတော့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) က အနိုင်ရခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က သံတောင် ပြည်နယ်လွှတ်တော် ၁ မှာ ရှုံးခဲ့ပြီး ကျန်နေရာ အားလုံးမှာတော့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လည်း ဘားအံမဲဆန္ဒနယ် ၁ကနေ အနိုင်ရထားပါတယ်။

မွန်ပြည်နယ်မှာတော့ ကျိုက်ထိုမြို့နယ်၊ ဘီလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်တွေက မဲဆန္ဒနယ်အားလုံး၊ ချောင်းဆုံ၊ ကျိုက်မရောနဲ့ သံဖြူဇရပ်မြို့နယ်တွေက မဲဆန္ဒနယ် ၃ ခုစီနဲ့ မုဒုံမြို့နယ် မဲဆန္ဒနယ် ၁ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အနိုင်ရခဲ့ပါတယ်။ မွန်ညီညွတ်ရေးပါတီ(MUP) ကတော့ ရေးမြို့နယ်က မဲဆန္ဒနယ်အားလုံး၊ မုဒုံမြို့နယ်က မဲဆန္ဒနယ် ၃ နေရာနဲ့ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်တွေမှာတော့ မဲဆန္ဒနယ် ၁ နေရာစီကို အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံလည်း ကျိုက်ထိုမဲဆန္ဒနယ် ၂ မှာ အနိုင်ရထားပါတယ်။

ချင်းပြည်နယ် မဲဆန္ဒနယ် ၃၉နေရာမှာတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) က ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော် ၁ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCD) က တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်နေရာတွေမှာ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ကျန် ၃၆ နေရာမှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်လည်းဖလမ်းမဲဆန္ဒနယ်အမှတ် ၂က အနိုင်ရထားပါတယ်။

ရာနုန်းပြည့်အနိုင်ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အမရပူရမဲဆန္ဒနယ် ၁ ကနေအနိုင်ရထားပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်း ပွင့်ဖြူမဲဆန္ဒနယ် ၁ကနေ အနိုင်ရထားပါတယ်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်လည်း မြန်အောင်မဲဆန္ဒနယ် ၁ကနေအနိုင်ရထားပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်အောင်ဟာလည်း ကော့သောင်းမဲဆန္ဒနယ် ၂ကနေ အနိုင်ရထားပါတယ်။ စစ်ကိုင်းတိုင်းကဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာလည်း ရွှေဘို မဲဆန္ဒနယ် ၂ကနေနိုင်နေပြီး ပဲခူးတိုင်းတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ရေတာရှည်မဲဆန္ဒနယ် ၂ကနေ အနိုင်ရထားပြီးဖြစ်တယ်လို့သိရပါတယ် ။

အန်အယ်လ်ဒီပါတီက နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်အရတော့ အတည်ပြုပြီးဖြစ်တဲ့ စာရင်းအရတော့ ပြည်သူ့လွှတ်တော်က ၂၃ နေရာ ၊ အမျိုးသားလွှတ်တော်နေရာ ၃ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် အတွက် ၁၁၀ အနိုင်ရပြီး အတည်ပြုပြီးဖြစ်တယ်လို့ တွေ့ရပါတယ်။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ အနက် အစောကတည်းက NLD ဟာအစိုးရဖွဲ့နိုင်တဲ့ အတိုင်းအတာရပြီလို့ VOM ကိုပြောထားပြီးဖြစ်ပါတယ်။

ခု Voice Of Myanmar ကရရှိထားတဲ့ မဲစာရင်းရလာဒ်တွေဟာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းပြီး စုဆောင်းထားတဲ့ ကနဦးရလာဒ်တွေပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အနိုင်ရစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

#voicofmyanmar #VOM #ပြည်နယ်တိုင်းအလိုက်ရွေးကောက်ပွဲ အနိုင်စာရင်း

zawgy

NLD အစိုးရဖြဲ႕ႏိုင္တဲ့အဆင့္နဲ႔ ႏိုင္ထားၿပီ

မႏၲေလး-ႏိုဝင္ဘာ ၉-၂၀၂၀
Voice Of Myanmar

လက္ရွိအာဏာရပါတီ NLD ဟာ မေကြးတိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္းတို႔မွာ ရာႏႈန္းျပည့္အႏိုင္ရၿပီး ရန္ကုန္တိုင္းမွာေတာ့ ကိုကိုးကြၽန္းကလြဲၿပီး က်န္ ၄၄ ၿမိဳ႕နယ္က မဲဆႏၵနယ္ေတြ အားလုံးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က အႏိုင္ရခဲ့ၿပီျဖစ္တယ္လို႔ သက္ဆိုင္ရာ ႏိုင္ငံေရးပါတီရဲ႕ ကိုယ္စားလွယ္ေတြဆီက သိရပါတယ္။ VOM ကရရွိထားတဲ့အခ်က္အလက္အရေတာ့ NLD ပါတီဟာ ျပည္ေထာင္စုအဆင့္အတြက္ အစိုးရဖြဲ႕ႏိုင္တဲ့ ၃၂၂ ေနရာကို ေက်ာ္လြန္သြားၿပီဆိုတာေတြ႕ရွိထားပါတယ္။

ကယားျပည္နယ္အတြင္းက မဲဆႏၵနယ္ ၃၄ ေနရာအနက္ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ(KYSDP) က ၈ ေနရာနဲ႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) က ၆ ေနရာ အႏိုင္ရခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က က်န္ မဲဆႏၵနယ္ ၂၀ ေနရာကို အႏိုင္ရခဲ့ပါတယ္။ တာဝန္က အနားေပးခံရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္ေဖါင္းရႈိလည္း မယ္စဲ့ကေန အႏိုင္ရပါတယ္။

ရခိုင္ျပည္နယ္ က ၿမိဳ႕နယ္ ၈ၿမိဳ႕နယ္ မဲဆႏၵနယ္ ၂၈ ခုအနက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က ၅ ေနရာ၊ ရခိုင္အမ်ိဳးသားပါတီ(ANP) က ေတာင္ကုတ္၊ မာန္ေအာင္၊ ရမ္းၿဗဲ၊ စစ္ေတြၿမိဳ႕နယ္ေတြက မဲဆႏၵနယ္ ၇ ေနရာ၊ ရခိုင္ဦးေဆာင္ပါတီ(AFP) က ၂ ေနရာ၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) က ၁ ေနရာ အႏိုင္ရခဲ့ပါတယ္။ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုဟာ ဂြၿမိဳ႕နယ္ကေန အႏိုင္ရထားပါတယ္။

ရွမ္းျပည္နယ္မွာေတာ့ ၿမိဳ႕နယ္ ၄၉ ၿမိဳ႕နယ္ မဲဆႏၵနယ္ ၁၆၆ ခုအနက္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) က ၁၀ ေနရာ အႏိုင္ရခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က ေတာင္ႀကီးၿမိဳ႕နယ္၊ လားရႈိးၿမိဳ႕နယ္နဲ႔ က်ိဳင္းတုံၿမိ့နယ္ေတြမွာ အႏိုင္ရတယ္လို သိထားရသလို SNLD ကေတာ့ ထုတ္ေျပာတာမရွိေသးပါဘူး။

ကခ်င္ျပည္နယ္က ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္ မဲဆႏၵနယ္ ၇၀ ခုအနက္ ဖားကန႔္ၿမိဳ႕နယ္၊ မံစီၿမိဳ႕နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕နယ္ ၊ ဗန္းေမာ္ၿမိဳ႕နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မခ်မ္းေဘာၿမိဳ႕နယ္၊ ေဆာ့ေလာ္ၿမိ့နယ္ေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က ေနရာအအျပည့္ႏိုင္ခဲ့ၿပီး ခ်ီေဖြၿမိဳ႕နယ္၊ မိုးေမာက္ၿမိဳ႕နယ္ေတြက ျပည္နယ္လႊတ္ေတာ္ေနရာ ၁ ခုဆီမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က ရႈံးနိမ့္ခဲ့တယ္လို႔ သိရပါတယ္။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ(KSPP) ပေနနဲ႔ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္က မဲဆႏၵနယ္အားလုံးမွာ အႏိုင္ရခဲ့ၿပီး အင္ဂ်န္ယန္ၿမိဳ႕နယ္မွာေတာ့ ၃ ေနရာ အႏိုင္ရခဲ့ပါတယ္။ ျပည္ေထာင္စုအဆင့္ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ေနရာ ၂၄ ေနရာ အႏိုင္ရထားတယ္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။ ကခ်င္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္လည္း ျမစ္ႀကီနားမဲဆႏၵနယ္ ၁ကေန အႏိုင္ရထားပါတယ္။

ကရင္ျပည္နယ္က ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ မဲဆႏၵနယ္ ၃၆ ခုအနက္ ဖာပြန္ၿမိဳ႕နယ္မွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)က အႏိုင္ရခဲ့ၿပီး လႈိင္းဘြဲ႕ ျပည္နယ္လႊတ္ေတာ္ ၁ ေနရာမွာေတာ့ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ(KNDP) က အႏိုင္ရခဲ့ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က သံေတာင္ ျပည္နယ္လႊတ္ေတာ္ ၁ မွာ ရႈံးခဲ့ၿပီး က်န္ေနရာ အားလုံးမွာေတာ့ အႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္လည္း ဘားအံမဲဆႏၵနယ္ ၁ကေန အႏိုင္ရထားပါတယ္။

မြန္ျပည္နယ္မွာေတာ့ က်ိဳက္ထိုၿမိဳ႕နယ္၊ ဘီလင္းၿမိဳ႕နယ္၊ သထုံၿမိဳ႕နယ္၊ ေပါင္ၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ေတြက မဲဆႏၵနယ္အားလုံး၊ ေခ်ာင္းဆုံ၊ က်ိဳက္မေရာနဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္ေတြက မဲဆႏၵနယ္ ၃ ခုစီနဲ႔ မုဒုံၿမိဳ႕နယ္ မဲဆႏၵနယ္ ၁ ေနရာကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က အႏိုင္ရခဲ့ပါတယ္။ မြန္ညီၫြတ္ေရးပါတီ(MUP) ကေတာ့ ေရးၿမိဳ႕နယ္က မဲဆႏၵနယ္အားလုံး၊ မုဒုံၿမိဳ႕နယ္က မဲဆႏၵနယ္ ၃ ေနရာနဲ႔ သံျဖဴဇရပ္၊ ေခ်ာင္းဆုံ၊ က်ိဳက္မေရာၿမိဳ႕နယ္ေတြမွာေတာ့ မဲဆႏၵနယ္ ၁ ေနရာစီကို အႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံလည္း က်ိဳက္ထိုမဲဆႏၵနယ္ ၂ မွာ အႏိုင္ရထားပါတယ္။

ခ်င္းျပည္နယ္ မဲဆႏၵနယ္ ၃၉ေနရာမွာေတာ့ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(CNLD) က ဟားခါးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ၁ ေနရာ၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(ZCD) က တြန္းဇံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ေနရာေတြမွာ အႏိုင္ရခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က က်န္ ၃၆ ေနရာမွာ အႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္လည္းဖလမ္းမဲဆႏၵနယ္အမွတ္ ၂က အႏိုင္ရထားပါတယ္။

ရာႏုန္းျပည့္အႏိုင္ရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အမရပူရမဲဆႏၵနယ္ ၁ ကေနအႏိုင္ရထားပါတယ္။
မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳလည္း ပြင့္ျဖဴမဲဆႏၵနယ္ ၁ကေန အႏိုင္ရထားပါတယ္၊ ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္လည္း ျမန္ေအာင္မဲဆႏၵနယ္ ၁ကေနအႏိုင္ရထားပါတယ္။ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမင့္ေအာင္ဟာလည္း ေကာ့ေသာင္းမဲဆႏၵနယ္ ၂ကေန အႏိုင္ရထားပါတယ္။ စစ္ကိုင္းတိုင္းကဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ဟာလည္း ေ႐ႊဘို မဲဆႏၵနယ္ ၂ကေနႏိုင္ေနၿပီး ပဲခူးတိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းဟာ ေရတာရွည္မဲဆႏၵနယ္ ၂ကေန အႏိုင္ရထားၿပီးျဖစ္တယ္လို႔သိရပါတယ္ ။

အန္အယ္လ္ဒီပါတီက ေနာက္ဆုံးထုတ္ျပန္တဲ့ အခ်က္အလက္အရေတာ့ အတည္ျပဳၿပီးျဖစ္တဲ့ စာရင္းအရေတာ့ ျပည္သူ႔လႊတ္ေတာ္က ၂၃ ေနရာ ၊ အမ်ိဳးသားလႊတ္ေတာ္ေနရာ ၃ ေနရာနဲ႔ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္ အတြက္ ၁၁၀ အႏိုင္ရၿပီး အတည္ျပဳၿပီးျဖစ္တယ္လို႔ ေတြ႕ရပါတယ္။ ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ အနက္ အေစာကတည္းက NLD ဟာအစိုးရဖြဲ႕ႏိုင္တဲ့ အတိုင္းအတာရၿပီလို႔ VOM ကိုေျပာထားၿပီးျဖစ္ပါတယ္။

ခု Voice Of Myanmar ကရရွိထားတဲ့ မဲစာရင္းရလာဒ္ေတြဟာ တိုင္းႏွင့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးေတြ၊ ႏိုင္ငံေရးပါတီက တာဝန္ရွိသူေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေမးျမန္းၿပီး စုေဆာင္းထားတဲ့ ကနဦးရလာဒ္ေတြပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ အႏိုင္ရစာရင္းေတြကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အတည္ျပဳ ထုတ္ျပန္ေပးတာ မရွိေသးပါဘူး။

#voicofmyanmar #VOM #ျပည္နယ္တိုင္းအလိုက္ေ႐ြးေကာက္ပြဲ အႏိုင္စာရင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW