ပါးစပ်နဲ့နှာခေါင်းစည်းကောင်းမကောင်းဘယ်လိုစစ်မလဲ

နိုဝင်ဘာ ၁၇-၂၀၂၀
ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။
ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။
၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။
၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။
၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။
၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့ ချိန်ညှိနိုင်ပါတယ်။
ပါးစပ်နှင့် နှာခေါင်းစည်းတစ်ခုရဲ့ အရည်အသွေးကို ဘယ်လိုစစ်ဆေးမလဲ?
ရေအနည်းငယ်နဲ့ မီးခြစ်ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။
နည်းလမ်းတွေကတော့
၁ – ပြင်ပအလွှာကို စစ်ဆေးဖို့ ရေအနည်းငယ်ကို ၎င်းအလွှာပေါ်ချကြည့်ပါ၊ မိနစ်အနည်းငယ်ကြာသည်အထိ ရေစိမ့်ခြင်းမရှိရပါ။
၂ – အလယ်အလွှာကို စစ်ဆေးဖို့ ၎င်းအလွှာကို မီးရှို့ကြည့်ပါ၊ အပူရှိန်ကြောင့် တွန့်လိမ်သွားတာကို တွေ့မြင်ရမှာဖြစ်ပြီး စက္ကူလိုအလွယ်တကူ မီးမလောင်နိုင်ပါ။
၃ – အတွင်းဘက်အလွှာကို စစ်ဆေးဖို့ ရေအနည်းငယ်ကို ၎င်းအလွှာပေါ်ချကြည့်ပါ၊ ရေစုပ်ယူတာကြောင့် အနည်းငယ် စိုစွတ်လာပါလိမ့်မယ်။
၄ – ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ပြီးတော့ အနီးက ဖယောင်းတိုင်ကို လေမှုတ်တဲ့အခါ အလွယ်တကူ မီးမငြိမ်းရပါ။
ပါစပ်နှင့်နှာခေါင်းစည်းဟာ အနည်းဆုံး အထက်က အချက်အလက်တွေနဲ့ ကိုက်ညီမှပဲ သင့်တော်တဲ့ကာကွယ်မှုကို ပေးနိုင်မှာပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါ အနိမ့်ဆုံးအဆင့်ရှိရမယ့် အရည်အသွေးနဲ့ မကိုက်ညီတဲ့ ပါးစပ်နှင့်နှာခေါင်းစည်းများကို ဝယ်ယူသုံးစွဲတာ၊ ဖြန့်ဖြူးရောင်းချတာမျိုးတွေ ရှောင်ကြဉ်ပါ။
ရင်းမြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW