ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဒေါ်ထုမေ အနိူင်ရရှိ

နိုဝင်ဘာ ၁၀-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ထုမေဟာ အနိူင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိ ရန်ကုန်တိုင်းမြို့နယ် ၄၁ တော့ အနိူင်ရရှိထားပြီးပါပြီ “လို့ ဒေါ်ထုမေက VOMကိုပြောပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မြို့နယ် ၄၅မြို့နယ်မှာ မဲပေးခွင့်ရှိသူ (၁၁၀၉၄၇)ဦးရှိပြီး မဲရရှိမှုစာရင်းတွေအရ ဒေါ်ထုမေ(တစ်သီးပုဂ္ဂလ) ၁၈၀၉၉၊ ဦးတင်ထူးကျော်(တစ်သီးပုဂ္ဂလ)၅၃၆၆၊ ဦးဦးမြင့်ကျော်(ANP)ပါတီ ၈၃၇၈၊ ဒေါ်ခင်မျိုးဦး(NLD)ပါတီမှ ၉၀၂၃၊ ဒေါက်တာစံလှကျော်(တစ်သီးပုဂ္ဂလ) ၁၃၄၉ တို့ ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ ဒေါ်ထုမေဟာ မြို့နယ် ၄၁မြို့နယ်အနိူင်ရရှိထားပြီး ကျန်တဲ့လေးမြို့နယ်မှာ မဲဆန္ဒရှင်အရေအတွက် ၃၀၀၀ နှင့်၅၀၀၀ သာရှိတဲ့အတွက် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်မဲတွေ အကုန်ရရှိတဲ့အချိန်ထိ ဒေါ်ထုမေကို အနိူင်ရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။

ရွေးကောက်ပွဲအနိူင်ရရှိပြီးနောက် လုပ်ဆောင်မယ့်လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ဒေါ်ထုမေက” ကျွန်မပြည်သူတွေကို အရင်ကတည်းက ကတိပေးပြီးသားပါ။ ရွေးကောက်ပွဲကတိကဝတ် ၁၀ချက်ရှိပါတယ်။ ဒါတွေကို လုပ်ဆောင်ပေးသွားမှာပါ”လို့ VOMကိုပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်မထုတ်ပြန်သေးပေမယ့်လည်း လက်ရှိရရှိနေတဲ့ မဲအရေအတွက်အရ ဒေါ်ထုမေဟာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အနိူင်ရရှိနေတာဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာမှာ မဲအများဆုံးရရှိထားသူ ဒေါ်ထုမေဟာ ၂၀၁၅ ခုနှစ်ကလည်း ရခိုင်အမျိုးသားပါတီ(ANP) ကိုယ်စားပြုပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်-၁၁ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိူင်ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ #ဒေါ်ထုမေအနိုင်ရနေ

Related posts

Leave a Comment

VOM News

FREE
VIEW