ရွှေညောင် ဆီဆိုင်က ဆီသိုလှောင်ခန်း မီးလောင်

တောင်ကြီး -နိုဝင်ဘာ-၁၆-၂၀၂၀
နေနန်းနွယ်(VOM)

ရွှေညောင်မြို့၊ ရွှေ‌ညောင် ရပ်စောက်သွား ကားလမ်းဘေးရှိ “ရွှေင်္ခြသေ့ဓာတ်ဆီဆိုင်”မှာနို၀င်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

“ဆီဘောက်ဆာကနေ ပေပါထဲကို ဆီထည့်တာက ဖြစ်တာ။ ကြားထဲမှာ ပိုက်လေးခံထားတာပေါ့၊ အဲ့ပိုက်တွေကတော့ မီးသတ်က ခွင့်ပြုထားတဲ့ ပိုက်တွေတော့ မဟုတ်ပါဘူး။ အဲ့တာကြောင့် တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး စ လောင်တာပါ။ မီးငြှိမ်းတာကတော့ ကား ၁၄ စီးလောက်နဲ့ ငြိမ်းလိုက်နိုင်တယ်။” လို့ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမြင့်သန်းက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅) သိန်းခန့်ဆုံးရှုံးခဲ့တယ်လို့သိရပြီး နေ့လည် ၂ နာရီခန့် ၀န်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းကို ပေါ့လျော့စွာ အသုံးပြုခဲ့တဲ့အတွက် ၀န်ထမ်း ဦးမင်းအောင်ကို အမှုဖွင့်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီမီးလောင်မှုကို တောင်ကြီး၊ ရွှေညောင်၊ ရပ်စောက်၊ အေးသာယာ၊ ညောင်ရွှေ နဲ့ ဟဲဟိုးက မီးသတ်ကား စုစုပေါင်း ၁၄ စီးနဲ့ ဝိုင်း၀န်း မီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး လူထိခိုက်ဒါဏ်ရာရတာမျိုး မရှိဘူးလို့သိရပါတယ်။

#voiceofmyanmar #VOM #ရွှေညောင်မီးလောင်မှု

Zawgy

ေ႐ႊေညာင္ ဆီဆိုင္က ဆီသိုေလွာင္ခန္း မီးေလာင္

ေတာင္ႀကီး -ႏိုဝင္ဘာ-၁၆-၂၀၂၀
ေနနန္းႏြယ္(VOM)

ေ႐ႊေညာင္ၿမိဳ႕၊ ေ႐ႊ‌ေညာင္ ရပ္ေစာက္သြား ကားလမ္းေဘးရွိ “ေ႐ႊျခၤေသ့ဓာတ္ဆီဆိုင္”မွာႏို၀င္ဘာ ၁၆ ရက္ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္က မီးေလာင္မႈျဖစ္ခဲ့တယ္လို႔သိရပါတယ္။

“ဆီေဘာက္ဆာကေန ေပပါထဲကို ဆီထည့္တာက ျဖစ္တာ။ ၾကားထဲမွာ ပိုက္ေလးခံထားတာေပါ့၊ အဲ့ပိုက္ေတြကေတာ့ မီးသတ္က ခြင့္ျပဳထားတဲ့ ပိုက္ေတြေတာ့ မဟုတ္ပါဘူး။ အဲ့တာေၾကာင့္ တည္ၿငိမ္လွ်ပ္စစ္ျဖစ္ၿပီး စ ေလာင္တာပါ။ မီးျငႇိမ္းတာကေတာ့ ကား ၁၄ စီးေလာက္နဲ႔ ၿငိမ္းလိုက္ႏိုင္တယ္။” လို႔ ၿမိဳ႕နယ္မီးသတ္ဦးစီးမႈး ဦးျမင့္သန္းက ေျပာပါတယ္။

မီးေလာင္ကြၽမ္းမႈေၾကာင့္ စုစုေပါင္းတန္ဖိုးေငြက်ပ္ (၇၅) သိန္းခန႔္ဆုံးရႈံးခဲ့တယ္လို႔သိရၿပီး ေန႔လည္ ၂ နာရီခန႔္ ၀န္းက်င္မွာ ၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ မီးေလာင္လြယ္တဲ့ ပစၥည္းကို ေပါ့ေလ်ာ့စြာ အသုံးျပဳခဲ့တဲ့အတြက္ ၀န္ထမ္း ဦးမင္းေအာင္ကို အမႈဖြင့္ထားၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒီမီးေလာင္မႈကို ေတာင္ႀကီး၊ ေ႐ႊေညာင္၊ ရပ္ေစာက္၊ ေအးသာယာ၊ ေညာင္ေ႐ႊ နဲ႔ ဟဲဟိုးက မီးသတ္ကား စုစုေပါင္း ၁၄ စီးနဲ႔ ဝိုင္း၀န္း မီးၿငိမ္းသတ္ခဲ့တာျဖစ္ၿပီး လူထိခိုက္ဒါဏ္ရာရတာမ်ိဳး မရွိဘူးလို႔သိရပါတယ္။

#voiceofmyanmar #VOM #ေ႐ႊေညာင္မီးေလာင္မႈ

 

Related posts

Leave a Comment

VOM News

FREE
VIEW