တောင်ကြီးမြို့မှာ ပအိုဝ်းတွေ စုရုံးနေလို့ သက်ဆိုင်ရာကတားမြစ်

နိုဝင်ဘာ ၁၀-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့နယ်ရှိ ဆန္ဒမဲများ ရေတွက်‌‌နေတာဟာ အခုချိန်ထိ အဖြေမသိရသေးလို့ မြို့တော်ခန်းမရှေ့မှာ ပအိုဝ်းတိုင်းရင်းသားတွေ စုရုံးနေလို့ သက်ဆိုင်ရာက သွားရောက်တားမြစ်ခဲ့ရပါတယ်။

နယ်တွေက ပအိုဝ်းတွေပါ တောင်ကြီးမြို့ပေါ်ကို တက်ရောက်လာတာကြောင့် မြို့အဝင်ကနေ တားဆီးပြီး ပြန်လွှတ်ရတဲ့အကြောင်းကို PNO အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက အခုလိုပြောပါတယ်။

ဆန္ဒဖော်ထုတ်ကြဖို့ လာရောက်စုရုံးကြတာမဟုတ်ဘဲ ကြန့်ကြာနေတဲ့ မဲရလဒ်တွေကို လာစောင့်နေကြတာပါ လို့ PNO အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက ပြောပါတယ်။

တောင်ကြီးမြို့ရဲ့ မဲတွေဟာ လက်ရှိမှာ ရေတွက်ပြီးစီးပြီး စာရင်းသွင်းနေတာဖြစ်ပြီး ညနေ ၄ နာရီ (ခန့်မှန်း) လောက်မှာမှ ကြေညာနိုင်မယ်လို့ မြို့နယ်ရွေးကော်ကော်မရှင်ကနေ သိရပါတယ်။

#VOM #VoiceofMyanmar #PNO #တောင်ကြီး #Election

Related posts

Leave a Comment

VOM News

FREE
VIEW