မဲရုံတာဝန်ကျခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

နိုဝင်ဘာ ၁၂-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာမဲရုံမှာ တာဝန်ကျခဲ့တဲ့ ရွေးကော်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာရရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

”နိုဝင်ဘာ ၁၀ရက်နေ့က မြင်းကင်းက လူနာတယောက်အနံ့မရလို့ဆေးရုံတင်ပြီး စစ်ကြည့်တော့ပိုးတွေ့တာဖြစ်တယ်”လို့ မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဥမ္မာအေးက ပြောပါတယ်။

လူဦးရေတစ်ထောင်ကျော်ရှိတဲ့ မြင်းကင်းကျေးရွာကို အသွားအလာကန့်သတ်လိုက်ထားရှိပြီး မြို့ပေါ်က အလှူရှင်တွေ၊ ပါတီတချို့နဲ့ လူမှုကယ်ဆယ်ရေးပရဟိတအသင်းတွေက အကူညီပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာနဲ့နီးစပ်သူတဦးပြောပြတာကတော့ ”ရွာရဲ့အနောက်မှာ မူလတန်းလွန်ကျောင်းရှိတယ်၊ အဲ့ဒီမှာကျန်တဲ့ ထိစပ်သူတွေတချို့ကွာရန်တင်းထားတယ်”လို့ပြောပါတယ်။

မကွေးမြို့နယ်မှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ကြိုတင်မဲပေးချိန်ကလည်း သိင်္ဂါရပ်ကွက်မဲရုံမှာ မဲပေးသူတဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး နိုဝင်ဘာ၈ရက်နေ့မှာလည်း ယင်းမာတောကျေးရွာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတဦးမှာ ကိုဗစ်ပိုးတွေ့ပြီး သူနဲ့ထိစပ်တဲ့သူရဲ့အမျိုးသားမှာလည်း ကိုဗစ်ပိုးတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

အခုတွေ့ရှိတဲ့ မြင်းကင်းကျေးရွာက ကိုဗစ်ပိုးတွေ့လူနာတွေကို မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး ထိစပ်သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #မဲရုံ

Related posts

Leave a Comment

VOM News

FREE
VIEW