Moderna ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိနေ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၆-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်အခြေစိုက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဟာ ရောဂါကာကွယ်ဖို့အတွက် ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိတယ်လို့ အဲဒီကုမ္ပဏီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Moderna အပြင် Pfizer ကုမ္ပဏီကလည်း သူ့ရဲ့ ကာကွယ်ဆေးဟာ အလားတူပုံစံမျိုး ထိရောက်စွာကာကွယ်နိုင်တယ်လို့ မကြာသေးမီက ကြေညာခဲ့ပြီး ကပ်ရောဂါကို အဆုံးသတ်ရေးမှာ အဲဒီကာကွယ်ဆေးတွေက အထောက်အကူပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေလည်း တိုးပွားလာနေပါတယ်။

Moderna နဲ့ Pfizer ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေမှာ မြင့်မားတဲ့ စမ်းသစ် တီထွင်မှုတွေနဲ့ ချဉ်းကပ်လုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီရလဒ်ဟာ အလွန်ကြီးကျယ်ခမ်းနားတဲ့နေ့ဖြစ်ပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကာကွယ်ဆေးကို အသုံးပြုနိုင်ဖို့ ခွင့်ပြုချက်အတွက် လျှောက်ထားသွားမယ်လို့ Moderna ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီရလဒ်ဟာ စမ်းသပ်မှုရဲ့ အစောပိုင်းတွေ့ရှိမှုအချက်အလက်တွေဖြစ်ပြီး ကာကွယ်ဆေးနဲ့ပတ်သက်ပြီး နောက်ထပ်အဓိက စမ်းသပ်ရမယ့်အကြောင်းအရာတွေ ရှိနေဆဲဖြစ်ပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW