ကိုယ်လုံးတီး ကခုန်နေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးက ယဉ်ကျေးစွာကဖို့ ပြောဆိုရာကနေ ခိုက်ရန်ဖြစ်ပွား

နိုဝင်ဘာ ၁၁-၂၀၂၀
မောင်တာရာ ၊ ကိုတိုးကြီး(VOM)

စစ်ကိုင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ပါတီအောင်နိုင်ရေးအဖွဲ့ထဲမှာ ကိုယ်လုံးတီ ကခုန်နေတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ယဉ်ကျေးစွာကဖို့ ပြောဆိုရာကနေ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ပြီး လူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းကနေ သိရပါတယ်။

ကျောက်ဖြူရွာမှာနေတဲ့ စိုးထွန်းနိုင်၊အောင်မျိူးဦး၊မျိုးမင်းထက်၊မောင်လတ်၊ကိုဘီလုံး၊ကိုရွှေဘ နဲ့ ကျော်ဝင်းလှိုင်တို့ ဦးဆောင်တဲ့ လူစုလူဝေးအဖွဲ့က ကျေးရွာအတွင်းရှိ ဦးသိန်းဆောင်ရဲ့ နေအိမ်ရှေ့ကို ကားနဲ့ရောက်လာပြီး အဲ့ဒီအဖွဲ့ထဲကနေ (၃)ဦးက အောက်ပိုင်းအဝတ်မပါ ကိုယ်လုံးတီးနဲ့ ကခုန်နေတဲ့အတွက် ကျောက်ဖြူရွာအုပ်ချုပ်ရေးမှူး ဦးစောနိုင်အေး နဲ့ ပဒူရဲကင်းစခန်းမှူး ဒု-ရဲအုပ် ချမ်းလင်းအောင် နဲ့ အဖွဲ့က ယဉ်ကျေးစွာ ကခုန်ကြဖို့ နဲ့ ခိုက်ရန်မဖြစ်ပွားဖို့ ပြောဆိုခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

”ဦးသိန်းဆောင်ရဲ့ အိမ်ရှေ့မှာ ဝတ်လစ်စလစ်က ကကြတာပေါ့ဗျာ၊ကျွန်တော်ကို လာတိုင်တာ၊ လာတိုင်တော့ ကျွန်တော်က စခန်းကို ဖုန်းလှမ်းဆက်တော့ စခန်းမှူးရောက်လာတယ်။ စခန်းမှူးကလည်း ကျွန်တော်နယ်မြေအပိုင်းပဲဆိုပြီး လိုက်ခဲ့ဖို့ခေါ်တယ်။ ကျွန်တော်လိုက်သွားတယ်။ရောက်ရောက်ချင်းပဲ ကျွန်တော့ဆိုင်ကယ်ကို ကားယားခွပြီး လက်သီးနဲ့ထိုးတယ်။ အဲ့ဒီမှာ စခန်းမှူးက ကျွန်တော်ကိုဝင်ကာပြီး သူ့ဆိုင်ကယ်နဲ့ အိမ်ပြန်လိုက်ပို့တယ်။အဲ့ဒီအချိန်မှာ မိန်းမက ယောကျာၤးခံလာရတယ်ဆိုပြီးတော့ သားကိုခေါ်ပြီး အဖွဲ့လိုက်သွားကြတာပေါ့ဗျာ၊ အဲ့ဒီမှာရိုက်မှုဖြစ်ကြတာပေါ့ဗျာ”လို့ ကျောက်ဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောနိုင်အေးက ပြောပါတယ်။

အဲ့ဒီလို ခိုက်ရန်ဖြစ်ပွားတဲ့အတွက် ကျောက်ဖြူရွာအုပ်ချုပ်ရေးမှူးအပါအဝင် (၇)ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့တဲ့အတွက် စစ်ကိုင်းပြည်သူ့ဆေးရုံမှာ ပြင်ပလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

”ဝတ်လစ်စလစ် ကနေကြတယ်ဆိုတာကိုတော့ ကျွန်တော်မမှီဘူးဗျ၊ ကျွန်တော်ရောက်တဲ့အချိန်မှာတော့ ကားပေါ်မှာ ကလေး ၄၊ ၅ ယောက် ကနေကြတယ်။ အောက်မှာ လူကြီးတွေ သုံးလေးယောက်ကတယ်။ ကျွန်တော်တွေ့တဲ့အခါမှာ ဝတ်လစ်စလစ်က ကတာ မတွေ့ဘူးပေါ့ဗျာ။ သူတို့ လှည့်လို့ကတဲ့အချိန်မှာတော့ မသိဘူးပေါ့ဗျာ။ အဲ့ဒါတော့ ကျွန်တော်မမှီဘူး။ ဖြစ်သွားတာက အခန့်မသင့်လို့ ဖြစ်ကြတာပါ။ ကျွန်တော်လည်းကြားထဲကနေ ဝင်ထိန်းပေးနေတာပဲရှိတာ။ ဘယ်သူတွေ ဘာလုပ်တယ် ဘာဖြစ်တယ် ဆိုတာ မသိလိုက်ဘူး။ လျှပ်တစ်ပြက်ဆိုတော့လေ သိတဲ့အတိုင်းပဲ ”လို့ ပဒူရဲကင်းစခန်းမှ စခန်းမှူး ဒု-ရဲအုပ် ချမ်းလင်းအောင်ကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ကျော်ဝင်းလှိုင်ပါ ၁၂ ဦးကို အရေးယူပေးဖို့အတွက် ကျောက်ဖြူရွာမှာနေတဲ့ ဦးအောင်မျိုးက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် စစ်ကိုင်းမြို့မရဲစခန်းက (ပ)၆၃၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၉၄/၃၂၅/၃၂၄/၁၁၄ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW