ကိုဗစ်လူနာက နောက်ကြောင်းရာဇဝင် မှန်ကန်စွာမပြောတဲ့အတွက် ကျန်းမာရေးဝန်းထမ်းတွေအပါအဝင် ၆၀ ဦးခန့် ကွာရန်တင်း ဝင်ရ

နိုဝင်ဘာ ၁၅-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့မှာ COVID -19 ရောဂါပိုးတွေ့လူနာက နောက်ကြောင်းရာဇဝင်ကို မှန်ကန်စွာမပြောခဲ့တဲ့အတွက် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် လူဦးရေး ၆၀ ခန့် ကွာရန်တင်း ဝင်လိုက်ရတယ်လို့ သိရပါတယ်။

”အရင်ကတွေ့တဲ့ ပိုးတွေ့လူနာရဲ့ သမီးပေါ့ ၊ သူက ၉ ရက်နေ့ကတည်းက ဆိုင်ကယ်မှောက်ပြီး လက်ကျိုးလို့ ဆေးရုံတက်နေတာ ၊ သူ့အဖေလည်း ပိုးလည်းတွေ့တော့ သူ့သမီးတစ်ယောက်က ဆေးရုံမှာတက်နေတယ်ဆိုပြီး သိရတာနဲ့ ကျွန်တော်တို့ ဆေးရုံအကြောင်းကြားပြီး စစ်တာပေါ့။ စစ်တော့ အဲ့ဒီအမျိုးသမီးမှာလည်း ပိုးတွေ့တယ်။ သူကတော့ ဆေးရုံမှာ ထိတွေ့မှု များသွားတာပေါ့”လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာသော်တာထက်က ပြောပါတယ်။

ပိုးတွေ့တဲ့ အမျိုးသမီးနဲ့ ထိတွေ့မိခဲ့တဲ့ အထူးကုဆရာဝန်ကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အယောက် ၆၀ ခန့် ကွာရန်တင်းဝင်နေရပြီး swabယူ စစ်ဆေးရမယ်လို့လည်း သိရပါတယ်။

နောက်ကြောင်းရာဇဝင်ကို ပြောပြခြင်းမရှိတဲ့အတွက် သူ့ကို သီးသန့်ခွဲမထားမိဘဲ အရိုးဆောင်ရှိ ပုံမှန်လူနာတွေနဲ့ အတူထားခဲ့ပြီး ခွဲစိတ်ခန်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖခင်ဖြစ်သူမှာ COVID -19 ပိုးတွေ့တဲ့အတွက် ဖခင်ဖြစ်သူကို နောက်ကြောင်းရာဇဝင် စုံစမ်းတဲ့အခါမှာတော့ သမီးဖြစ်သူ ဆေးရုံတက်မှန်းသိလိုက်ရတဲ့အတွက် ချက်ချင်းခွဲထားပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ swab စစ်လိုက်တဲ့အခါမှ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆေးရုံတက်နေတဲ့ ၄ ရက်အတွင်း အနီးကပ်ထိတွေ့မိခဲ့တဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၃၉ ဦးထိရှိခဲ့ပြီး သူ့ရဲ့အနီးအနားက လူနာတွေအားလုံး ကွာရန်တင်းဝင်ရပြီး လူနာဆောင်ကို လာရောက်ဝင်ထွက်သွားလာကြခဲ့တဲ့ ဧည့်သည်တွေလည်း များစွာရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် လာလည်တဲ့ ဧည့်သည်တွေမပါဘဲ အယောက် ၆၀ ခန့်ကိုသာ ကွာရန်တင်း ဝင်ရပြီး အခုလက်ရှိမှာတော့ ဆေးရုံကြီးရှိ အရိုးကုသဆောင်နဲ့ ခွဲစိတ်ခန်းမကြီးကို ခေတ္တပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ် #နောက်ကြောင်းရာဇဝင်

Related posts

Leave a Comment

VOM News

FREE
VIEW