ကော့မှူးမြို့မှာ ပါတီအောင်ပွဲခံလှည့်လည်ရာ အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦး ကားကြိတ်မိပြီး သေဆုံး

နိုဝင်ဘာ ၁၀-၂၀၂၀
အေးချမ်းသူ(VOM)

ကော့မှူးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနိူင်ရရှိတဲ့အတွက် အောင်ပွဲခံလှည့်လည်ရာမှာ ကလေးငယ်တစ်ဦးကားကြိတ်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့ နိုဝင်ဘာ ၉ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“နတ်စင်ကုန်း မရောက်ခင် ဇလုပ်ကြီးရွာရှိတယ်၊ အဲ့ဒီမှာ ဆိုင်ကယ်နဲ့လှည့်ကြတာ၊ ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီး နောက်က ကားတက်ကြိတ်တာ၊ ဖြစ်တာက ကျိုက်ထော်လမ်းနားမှာဖြစ်တာ”လို့ နတ်စင်ကုန်းကျေးရွာမှာနေတဲ့ ကိုမျိုးသီဟထွန်းက VOMကိုပြောပါတယ်။

သေဆုံးသူ ကလေးငယ်ဟာ အသက် ၃နှစ်အရွယ်ရှိပြီး ဇလုပ်ကြီးကျေးရွာမှာနေထိုင်တာဖြစ်တယ်လို့ ညီနောင်ခြောက်ဦးပရဟိတအဖွဲ့မှ ကိုအောင်ဆန်းဦးက VOM ကို
ပြောပါတယ်။

ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး ကော့မှူးမြို့မရဲစခန်းကို VOMသတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ကော့မှူး #အောင်နိုင်ရေးလှည့်လည် #ကလေးတစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW