အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါကို ဒေါ်နယ်ထရန့် ထုတ်ပယ်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးဖြစ်တယ်လို့ တွစ်တာကတစ်ဆင့် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ခရစ်တိုဖာမီလာက ကာကွယ်ရေးဝန်ကြီးရာထူးကို ချက်ချင်းရယူပြီး တာဝန်ထမ်းဆောင်သွားမယ်လို့ ထရန့်ကဆိုပါတယ်။

မိမိအနေနဲ့ အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကျေးဇူးတင်ရှိကြောင်း၊ ပင်တဂွန်စစ်ဌာနချုပ်မှာ ၁၈ လကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူဝမ်းမြောက်နေပြီး တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာတာကြောင့် မိမိနေရာမှာ အစားထိုးခန့်အပ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံတယ်လို့ ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက သူ့ရဲ့ နှုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ အာဏာလွဲပြောင်းမယူခင်အထိ ဒေါ်နယ်ထရန့်ဟာ သမ္မတတစ်ယောက်အနေနဲ့ နိုင်ငံအရေးကိစ္စတွေမှာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာရှိနေဆဲဖြစ်ပါတယ်။

မစ္စတာထရန့်ဟာ သမ္မတရွေးကောက်ပွဲ ဒီမိုကရက်တစ်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒန် အနိုင်ရတာကို လက်ရှိအချိန်ထိ အသိအမှတ်ပြုဝန်ခံတာမရှိသေးပါဘူး။ မဲရလဒ်နဲ့ပတ်သက်ပြီး တရားရုံးမှာ ဖြေရှင်းမယ်လို့ ဆိုထားပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW