တိုင်းရင်းသားပါတီတွေကို NLD ပါတီက ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့အပေါ်  တိုင်းရင်းသားတွေက ကြိုဆိုတာရှိသလို သတိနဲ့စောင့်ကြည့်သူအများစုဖြစ်

နိုဝင်ဘာ၊ ၁၃- ၂၀၂၀

နေလင်း+ ရှိုင်းအောင်(VOM)

 

တိုင်းရင်းသားပါတီတွေရဲ့ ရည်းမှန်းချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီပြီး တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့  တိုင်းရင်းသားပါတီ ၄၀ ကျော်ကို မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က  ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီလို တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ခေါ်လိုက်တဲ့ အပေါ်မှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ သဘောထားကိုသိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို မေးကြည့်တော့

“ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် သူတို့ရဲ့သဘောထားကိုချပြတဲ့အနေအထားကို ကျနော်ကသွားတွေ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ပုံကိုင်ပုံက ပေါ့ပေါ့တန်တန်ပဲ ရေးသားပြောဆိုပြီးတော့မှ နောက်ဆုံးထုတ်ပြန်တဲ့အခါမှ ကရော်ကမယ်ဘဲ စာအမှတ်မပါ၊ ရက်စွဲမပါထုတ်တယ်၊ နောက်ပိုင်းပြောဆိုဝေဖန်မှာ ထပ်ထည့် တိုင်းရင်းသားပါတီတွေနာမည်ထပ်ထည့်တယ်။ တကယ်တန်းကြတော့ အင်မတန်လေးနက်ပြီး အရေးကြီးတဲ့ကိစ္စရပ်ဖြစ်တယ်။ ဒီအပေါ်မှာ ကရော်ကမယ်လုပ်လိုက်တဲ့အခါကျတော့ ပေါ့တန်တန်ဖြစ်သွားတာပေါ့ဗျာ။  ဘာပဲဖြစ်ဖြစ် အဲဒီကြေညာချက်က အေအေရဲ့ ဒီဇင်ဘာလကုန်နောက်ဆုံးထား ရွေးကောက်ပွဲလုပ်ဖို့ ထုတ်ပြန်ချက်ရယ်၊ နောက် အေအေထုတ်ပြန်ချက်အပေါ်မှာ တပ်မတော်က ပြန်လည်တုံ့ပြန်ကြိုဆိုတဲ့အချက်ရယ် ဒါတွေနဲ့ ဆက်စပ်နေတယ်လို့မြင်ပါတယ်ခင်မျာ့၊ အဲဒါ့ကြောင့် တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တာမှာတော့ အတိအကျပြောလို့မရဘူးလို့ထင်ပါတယ်။ တကယ်တန်းကြတော့ ရွေးကောက်ပွဲရလာဒ်က တရားဝင်ကြေညာသေးတာမဟုတ်ဘူး သေချာဆုံးဖြတ်ပြီးမှ ပါတီချင်းတွေ့ဆုံပြီး သဘောတူညီချက်တွေရပြီး ဆုံးဖြတ်ပြီးမှ ပိုအဆင်ပြေမှာပေါ့နော်၊ ပါတီအချင်းချင်းတွေ့ဆုံမှုမရှိပဲ ချိတ်ဆက်မှမရှိဘဲလုပ်တယ်ဆိုရင် တဖက်သတ်ဆန်နေတာပေါ့ ၊ ပါတီတွေ့ဆုံချင်းအရင်လုပ်မှ လုပ်ငန်းစဉ်တွေပိုမိုတိုးတက်လာမှာပေါ့ ၊ တိုင်းရင်းသားတွေကို နေရာပေးတယ်ဆိုတာထက် ဗဟိုချုပ်ကိုင်မှု အရင်လျှော့ချဖို့လိုပါတယ်၊ တိုင်းရင်းသားတွေနစ်နာတွေက ဘာတွေလဲတဖက်က ဘာတွေပေးနိုင်ပြီး  တဖက်ကဘာတွေလျှော့နိုင်လဲဆိုတာ အကြေအလည်ဆွေးနွေးဖို့လိုအပ်ပါတယ် “ လို့ဆိုပါတယ်။ SNLD ပြည်ထောင်စုအဆင့်အတွက် ၁၅နေရာ နိုင်ထားပြီး ၃နေရာက အငြင်းပွားမှုရှိလို့ မဆုံးဖြတ်နိုင်သေးသလို ပြည်နည်အဆင့်အတွက် ၂၆ နေရာ နိုင်ထားပြီး တနေရာ အငြင်းပွားမှုရှိနေတယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်အတွက် ၈ နေရာနဲ့ ပြည်နယ်လွှတ်တော်အတွက် ၇ နေရာ အနိုင်ရထားတဲ့ပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP)  ရဲ့ ဒုဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ပြောပြတာကတော့

“ ကျမတို့ကတော့ အဲဒီစာအပေါ်မှာ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၅-၂၀၂၀ ကာလအတွင်းမှာ ကျမတို့ပါတီကပဲကျယ်ကျယ်လောင်လောင်အမြဲတမ်းတင်ပြခဲ့တာဟာ အဲဒီအချက်ပါဘဲ၊ ရခိုင်မှာအများစုပါတီကြီးက အာဏာရပါတီကြီး NLD ဟာ ရခိုင်ပြည်အရေးကိစ္စမှာ တစုံတရာညှိနိုင်းခြင်း၊ ဆွေးနွေးခြင်း Dialogue partners အဖြစ် လုံးဝအသုံးမပြုခဲ့ဘူးဆိုတာမျိုး ကျမတို့ တစာစာတင်ပြခဲ့တာကာလမှာ ရွေးကောက်ပွဲအနိုင်ရရချင်း ဒီလိုစာထုတ်တာကို ကျမတို့ ကြိုဆိုရတာဖြစ်ပါတယ်။ ကျမတို့က ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုသွားချင်ကြတော့ ဖယ်ဒရယ်ရဲ့ အနှစ်သာရဖြစ်တော့ ကျမတို့ တိုင်းရင်းသားပါတီတွေလို့နုတ်ကျိုးနေပြီး  အမျိုးသားရေးအခြေခံတဲ့ ပါတီတွေနဲ့ အတူမဆောင်ရွက်ရင် အောင်မြင်မှုနည်းနိုင်ပါတယ်။   ရွေးကောက်ပွဲမတိုင်ခင်ကတော့ ညွန့်ပေါင်းအစိုးရဖြစ်လာမှာကို ခါးခါးသီးဖြစ်ပြီး၊ စိုးရိမ်တဲ့အခြေအနေတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံပေမယ့်ညှိနိုင်းဖို့မရှိဘူး ဆိုရာကနေ အတူတကွသွားကြရအောင်ဆိုတာကတော့ မင်္ဂလာရှိပါတယ်။ ဒါပေမယ့် အပေါ်စီးနဲ့သွားမလား တန်းတူရည်တူနဲ့သွားမလားဆိုတာကတော့  နောက်ဆက်တွဲပြဿနာဖြစ်တယ်လို့ပြောလို့ရပါတယ်”

လို့  ဆိုပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေကို ဒီဇင်ဘာလအတွင်းပြန်လည်ကျင်းပဖို့ အေအေနဲ့ အစိုးရတပ်မတော်က တညီတညွတ်တည်း ပြန်လုပ်ဖို့ ကိစ္စထုတ်ပြောလာတာကိုလည်း နိုင်ငံတော်အတွက် အေးအေးချမ်းချမ်းပူးပေါင်းလုပ်ဆောင်သွားမယ့် လုပ်ဆောင်ချက်တွေမို့ ရခိုင်အမျိုးသားပါတီက ကြိုဆိုတယ်လို့ လည်းပြောပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP က တွဲဘက်အတွင်းရေးမှူး ဒေါ်နော်သဇင်တုပ်ကတော့ “ပါတီတစ်ခုလုံးအနေနဲ့ ကျမတို့ ဘာမှ မဆုံးဖြတ်ရသေးဘူးပေါ့နော်၊ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကျမတို့က သေသေချာချာ မသိရသေးတဲ့အတွက် စဉ်းစားရအုံးမှာပေါ့နော်၊ ဒီလုပ်ငန်းစဉ်တွေက တစ်ကယ်ဘဲ ကျမတို့အတွက် လွတ်လပ်စွာ ပူးပေါင်းခွင့်ရှိတယ် မရှိဘူးဆိုတာတွေကို သိမှဘဲ ကျမတို့က ဆုံဖြတ်မှ ရမှာလေနော်၊ စကားအရကတော့ ကြိုဆိုတယ်ပေါ့နော် ခုနကလို စကားပြောင်းလာလို့ ကြိုဆိုတယ်၊ ဒါပေမယ့် ဖိတ်ခေါ်ခြင်းက ဖြူစင်မှုရှိမရှိဆိုတာ ကျမတို့က ကြည့်ရအုံးမှာပေါ့နော်၊ ရိုးသားစွာ ဖိတ်ခေါ်တာလားဆိုတာကိုတော့ ကျမတို့က ပြန်ပြီးတော့ သုံးသပ်ရဦးမှာပေါ့နော်၊ ဒါကတော့ မျက်နှာပန်းလှအောင်လို့ လုပ်တာလည်းဖြစ်နိုင်တယ်လေ ဘာကြောင့်လည်းဆိုတော့ အစကတည်းက ငြိမ်းချမ်းရေး အခင်းအကျင်းမှာတောင် အနိုင်ရပါတီများစွာဆိုပြီးတော့ ကန့်ကွက်ခဲ့တယ်လေ၊ ကျမတို့ကို အများကြီး စကားလုံးတွေနဲ့ တိုင်းရင်းသားပါတီတွေကို လုံးဝ မပူးပေါင်းပါဘူးဆိုပြီးတော့နော်၊ ဖက်ဒရယ်က သူတို့ဘာ သူတို့လုပ်လို့ရတယ် ဆိုတာမျိုးတွေကနော် ဒီမက်ဆေ့တွေက ကျမတို့က အများကြီး ခံခဲ့ရတဲ့အခါကတော့ ဒါကတော့ တကယ်ရော အကောင်အထည်ဖောင်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဟုတ်ရဲ့လားပေါ့နော်၊ ဒီလိုမျိုးကြီး ပုံပြီးတော့ ယုံဖို့ဆိုတာကတော့ စဉ်းစားရမှာပေါ့” VOM ကိုပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်အတွက် ၅နေရာ ပြည်နယ်လွှတ်တော်အတွက် ၆နေရာနဲ့ ကရင်ပြည်နယ်မှာ မွန်းတိုင်းရင်းသားရေးရာအတွက် ၁နေရာ စုစုပေါင်း ၁၂နေရာနိုင်ထားတဲ့ မွန်ညီညွတ်ရေးပါတီကတော့

“ ကျနော်တို့ ဒီကိစ္စက ပြောဖို့စောနေပါသေးတယ်၊ ပါတီက ညှိနိုင်းဆွေးနွေးပြီးမှ ပါတီရဲ့သဘောထားကိုပြောနိုင်ပါ့မယ်” လို့  မွန်ညီညွတ်ရေးပါတီ ရဲ့ ဒုဥက္ကဋ္ဌ တယောက်ဖြစ်တဲ့ နိုင်သန်းရွှေ  က ဆိုပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီက ဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဒေါ်ဒွဲဘူ ရဲ့သဘောထားကတော့ “ဖိတ်ခေါ်တဲ့ ကိစ္စကတော့ ကျမတို့က ကြိုဆိုပါတယ်။ ဒါပေမယ့် နောက်တော့နောက်ကျတာပေါ့၊ အဲ့ဒါဘယ်လိုနည်းနဲ့ ဖိတ်ခေါ်လည်း၊ ဘယ်လိုကဏ္ဍလည်းဆိုတာတော့ အခုချက်ခြင်းတော့ ကျမတို့က မပြောနိုင်သေးဘူးပေါ့နော်၊ စောစောမဖိတ်ခေါ်တာတော့ ကျမတို့က အများကြီးစိတ်မကောင်းဘူးပေါ့၊ တကယ်တမ်းဆိုရင် စောစောစီးစီး ဖိတ်ခေါ်ရမှာ၊ စောစောစီးစီး ကျမတို့ကို တွန်းထုတ်ထားခဲ့တာလေ အဲ့လို ဘေးထိုးထားတဲ့ ကဏ္ဍတော့ရှိခဲ့တာပေါ့ အခုဖိတ်ခေါ်တယ်ဆိုတာကလည်း ဘယ်လိုကဏ္ဍတွေမှာ ဖိတ်ခေါ်တယ်ဆိုတာ ကျမတို့က ပြန်စောင့်ကြည့်ရမှာပါ။ အစိုးရကတော့ သူတို့ပဲဖွဲ့မယ်ထင်တာဘဲ အစိုးရထဲမှာ ထည်းဖို့တော့ မဟုတ်လောက်ဘူး၊ ကျမတို့က မထင်ဘူပေါ့နော် အစိုးရထဲကို ထည့်ဖို့လည်း မလွယ်လောက်ဘူး ဘာလို့လည်းဆိုတော့ ပါတီတွေက ဒီလောက်များတာ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်ကဏ္ဍကို ဘယ်မှာလုပ်မှာလဲဆိုတာ အဲ့ဒါလေးတော့ ကျမတို့က စိတ်ဝင်စားပါတယ်” လို့ VOM ကို ပြောပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီကတော့ ပြည်ထောင်စုအဆင့် ၁ နေရာနဲ့ ပြည်နယ်အဆင့် ၃ နေရာ အနိုင်ရထားပါတယ်။

(KySDP) ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ် ရဲ့ သဘောထားကတော့

“ဒါကတော့ စေတနာပြချင်တဲ့ သဘောလည်းပါမှာပေါ့ နောက်ပြီးတော့ တိုင်းရင်းသားနဲ့ ပူးပေါင်းခြင်တဲ့စိတ်လည်းရှိမယ်လို့ မြင်ပါတယ်။ အဲ့ဒါကြောင့်မို့လည်း သူတို့က ဖိတ်ခေါ်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ပါတီရဲ့ မူဝါဒကိုတော့ ပစ်ပယ်လို့မရဘူးလေ၊ ကျနော်တို့ပါတီရဲ့ မူဝါဒအတိုင်း ကျနော်တို့သွားမယ်၊ အဲ့ဒါသူတို့လက်ခံမယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ လက်မခံနိုင်ရင်တော့ မပေါင်းနိုင်ဘူးပေါ့၊ ကျနော်တို့ကတော့ ရိုးရိုးသားသားနဲ့ ဖိတ်တယ်လို့ဘဲ ခံယူတယ်လေ၊ ကျန်တဲ့နေရာကျတော့ ပွင့်လင်းမြင်သာမှုတွေ အများကြီးလိုတာပေါ့ အဲ့ဒါတွေကလည်း အချက်အလက်တွေ စုဆောင်းနေတုန်းပဲရှိတာပေါ့၊ ရှုံးတဲ့ နေရာတွေမှာလည်း ပုံစံ ၁၉ ကျနော်တို့က မထိုးပါဘူး၊ အဲ့ဒါတွေအတွက်လည်း ကျနော်တို့က ဆက်လုပ်သွားဖို့ရှိပါတယ်၊ ” လို့ VOM ကကိုပြောပါတယ်။ (KySDP) ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ပြည်ထောင်စုအဆင့် ၅နေရာနဲ့ ပြည်နယ်အဆင့် ၃နေရာ အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီရဲ့ အတွင်းရေးမှူး ဦးဆလိုင်းဂျင်မီရီဇာဘွေး ရဲ့ သဘောထားကတော့

“ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့တော့ လောလောဆယ် မှတ်ချက်ပေးစရာမရှိသေးဘူး၊ အရင်ကတော့ သူတို့အနေနဲ့ မဟာမိတ်မဖွဲ့ဘူး ပါဘူးနဲ့ ဆိုတဲ့ဟာကတော့ ပြောခဲ့တာရှိတယ်လေ၊ အခုတော့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပြန်တယ်ဆိုတော့ ပါတီအနေနဲ့ အော်ဖစ်ရှယ်တော့ မရှိသေးပေမယ့် အပြုသဘောနဲ့ သူတို့လည်း ဖိတ်ခေါ်တာတော့ ကောင်းတယ်လို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာ့နိုင်ငံရေးကလည်း တိုင်းရင်းသား ပြဿနာဆိုတော့ ကောင်းတဲ့ အဆိုပြုမှုလို့ဘဲ ပြောလို့ရတာပေါ့” လို့ ပြောပါတယ်။ CNLD ကတော့ ပြည်နယ်လွှတ်တော်အတွက် တနေရာအနိုင်ရထားပါတယ်။

VOM  က လက်လှမ်းမှီသလောက် တိုင်းရင်းသားပါတီတချို့ကို ဆက်သွယ်ထားတဲ့ သဘောထားတွေဖြစ်ပါတယ်။ NLD ပါတီရဲ့ ဖိတ်ခေါ်ချက်မှာတော့ တိုင်းရင်းသားနာမည်ပါတဲ့ ပါတီ ၄၈ ခု  ရှိပြီး ပြည်မအခြေခံတဲ့ ပါတီတွေကိုတော့မတွေ့ရပါဘူး။

 

#voiceofmyanmar   #VOM #တိုင်းရင်းသားပါတီတွေရဲ့သဘောထား #NLDထုတ်ပြန်ချက်

zawgyi

တိုင္းရင္းသားပါတီေတြကို NLD ပါတီက ပူးေပါင္းဖို႔ ဖိတ္ေခၚတဲ့အေပၚ တိုင္းရင္းသားေတြက ႀကိဳဆိုတာရွိသလို သတိနဲ႔ေစာင့္ၾကည့္သူအမ်ားစုျဖစ္

ႏိုဝင္ဘာ၊ ၁၃- ၂၀၂၀
ေနလင္း+ ရႈိင္းေအာင္(VOM)

တိုင္းရင္းသားပါတီေတြရဲ႕ ရည္းမွန္းခ်က္ေတြဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ တူညီၿပီး တိုင္းရင္းသား လူမ်ိဳးစုေတြရဲ႕ ဆႏၵေတြကို အေလးထားေဆာင္႐ြက္သြားမွာျဖစ္တာေၾကာင့္ တိုင္းရင္းသားပါတီေတြအေနနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေဖာ္ေဆာင္မယ့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအေရးကို တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ဖို႔ တိုင္းရင္းသားပါတီ ၄၀ ေက်ာ္ကို မေန႔ ႏိုဝင္ဘာ ၁၂ ရက္ေန႔က ဖိတ္ေခၚလိုက္တာျဖစ္ပါတယ္။

အဲ့ဒီလို တိုင္းရင္းသားပါတီ ၄၀ ေက်ာ္ကို ဖိတ္ေခၚလိုက္တဲ့ အေပၚမွာ တိုင္းရင္းသားပါတီေတြရဲ႕ သေဘာထား ဘယ္လိုရွိတယ္ဆိုတာကို VOM သတင္းဌာနက ဆက္သြယ္ေမးျမန္းထားတာ ျဖစ္ပါတယ္။

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD)ရဲ႕ သေဘာထားကိုသိႏိုင္ဖို႔ ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္ကို ေမးၾကည့္ေတာ့

“ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚတယ္ဆိုတာထက္ သူတို႔ရဲ႕သေဘာထားကိုခ်ျပတဲ့အေနအထားကို က်ေနာ္ကသြားေတြ႕ပါတယ္။ အဲဒီလုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး လုပ္ပုံကိုင္ပုံက ေပါ့ေပါ့တန္တန္ပဲ ေရးသားေျပာဆိုၿပီးေတာ့မွ ေနာက္ဆုံးထုတ္ျပန္တဲ့အခါမွ ကေရာ္ကမယ္ဘဲ စာအမွတ္မပါ၊ ရက္စြဲမပါထုတ္တယ္၊ ေနာက္ပိုင္းေျပာဆိုေဝဖန္မွာ ထပ္ထည့္ တိုင္းရင္းသားပါတီေတြနာမည္ထပ္ထည့္တယ္။ တကယ္တန္းၾကေတာ့ အင္မတန္ေလးနက္ၿပီး အေရးႀကီးတဲ့ကိစၥရပ္ျဖစ္တယ္။ ဒီအေပၚမွာ ကေရာ္ကမယ္လုပ္လိုက္တဲ့အခါက်ေတာ့ ေပါ့တန္တန္ျဖစ္သြားတာေပါ့ဗ်ာ။ ဘာပဲျဖစ္ျဖစ္ အဲဒီေၾကညာခ်က္က ေအေအရဲ႕ ဒီဇင္ဘာလကုန္ေနာက္ဆုံးထား ေ႐ြးေကာက္ပြဲလုပ္ဖို႔ ထုတ္ျပန္ခ်က္ရယ္၊ ေနာက္ ေအေအထုတ္ျပန္ခ်က္အေပၚမွာ တပ္မေတာ္က ျပန္လည္တုံ႔ျပန္ႀကိဳဆိုတဲ့အခ်က္ရယ္ ဒါေတြနဲ႔ ဆက္စပ္ေနတယ္လို႔ျမင္ပါတယ္ခင္မ်ာ့၊ အဲဒါ့ေၾကာင့္ တိုင္းရင္းသားပါတီေတြကို ဖိတ္ေခၚတာမွာေတာ့ အတိအက်ေျပာလို႔မရဘူးလို႔ထင္ပါတယ္။ တကယ္တန္းၾကေတာ့ ေ႐ြးေကာက္ပြဲရလာဒ္က တရားဝင္ေၾကညာေသးတာမဟုတ္ဘူး ေသခ်ာဆုံးျဖတ္ၿပီးမွ ပါတီခ်င္းေတြ႕ဆုံၿပီး သေဘာတူညီခ်က္ေတြရၿပီး ဆုံးျဖတ္ၿပီးမွ ပိုအဆင္ေျပမွာေပါ့ေနာ္၊ ပါတီအခ်င္းခ်င္းေတြ႕ဆုံမႈမရွိပဲ ခ်ိတ္ဆက္မွမရွိဘဲလုပ္တယ္ဆိုရင္ တဖက္သတ္ဆန္ေနတာေပါ့ ၊ ပါတီေတြ႕ဆုံခ်င္းအရင္လုပ္မွ လုပ္ငန္းစဥ္ေတြပိုမိုတိုးတက္လာမွာေပါ့ ၊ တိုင္းရင္းသားေတြကို ေနရာေပးတယ္ဆိုတာထက္ ဗဟိုခ်ဳပ္ကိုင္မႈ အရင္ေလွ်ာ့ခ်ဖို႔လိုပါတယ္၊ တိုင္းရင္းသားေတြနစ္နာေတြက ဘာေတြလဲတဖက္က ဘာေတြေပးႏိုင္ၿပီး တဖက္ကဘာေတြေလွ်ာ့ႏိုင္လဲဆိုတာ အေၾကအလည္ေဆြးေႏြးဖို႔လိုအပ္ပါတယ္ “ လို႔ဆိုပါတယ္။ SNLD ျပည္ေထာင္စုအဆင့္အတြက္ ၁၅ေနရာ ႏိုင္ထားၿပီး ၃ေနရာက အျငင္းပြားမႈရွိလို႔ မဆုံးျဖတ္ႏိုင္ေသးသလို ျပည္နည္အဆင့္အတြက္ ၂၆ ေနရာ ႏိုင္ထားၿပီး တေနရာ အျငင္းပြားမႈရွိေနတယ္လို႔လည္း ဦးစိုင္းလိတ္က ေျပာပါတယ္။

ႏိုဝင္ဘာ ၈ ရက္က က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုလႊတ္ေတာ္အတြက္ ၈ ေနရာနဲ႔ ျပည္နယ္လႊတ္ေတာ္အတြက္ ၇ ေနရာ အႏိုင္ရထားတဲ့ပါတီျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ(ANP) ရဲ႕ ဒုဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္ေျပာျပတာကေတာ့
“ က်မတို႔ကေတာ့ အဲဒီစာအေပၚမွာ လႈိက္လႈိက္လွဲလွဲႀကိဳဆိုပါတယ္။ ဘာလို႔လဲဆိုေတာ့ ၂၀၁၅-၂၀၂၀ ကာလအတြင္းမွာ က်မတို႔ပါတီကပဲက်ယ္က်ယ္ေလာင္ေလာင္အၿမဲတမ္းတင္ျပခဲ့တာဟာ အဲဒီအခ်က္ပါဘဲ၊ ရခိုင္မွာအမ်ားစုပါတီႀကီးက အာဏာရပါတီႀကီး NLD ဟာ ရခိုင္ျပည္အေရးကိစၥမွာ တစုံတရာညႇိႏိုင္းျခင္း၊ ေဆြးေႏြးျခင္း Dialogue partners အျဖစ္ လုံးဝအသုံးမျပဳခဲ့ဘူးဆိုတာမ်ိဳး က်မတို႔ တစာစာတင္ျပခဲ့တာကာလမွာ ေ႐ြးေကာက္ပြဲအႏိုင္ရရခ်င္း ဒီလိုစာထုတ္တာကို က်မတို႔ ႀကိဳဆိုရတာျဖစ္ပါတယ္။ က်မတို႔က ဖယ္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကိုသြားခ်င္ၾကေတာ့ ဖယ္ဒရယ္ရဲ႕ အႏွစ္သာရျဖစ္ေတာ့ က်မတို႔ တိုင္းရင္းသားပါတီေတြလို႔ႏုတ္က်ိဳးေနၿပီး အမ်ိဳးသားေရးအေျခခံတဲ့ ပါတီေတြနဲ႔ အတူမေဆာင္႐ြက္ရင္ ေအာင္ျမင္မႈနည္းႏိုင္ပါတယ္။ ေ႐ြးေကာက္ပြဲမတိုင္ခင္ကေတာ့ ၫြန႔္ေပါင္းအစိုးရျဖစ္လာမွာကို ခါးခါးသီးျဖစ္ၿပီး၊ စိုးရိမ္တဲ့အေျခအေနေတြ၊ တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံေပမယ့္ညႇိႏိုင္းဖို႔မရွိဘူး ဆိုရာကေန အတူတကြသြားၾကရေအာင္ဆိုတာကေတာ့ မဂၤလာရွိပါတယ္။ ဒါေပမယ့္ အေပၚစီးနဲ႔သြားမလား တန္းတူရည္တူနဲ႔သြားမလားဆိုတာကေတာ့ ေနာက္ဆက္တြဲျပႆနာျဖစ္တယ္လို႔ေျပာလို႔ရပါတယ္”
လို႔ ဆိုပါတယ္။ လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ေ႐ြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့ေနရာေတြကို ဒီဇင္ဘာလအတြင္းျပန္လည္က်င္းပဖို႔ ေအေအနဲ႔ အစိုးရတပ္မေတာ္က တညီတၫြတ္တည္း ျပန္လုပ္ဖို႔ ကိစၥထုတ္ေျပာလာတာကိုလည္း ႏိုင္ငံေတာ္အတြက္ ေအးေအးခ်မ္းခ်မ္းပူးေပါင္းလုပ္ေဆာင္သြားမယ့္ လုပ္ေဆာင္ခ်က္ေတြမို႔ ရခိုင္အမ်ိဳးသားပါတီက ႀကိဳဆိုတယ္လို႔ လည္းေျပာပါတယ္။

ကရင္အမ်ိဳးသားဒီမိုက႐က္တစ္ပါတီ KNDP က တြဲဘက္အတြင္းေရးမႉး ေဒၚေနာ္သဇင္တုပ္ကေတာ့ “ပါတီတစ္ခုလုံးအေနနဲ႔ က်မတို႔ ဘာမွ မဆုံးျဖတ္ရေသးဘူးေပါ့ေနာ္၊ သူတို႔ရဲ႕ လုပ္ငန္းစဥ္ေတြကို က်မတို႔က ေသေသခ်ာခ်ာ မသိရေသးတဲ့အတြက္ စဥ္းစားရအုံးမွာေပါ့ေနာ္၊ ဒီလုပ္ငန္းစဥ္ေတြက တစ္ကယ္ဘဲ က်မတို႔အတြက္ လြတ္လပ္စြာ ပူးေပါင္းခြင့္ရွိတယ္ မရွိဘူးဆိုတာေတြကို သိမွဘဲ က်မတို႔က ဆုံျဖတ္မွ ရမွာေလေနာ္၊ စကားအရကေတာ့ ႀကိဳဆိုတယ္ေပါ့ေနာ္ ခုနကလို စကားေျပာင္းလာလို႔ ႀကိဳဆိုတယ္၊ ဒါေပမယ့္ ဖိတ္ေခၚျခင္းက ျဖဴစင္မႈရွိမရွိဆိုတာ က်မတို႔က ၾကည့္ရအုံးမွာေပါ့ေနာ္၊ ႐ိုးသားစြာ ဖိတ္ေခၚတာလားဆိုတာကိုေတာ့ က်မတို႔က ျပန္ၿပီးေတာ့ သုံးသပ္ရဦးမွာေပါ့ေနာ္၊ ဒါကေတာ့ မ်က္ႏွာပန္းလွေအာင္လို႔ လုပ္တာလည္းျဖစ္ႏိုင္တယ္ေလ ဘာေၾကာင့္လည္းဆိုေတာ့ အစကတည္းက ၿငိမ္းခ်မ္းေရး အခင္းအက်င္းမွာေတာင္ အႏိုင္ရပါတီမ်ားစြာဆိုၿပီးေတာ့ ကန႔္ကြက္ခဲ့တယ္ေလ၊ က်မတို႔ကို အမ်ားႀကီး စကားလုံးေတြနဲ႔ တိုင္းရင္းသားပါတီေတြကို လုံးဝ မပူးေပါင္းပါဘူးဆိုၿပီးေတာ့ေနာ္၊ ဖက္ဒရယ္က သူတို႔ဘာ သူတို႔လုပ္လို႔ရတယ္ ဆိုတာမ်ိဳးေတြကေနာ္ ဒီမက္ေဆ့ေတြက က်မတို႔က အမ်ားႀကီး ခံခဲ့ရတဲ့အခါကေတာ့ ဒါကေတာ့ တကယ္ေရာ အေကာင္အထည္ေဖာင္ႏိုင္တဲ့ လမ္းေၾကာင္းတစ္ခု ဟုတ္ရဲ႕လားေပါ့ေနာ္၊ ဒီလိုမ်ိဳးႀကီး ပုံၿပီးေတာ့ ယုံဖို႔ဆိုတာကေတာ့ စဥ္းစားရမွာေပါ့” VOM ကိုေျပာပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္အတြက္ ၅ေနရာ ျပည္နယ္လႊတ္ေတာ္အတြက္ ၆ေနရာနဲ႔ ကရင္ျပည္နယ္မွာ မြန္းတိုင္းရင္းသားေရးရာအတြက္ ၁ေနရာ စုစုေပါင္း ၁၂ေနရာႏိုင္ထားတဲ့ မြန္ညီၫြတ္ေရးပါတီကေတာ့
“ က်ေနာ္တို႔ ဒီကိစၥက ေျပာဖို႔ေစာေနပါေသးတယ္၊ ပါတီက ညႇိႏိုင္းေဆြးေႏြးၿပီးမွ ပါတီရဲ႕သေဘာထားကိုေျပာႏိုင္ပါ့မယ္” လို႔ မြန္ညီၫြတ္ေရးပါတီ ရဲ႕ ဒုဥကၠ႒ တေယာက္ျဖစ္တဲ့ ႏိုင္သန္းေ႐ႊ က ဆိုပါတယ္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီက ဒုဥကၠ႒တစ္ဦးျဖစ္တဲ့ ေဒၚဒြဲဘူ ရဲ႕သေဘာထားကေတာ့ “ဖိတ္ေခၚတဲ့ ကိစၥကေတာ့ က်မတို႔က ႀကိဳဆိုပါတယ္။ ဒါေပမယ့္ ေနာက္ေတာ့ေနာက္က်တာေပါ့၊ အဲ့ဒါဘယ္လိုနည္းနဲ႔ ဖိတ္ေခၚလည္း၊ ဘယ္လိုက႑လည္းဆိုတာေတာ့ အခုခ်က္ျခင္းေတာ့ က်မတို႔က မေျပာႏိုင္ေသးဘူးေပါ့ေနာ္၊ ေစာေစာမဖိတ္ေခၚတာေတာ့ က်မတို႔က အမ်ားႀကီးစိတ္မေကာင္းဘူးေပါ့၊ တကယ္တမ္းဆိုရင္ ေစာေစာစီးစီး ဖိတ္ေခၚရမွာ၊ ေစာေစာစီးစီး က်မတို႔ကို တြန္းထုတ္ထားခဲ့တာေလ အဲ့လို ေဘးထိုးထားတဲ့ က႑ေတာ့ရွိခဲ့တာေပါ့ အခုဖိတ္ေခၚတယ္ဆိုတာကလည္း ဘယ္လိုက႑ေတြမွာ ဖိတ္ေခၚတယ္ဆိုတာ က်မတို႔က ျပန္ေစာင့္ၾကည့္ရမွာပါ။ အစိုးရကေတာ့ သူတို႔ပဲဖြဲ႕မယ္ထင္တာဘဲ အစိုးရထဲမွာ ထည္းဖို႔ေတာ့ မဟုတ္ေလာက္ဘူး၊ က်မတို႔က မထင္ဘူေပါ့ေနာ္ အစိုးရထဲကို ထည့္ဖို႔လည္း မလြယ္ေလာက္ဘူး ဘာလို႔လည္းဆိုေတာ့ ပါတီေတြက ဒီေလာက္မ်ားတာ ပူးေပါင္းေဆာင္႐ြက္မႈကို ဘယ္က႑ကို ဘယ္မွာလုပ္မွာလဲဆိုတာ အဲ့ဒါေလးေတာ့ က်မတို႔က စိတ္ဝင္စားပါတယ္” လို႔ VOM ကို ေျပာပါတယ္။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီကေတာ့ ျပည္ေထာင္စုအဆင့္ ၁ ေနရာနဲ႔ ျပည္နယ္အဆင့္ ၃ ေနရာ အႏိုင္ရထားပါတယ္။

(KySDP) ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီရဲ႕ အေထြေထြအတြင္းေရးမႉး ဦးခူးသဲရယ္ ရဲ႕ သေဘာထားကေတာ့

“ဒါကေတာ့ ေစတနာျပခ်င္တဲ့ သေဘာလည္းပါမွာေပါ့ ေနာက္ၿပီးေတာ့ တိုင္းရင္းသားနဲ႔ ပူးေပါင္းျခင္တဲ့စိတ္လည္းရွိမယ္လို႔ ျမင္ပါတယ္။ အဲ့ဒါေၾကာင့္မို႔လည္း သူတို႔က ဖိတ္ေခၚတယ္လို႔ ျမင္ပါတယ္။ က်ေနာ္တို႔ပါတီရဲ႕ မူဝါဒကိုေတာ့ ပစ္ပယ္လို႔မရဘူးေလ၊ က်ေနာ္တို႔ပါတီရဲ႕ မူဝါဒအတိုင္း က်ေနာ္တို႔သြားမယ္၊ အဲ့ဒါသူတို႔လက္ခံမယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့၊ လက္မခံႏိုင္ရင္ေတာ့ မေပါင္းႏိုင္ဘူးေပါ့၊ က်ေနာ္တို႔ကေတာ့ ႐ိုး႐ိုးသားသားနဲ႔ ဖိတ္တယ္လို႔ဘဲ ခံယူတယ္ေလ၊ က်န္တဲ့ေနရာက်ေတာ့ ပြင့္လင္းျမင္သာမႈေတြ အမ်ားႀကီးလိုတာေပါ့ အဲ့ဒါေတြကလည္း အခ်က္အလက္ေတြ စုေဆာင္းေနတုန္းပဲရွိတာေပါ့၊ ရႈံးတဲ့ ေနရာေတြမွာလည္း ပုံစံ ၁၉ က်ေနာ္တို႔က မထိုးပါဘူး၊ အဲ့ဒါေတြအတြက္လည္း က်ေနာ္တို႔က ဆက္လုပ္သြားဖို႔ရွိပါတယ္၊ ” လို႔ VOM ကကိုေျပာပါတယ္။ (KySDP) ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီက ျပည္ေထာင္စုအဆင့္ ၅ေနရာနဲ႔ ျပည္နယ္အဆင့္ ၃ေနရာ အႏိုင္ရထားတဲ့ပါတီျဖစ္ပါတယ္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(CNLD)ပါတီရဲ႕ အတြင္းေရးမႉး ဦးဆလိုင္းဂ်င္မီရီဇာေဘြး ရဲ႕ သေဘာထားကေတာ့
“ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနနဲ႔ေတာ့ ေလာေလာဆယ္ မွတ္ခ်က္ေပးစရာမရွိေသးဘူး၊ အရင္ကေတာ့ သူတို႔အေနနဲ႔ မဟာမိတ္မဖြဲ႕ဘူး ပါဘူးနဲ႔ ဆိုတဲ့ဟာကေတာ့ ေျပာခဲ့တာရွိတယ္ေလ၊ အခုေတာ့ ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚျပန္တယ္ဆိုေတာ့ ပါတီအေနနဲ႔ ေအာ္ဖစ္ရွယ္ေတာ့ မရွိေသးေပမယ့္ အျပဳသေဘာနဲ႔ သူတို႔လည္း ဖိတ္ေခၚတာေတာ့ ေကာင္းတယ္လို႔ က်ေနာ္တို႔က ျမင္ပါတယ္။ ျမန္မာ့ႏိုင္ငံေရးကလည္း တိုင္းရင္းသား ျပႆနာဆိုေတာ့ ေကာင္းတဲ့ အဆိုျပဳမႈလို႔ဘဲ ေျပာလို႔ရတာေပါ့” လို႔ ေျပာပါတယ္။ CNLD ကေတာ့ ျပည္နယ္လႊတ္ေတာ္အတြက္ တေနရာအႏိုင္ရထားပါတယ္။

VOM က လက္လွမ္းမွီသေလာက္ တိုင္းရင္းသားပါတီတခ်ိဳ႕ကို ဆက္သြယ္ထားတဲ့ သေဘာထားေတြျဖစ္ပါတယ္။ NLD ပါတီရဲ႕ ဖိတ္ေခၚခ်က္မွာေတာ့ တိုင္းရင္းသားနာမည္ပါတဲ့ ပါတီ ၄၈ ခု ရွိၿပီး ျပည္မအေျခခံတဲ့ ပါတီေတြကိုေတာ့မေတြ႕ရပါဘူး။

#voiceofmyanmar #VOM #တိုင္းရင္းသားပါတီေတြရဲ႕သေဘာထား #NLDထုတ္ျပန္ခ်က္

 

Related posts

Leave a Comment

VOM News

FREE
VIEW