တရုတ်ပြည်တွင်းရေးနဲ့ ဝေးဝေးနေဖို့ အနောက်အုပ်စုကို တရုတ်နိုင်ငံ သတိပေး

ပေကျင်း၊ နိုဝင်ဘာ-၂၀-၂၀၂၀
မျိုးဆက် (VOM)

ဟောင်ကောင်လွှတ်တော်အမတ်တွေဟာ အရည်အချင်းမပြည့်မီဘူးဆိုပြီး ထုတ်ပယ်လိုက်တဲ့အပေါ် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ကနေဒါနိုင်ငံတို့ စွပ်စွဲပြစ်တင်ပြောဆိုတဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

ဟောင်ကောင်မှာ ရွေကောက်ခံလွှတ်တော်အမတ်တွေကို အရည်အချင်းပျက်ယွင်းစေမယ့် စည်းမျဉ်းသစ်တွေကို တရုတ်နိုင်ငံပြဌာန်းလိုက်တာနဲ့ ပတ်သက်ပြီး မျက်လုံးငါးစုံဆိုပြီး မဟာမိတ်အဖွဲ့ထားတဲ့ အထက်ပါနိုင်ငံတွေက ဝေဖန်မှုတွေပြုခဲ့ကြပြီး ဒီလိုလုပ်ဆောင်တာတွေကို ပြောင်းလဲဖို့ တရုတ်နိုင်ငံကို တိုက်တွန်းနေကြပါတယ်။

တရုတ်နိုင်ငံအရေးနဲ့ ဝေးဝေးနေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဲဒီနိုင်ငံတွေကို သတိပေးလိုက်ပြီး ကိုယ့်နိုင်ငံအရေးသာဂရုစိုက်ကြဖို့နဲ့ ဒီလိုမှမဟုတ်ရင် မဟာမိတ်ဖွဲ့ထားတဲ့ မျက်လုံးတွေကန်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြသနာတွေကို မဖန်တီးကြောင်း၊ ဒါပေမယ့် ဘယ်အရာကိုမှ ကြောက်လန့်နေမည်မဟုတ်ဘဲ မျက်လုံးငါးလုံး သို့မဟုတ် ၁၀ လုံးရှိလဲ ဂရုမစိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေးကျင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

Ref: BBC
Photo: Reuters
#voicofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW