မန္တလေးမြို့က နာမည်ကြီး ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ပိုးတွေ့၊ ထိစပ်၀န်ထမ်း ၆၀ကျော်ရှိ

နို၀င်ဘာ ၁၃-၂၀၂၀
Voice Of Myanamar
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပေါက်စီနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မနေ့နို၀င်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ပိုးတွေ့တာက မနေ့ညကပါ၊ ဒီနေ့မှ ၀န်ထမ်း ထိစပ်လူနာ ၆၀ကို ကွာရန်တင်းထားဖို့ခေါ်တာပါ၊ ကျန်တာကတော့ မိသားစု၀င်တွေပါ”လို့ ကွာရန်တင်းပို့ဆောင်ရာမှာပါ၀င်တဲ့ တာ၀န်ရှိသူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။
ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ပိုးတွေ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာ၀န်ရှိသူတွေက စစ်ဆေးနေစဲဖြစ်ပြီး ၀န်ထမ်း ၆၀ကိုလည်း မနေ့နို၀င်ဘာ ၁၂ရက်နေ့ညပိုင်းက ဟုမ်းကွာရန်တင်းထားရှိကာ ဒီကနေ့ နေ့လယ် ၃နာရီကျော်မှာပဲ ဇီးပင်ကြီးကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းမှာ မနေ့ နို၀င်ဘာ ၁၂ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၂၇၆၂ဦး၊ သေဆုံးသူ ၁၇ဦးထိရှိပြီ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW