ပုံစံမကျတဲ့ ဆန္ဒမဲပေးမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက ရွေကောက်ပွဲကော်ရှင်ကို အကြောင်းကြားစာပို့ထား

နိုဝင်ဘာ ၁၂ -၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ဆန္ဒမဲပေးရာမှာ ပုံစံမကျတဲ့ နည်းလမ်းတွေနဲ့ ဆန္ဒမဲပေးသူတချို့ရှိခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို မနေ့ နိုဝင်ဘာ ၁၁ရက်နေ့က အကြောင်းကြားစာပို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအကြောင်းကြားစာထဲမှာ ဖောင်းပြင်မြို့၊ ကွျှန်းရွှေဝါရပ်ကွက်မဲရုံမှာ အမျိုးသားတစ်ဦးဟာ ကြိုတင်မဲပေးခဲ့ပြီးနောက်ပိုင်း ဝဲလှော်ကျေးရွာမှာ နောက်တကြိမ် ဆန္ဒမဲ ထပ်မံပေးခဲ့တဲ့ ဖြစ်စဉ်အပါအဝင် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ် အမှတ်-၂မဲရုံမှာ နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲစာရင်းမှာ အမည်မပါတဲ့ အမျိုးသမီးတစ်ဦးက အခြားလူတစ်ယောက်ရဲ့ အမည်နဲ့ ဆန္ဒမဲပေးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

” ကော်မရှင်ကို အကြောင်းကြားစာပို့ထားတာဖြစ်ပါတယ်၊ ပုံစံ-၁၉ မှာ လက်မှတ်ထိုးမထားတော့ ကန့်ကွက်တာပါ၊ စီစစ်ပြီး အစည်းဝေးထိုင်ပြီး အမှုဖွင့်မှာပါ”လို့ ရွေးကောက်ပွဲကော်ရှင်ကို အကြောင်းကြားစာပို့ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးခင်မောင်ထွန်းက VOMကို ပြောပါတယ်။

အခုလို ဆန္ဒမဲပေးခဲ့တဲ့ဖြစ်စဉ်တွေကို ဖောင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ ဦးတင်မင်းထွဋ် ၊ ဦးခင်မောင်ထွန်း ၊ ဦးအောင်နိုင်ဦး နဲ့ ဦးဇော်ဝင်းတို့က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဖြိုးဝေကျော်ဆီကို အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အကြောင်းကြားစာနဲ့ပတ်သက်လို့ စစ်ဆေးနေတာတွေကို ပြုလုပ်လျက်ရှိပြီး မော်လိုက်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဆီကိုလည်း ဆက်လက်တင်ပြထားတယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း ရွေးကောက်ပွဲရလဒ်တွေမမျှတတဲ့အတွက် တပ်မတော်နဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့အတွက် မနေ့ နိုဝင်ဘာ ၁၁ရက်နေ့က ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖောင်းပြင် #စနစ်မကျ #ဆန္ဒမဲပေးမှု #ပြည်ခိုင်ဖြိုးကိုယ်စားလှယ် #ရွေးကောက်ပွဲကော်မရှင်

Related posts

Leave a Comment

VOM News

FREE
VIEW