ရခိုင်က မဲဆန္ဒနယ်မြေတွေမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တနေရာမှ မနိုင်

စစ်တွေ၊ နိုဝင်ဘာ ၈- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အတွင်း၊ ရွေးကောက်ပွဲကျင်းမကျင်းပနိုင်တဲ့ မြို့နယ် (၉) ခုထိရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မြို့နယ် (၈) မြို့နယ်ရှိတဲ့ အနက် (၇) မြို့နယ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယာဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) က ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြို့နယ်အားလုံးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်မျှအနိုင်မရရှိခဲ့ကြောင်း ALD ပါတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။

“ ရွေးကောက်ပွဲကျင်းပတာကတော့ (၈) မြို့နယ်ပေါ့၊ (၇) မြို့နယ်မှာ ဝင်ပြိုင်ပါတယ်။ စစ်တွေမှာတော့ ဆရာတို့ဝင်မပြိုင်လိုက်ဘူး။ ပြည်သူတွေက မဲတော့ထည့်ကြတာပေါ့။ ဒါပေမယ့် တစ်ယောက်မှ အရွေးမခံရဘူး။” လို့ ALD ပါတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
ရခိုင်ပါတီတစ်ခုအနေနဲ့ အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၇) မြို့နယ်မှာ ကိုယ်စားလှယ်လောင်း (၂၆) ယောက် ဝင်ရောက်ယှဉ်ပြိုင်တာမှာ ကိုယ်စားလှယ်လောင်း တစ်ဦးမှ အရွေးမခံရတာဟာ အကြောင်းအမျိုးမျိုးကြောင့် အခုလို ဖြစ်သွားတာလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဦးကျော်မြင့်က ပြောပါတယ်။

သူပြောတာက “ ကိုဗစ်နဲ့ဆိုတော့ သွားရေးလာရေးအခက်အခဲတွေရှိတယ်။ ကျနော်တို့ပါတီက လူတွေကတော့ စည်းကမ်းတွေကို လိုက်နာကြတဲ့ လူတွေပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒါတွေကို မလုပ်နဲ့ ဆိုမလုပ်ကြဘူး။ သူများပါတီတွေလို မဟုတ်ဘူး။ တစ်ခုခု တင်းမာမှုဖြစ်လာလို့ရှိရင် ပါတီအနေနဲ့ ခက်မယ်ဆိုပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုယ်ရသလောက်နဲ့ ပြင်ဆင်ခဲ့ကြပါတယ်။ ကျနော်တို့ကတော့ တစ်ခြားပါတီတွေကိုလည်း ပြိုင်ဖက်လိုသဘောမထားပါဘူး။ သူတို့နိုင်သွားရင်လည်း ကိုယ့် ရခိုင်ပြည်သူ၊ ရခိုင်အရေးအတွက် လုပ်နိုင်ကြမှာပါဘူး။ ကျနော်တို့ပါတီအနေနဲ့ကတော့ ရခိုင်မှာ (၃) ပါတီရှိတယ်။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ ယင်းကိုယ်စားလှယ်တွေထဲက ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်၊ ပြည်သူတွေအတွက် အလုပ်လုပ်နိုင်မယ့်ကိုယ်စားလှယ်ရွေးပါဆိုပြီး ပြည်သူတွေကို ပြောတာရှိပါတယ်။ ကျနော်တို့ပါတီအနေနဲ့တော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နေရာတွေ အတွက်ဆိုရင်လည်း အကောင်းဆုံးလူတွေကို ရွေးထားပါတယ်။ တစ်ခြားပါတီကို တိုက်ခိုက်တာလည်းမရှိဘူး။ ကိုယ့်ရည်မှန်ချက်နဲ့ကိုယ် တန်းတူညီမျှမှု၊ လွှတ်လပ်မှု၊ တရားမျှတမှု တွေကို အခြေခံထားပါတယ်။” လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကို မဲပေးခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီကိုလည်း အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ပြောပြီး ကျန်တဲ့ ပါတီတွေဖြစ်တဲ့ (ANP)တို့ (AFP) တို့ အနိုင်ရတဲ့အတွက်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝမ်းသာအားရကြောင်း ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ ပါတီတစ်ခုဖြစ်ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း အမတ် (၂၇) နေရာမှာ (၁၁) နေရာ အနိုင်ရရှိခဲ့တဲ့ပါတီ တစ်ခုဖြစ်ကြောင်း သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် #ALD

zawgy

ရခိုင္က မဲဆႏၵနယ္ေျမေတြမွာ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ တေနရာမွ မႏိုင္

စစ္ေတြ၊ ႏိုဝင္ဘာ ၈- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္အတြင္း၊ ေ႐ြးေကာက္ပြဲက်င္းမက်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ (၉) ခုထိရွိၿပီး ေ႐ြးေကာက္ပြဲက်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္ရွိတဲ့ အနက္ (၇) ၿမိဳ႕နယ္မွာ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ဝင္ေရာက္ယာဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(ALD) က ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ၿမိဳ႕နယ္အားလုံးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ေယာက္မွ်အႏိုင္မရရွိခဲ့ေၾကာင္း ALD ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္က ေျပာပါတယ္။

“ ေ႐ြးေကာက္ပြဲက်င္းပတာကေတာ့ (၈) ၿမိဳ႕နယ္ေပါ့၊ (၇) ၿမိဳ႕နယ္မွာ ဝင္ၿပိဳင္ပါတယ္။ စစ္ေတြမွာေတာ့ ဆရာတို႔ဝင္မၿပိဳင္လိုက္ဘူး။ ျပည္သူေတြက မဲေတာ့ထည့္ၾကတာေပါ့။ ဒါေပမယ့္ တစ္ေယာက္မွ အေ႐ြးမခံရဘူး။” လို႔ ALD ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္က ေျပာပါတယ္။
ရခိုင္ပါတီတစ္ခုအေနနဲ႔ အခုလိုမ်ိဳး ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ (၇) ၿမိဳ႕နယ္မွာ ကိုယ္စားလွယ္ေလာင္း (၂၆) ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္တာမွာ ကိုယ္စားလွယ္ေလာင္း တစ္ဦးမွ အေ႐ြးမခံရတာဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခုလို ျဖစ္သြားတာလို႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌဦးေက်ာ္ျမင့္က ေျပာပါတယ္။

သူေျပာတာက “ ကိုဗစ္နဲ႔ဆိုေတာ့ သြားေရးလာေရးအခက္အခဲေတြရွိတယ္။ က်ေနာ္တို႔ပါတီက လူေတြကေတာ့ စည္းကမ္းေတြကို လိုက္နာၾကတဲ့ လူေတြပါ။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒါေတြကို မလုပ္နဲ႔ ဆိုမလုပ္ၾကဘူး။ သူမ်ားပါတီေတြလို မဟုတ္ဘူး။ တစ္ခုခု တင္းမာမႈျဖစ္လာလို႔ရွိရင္ ပါတီအေနနဲ႔ ခက္မယ္ဆိုၿပီး ထိန္းထိန္းသိမ္းသိမ္းနဲ႔ ကိုယ္ရသေလာက္နဲ႔ ျပင္ဆင္ခဲ့ၾကပါတယ္။ က်ေနာ္တို႔ကေတာ့ တစ္ျခားပါတီေတြကိုလည္း ၿပိဳင္ဖက္လိုသေဘာမထားပါဘူး။ သူတို႔ႏိုင္သြားရင္လည္း ကိုယ့္ ရခိုင္ျပည္သူ၊ ရခိုင္အေရးအတြက္ လုပ္ႏိုင္ၾကမွာပါဘူး။ က်ေနာ္တို႔ပါတီအေနနဲ႔ကေတာ့ ရခိုင္မွာ (၃) ပါတီရွိတယ္။ အဲဒီမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိတယ္။ ယင္းကိုယ္စားလွယ္ေတြထဲက ကိုယ္ႀကိဳက္တဲ့ ကိုယ္စားလွယ္၊ ျပည္သူေတြအတြက္ အလုပ္လုပ္ႏိုင္မယ့္ကိုယ္စားလွယ္ေ႐ြးပါဆိုၿပီး ျပည္သူေတြကို ေျပာတာရွိပါတယ္။ က်ေနာ္တို႔ပါတီအေနနဲ႔ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေနရာေတြ အတြက္ဆိုရင္လည္း အေကာင္းဆုံးလူေတြကို ေ႐ြးထားပါတယ္။ တစ္ျခားပါတီကို တိုက္ခိုက္တာလည္းမရွိဘူး။ ကိုယ့္ရည္မွန္ခ်က္နဲ႔ကိုယ္ တန္းတူညီမွ်မႈ၊ လႊတ္လပ္မႈ၊ တရားမွ်တမႈ ေတြကို အေျခခံထားပါတယ္။” လို႔ ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမွာ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD) ကို မဲေပးခဲ့ၾကတဲ့ ျပည္သူတစ္ေယာက္ခ်င္းစီကိုလည္း အထူးဂုဏ္ယူဝမ္းေျမာက္ပါတယ္လို႔ေျပာၿပီး က်န္တဲ့ ပါတီေတြျဖစ္တဲ့ (ANP)တို႔ (AFP) တို႔ အႏိုင္ရတဲ့အတြက္လည္း ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ဝမ္းသာအားရေၾကာင္း ေျပာပါတယ္။

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဟာ ၁၉၈၈ ခုႏွစ္ကတည္းက ဖြဲ႕စည္းခဲ့တဲ့ ပါတီတစ္ခုျဖစ္ၿပီး ၁၉၉၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္း အမတ္ (၂၇) ေနရာမွာ (၁၁) ေနရာ အႏိုင္ရရွိခဲ့တဲ့ပါတီ တစ္ခုျဖစ္ေၾကာင္း သိရပါတယ္။

#voiceofmyanmar #VOM #ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ #ALD

 

Related posts

Leave a Comment

VOM News

FREE
VIEW