သာယာဝတီမှာ ‌ရွေးကောက်ပွဲစောင့်ကြည့်သူ ဖိလစ်ပိုင်နိုင်ငံသူနဲ့စကားပြန်အမျိုးသားမှာ ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၁၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲကို ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲအတွက် လာရေ
ာက်စောင့်ကြည့်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသူ အမျိုးသမီးနဲ့ စကားပြန်အမျိုးသားတို့မှာ Covid-19 ပိုး စစ်ဆေး‌တွေ့ရှိခဲ့တယ်လို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်ကပြောပါတယ်။

” ဒီကနေ့မနက် ၈ နာရီလောက်က ဦးနဲ့လာရောက်တွေ့ဆုံပြီး အပြန်မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်တလော သူတို့သဘောဆန္ဒအရ ရန်ကုန်ပြန်ပို့ဖို့ လုပ်လိုက်ရတယ်။ ရုံးက ကျွန်တော်အပါအဝင် ၆ ဦး နှာခေါင်းတို့ပတ်ယူ စစ်ဆေးရပါမယ်”လို့ ဦးရဲမြင့်ကပြောပါတယ်။

လက်ရှိ‌ရွေးကောက်ပွဲမှာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို လာရောက်လေ့လာခွင့်ပြုထားပြီး အဲ့ဒီစောင့်ကြည့်ရေးအဖွဲ့ထဲက Anferal Asian Network For Free election က သာယာဝတီမှာ လာရောက်စောင့်ကြည့်သူ ဖိလစ်ပိုင်နိုင်ငံသူနဲ့ စကားပြန်တို့ ၂ဦးမှာ ကိုဗစ်ပိုးစစ်‌ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အတူလိုက်ပါလာတဲ့ ယာဉ်မောင်းမှာ ပိုးမတွေ့ခဲ့ရဘူးလို့ သိရပါတယ်။

ဖိလစ်ပိုင်သူ အမျိုးသမီးနဲ့ စကားပြန်အမျိုးသားတို့ဟာ ဒရိုင်ဘာတစ်ဦးနဲ့အတူ သာယာဝတီခရိုင်ထဲက မြို့နယ် ‌၈ မြို့နယ်ကို ရွေးကောက်ပွဲစောင့်ကြည့်‌လေ့လာဖို့ နိုဝင်ဘာ ၄ ရက်နေ့ကတည်းက ရောက်ရှိ‌နေတာဖြစ်ပြီး လက်ပံတန်းမြို့နယ်က Royal Pine Hell Hotel မှာ တည်းခိုနေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

” သူတို့အလာတုန်းက ရောဂါပိုးစစ်ဆေးချက် နက်ဂတစ်အဖြေထွက်ထားတဲ့သူတွေပါ။ ဒီနေ့ သူတို့အပြန် မီးနင်းချောင်းဂိတ်မှာ ဆန္ဒအရ RDT စစ်လိုက်တော့ ပိုးတွေ့ရတာပါ။ ဆက်စပ်မိသူတွေကိုစစ်ဆေးဖို့ ကွာရန်တင်းဖို့လုပ်နေတယ်”လို့ သာယာဝတီ‌မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကိုဗစ်ပိုးတွေ့တဲ့ လေ့လာစောင့်ကြည့်သူ ၂ဦးဟာ ရပ်ကွက်မဲရုံ ၃ ရုံခန့်ကိုသာ သွားရောက်လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ၈ နာရီခန့်က ခရိုင်ကော်မရှင်ရုံးတာဝန်ရှိသူတို့ကို လာရောက်တွေ့ဆုံပြီးအပြန် မီးနင်းချောင်း ကိုဗစ်စစ်ဆေးရေးဂိတ်မှာ ရောဂါစစ်ဆေး‌တွေ့ရှိခဲ့တာဖြစ်တယ်လို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။

Photo -TK ၊ NC
#voiceofmyanmar #VOM #သာယာဝတီ #ရွေးကောက်ပွဲစောင့်ကြည့်သူ၂ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW