လာမယ့်နှစ်ဆောင်းရာသီမှာ ကိုဗစ်-၁၉ ကင်းဝေးပြီး ပုံမှန်လူနေမှုဘ၀ ပြန်ရောက်နိုင်ဖွယ်ရှိ

လန်ဒန်၊ နိုဝင်ဘာ-၁၆-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးရဲ့အကျိုးသက်ရောက်မှုကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကို နွေရာသီမှာ သိသိသာသာလျှော့ချနိုင်ပြီး လာမယ့်နှစ်ဆောင်းရာသီမှာ လူသားတွေအနေနဲ့ ပုံမှန်ဘဝနေထိုင်မှုသို့ ပြန်လည်ရောက်ရှိနိုင်တယ်လို့ ကာကွယ်ဆေး ဖန်တီးသူ ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကာကွယ်ဆေးကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကို ထက်ဝက်ခန့်လျှော့ချပေးနိုင်တာကြောင့် ရောဂါဖြစ်ပွားမှုကို သိသိသာသာလျှော့ချလာနိုင်တယ်လို့ BioNTech ကုမ္ပဏီပူးတွဲတည်ထောင်သူ ပါမောက္ခ အူဂါဆာဟင်က ပြောပါတယ်။

BioNTech နဲ့ Pfizer ကုမ္ပဏီတို့မှထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ လူတွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ကနဦးရလဒ်တွေမှာ တွေ့ရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကုမ္ပဏီတွေက ကြေညာခဲ့ပါတယ်။ ကာကွယ်ဆေးကို လူပေါင်း ၄၃၀၀၀ ဖြင့် စမ်းသပ်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးထားသူတွေမှာ ရောဂါလက္ခဏာပြသတာတွေ ရှိတာမျိုးအပါအဝင် လူအများအကြားမှာ ကူးစက်မှုတွေကိုလျှော့ချနိုင်မယ်ဆိုတာ နောက်ထပ်စမ်းသပ်မှုတွေမှာ တွေ့ရှိရမယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခ အူဂါဆာဟင်က ပြောပါတယ်။

ထိရောက်တဲ့ကာကွယ်ဆေးဟာ လူအများအကြား ရောဂါကူးစက်မှုကို လျှော့ချနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း၊ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၉၀ ရာခိုင်နှုန်းထိရှိနိုင်ပြီး ၅၀ ရာခိုင်နှုန်းသာ ထိရောက်ခဲ့မယ်ဆိုရင်တောင် ကပ်ရောဂါကူးစက်ပျံ့နှံမှုကို သိသိသာသာလျှော့ချနိုင်တယ်ဆိုတာ မမေ့သင့်ဘူးလို့ သူက ထောက်ပြပြောဆိုပါတယ်။

Ref : BBC
Photo: Getty Images
#voiceomyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW