ပိတ်ထားတဲ့ ၂၈ ဈေးချိုစင်တာမှာ အခွန်တွေဆောင်ရင် ပစ္စည်းတွေ ထုတ်ခွင့်ပေးမယ်ဆိုလို့ ဆောင်ပေမယ့်ခုထိ ထုတ်ခွင့်မရ

မန္တလေး၊ နိုဝင်ဘာ- ၂၀- ၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးမြို့က MGW ကုမ္ပဏီပိုင်ဖြစ်တဲ့ ၂၈ ဈေးချိုစင်တာအတွင်းက ဈေးသူဈေးသားတွေဟာ ကုန်ပစ္စည်း ထုတ်ယူခွင့်ရရှိဖို့ ဈေးချိုမန်နေဂျာဆီကို အကြောင်းကြားတဲ့အခါမှာ တစ်နှစ်စာပေးဆောင်ရမယ့် အခွန်တွေနဲ့ ကုန်သွယ်ခွန်၊ အခြားအခွန်တွေကို ပေးဆောင်ရင် ကုန်ပစ္စည်းတွေကို ထုတ်ယူခွင့်ပြုမယ်ပြောလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဆိုင်ရှင်တွေက အခွန်တွေအကုန်လုံးကို ပေးဆောင်ခဲ့ပေမယ့် ၁ လကျော်ကြာတဲ့အထိ ထုတ်ယူခွင့် မရသေးတဲ့အကြောင်း ဆိုင်ရှင်တွေက ဒီကနေ့ မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပါတယ်။

“ကုမ္ပဏီက ထုတ်ယူခွင့်လက်မှတ်တွေကို တစ်ဆိုင်ကို တစ်ဆောင်နှုန်းနဲ့ ပေးပို့ခဲ့ပေမယ့် ဒီလက်မှတ်တွေကို ကျနော်တို့ ကိုင်သာထားတာ အခုအချိန်ထိ ထုတ်ယူခွင့် မရသေးဘူး ၁ လတောင်ကျော်နေပြီ”လို့ ၂၈ ဈေးချိုစင်တာ TOP-အဝတ်အထည်ဆိုင် ဆိုင်ရှင် ဦးကျော်ကျော်စိုးအောင်က ပြောပါတယ်။

၂၈ ဈေးချိုစင်တာအတွင်းမှာရှိတဲ့ ဆိုင်တွေက ကုန်ပစ္စည်းတွေကို ထုတ်ယူဖို့ တင်ပြထားတာ ဆိုင်ခန်းပေါင်း ၃၀ ကျော် ရှိတယ်လို့ ဆိုင်ပိုင်ရှင်တွေကပြောပါတယ်။

#VOM #voiceofmyanmar #ဈေးချို #mandalay

zawgy

ပိတ္ထားတဲ့ ၂၈ ေဈးခ်ိဳစင္တာမွာ အခြန္ေတြေဆာင္ရင္ ပစၥည္းေတြ ထုတ္ခြင့္ေပးမယ္ဆိုလို႔ ေဆာင္ေပမယ့္ခုထိ ထုတ္ခြင့္မရ

မႏၲေလး၊ ႏိုဝင္ဘာ- ၂၀- ၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးၿမိဳ႕က MGW ကုမၸဏီပိုင္ျဖစ္တဲ့ ၂၈ ေဈးခ်ိဳစင္တာအတြင္းက ေဈးသူေဈးသားေတြဟာ ကုန္ပစၥည္း ထုတ္ယူခြင့္ရရွိဖို႔ ေဈးခ်ိဳမန္ေနဂ်ာဆီကို အေၾကာင္းၾကားတဲ့အခါမွာ တစ္ႏွစ္စာေပးေဆာင္ရမယ့္ အခြန္ေတြနဲ႔ ကုန္သြယ္ခြန္၊ အျခားအခြန္ေတြကို ေပးေဆာင္ရင္ ကုန္ပစၥည္းေတြကို ထုတ္ယူခြင့္ျပဳမယ္ေျပာလို႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

ဆိုင္ရွင္ေတြက အခြန္ေတြအကုန္လုံးကို ေပးေဆာင္ခဲ့ေပမယ့္ ၁ လေက်ာ္ၾကာတဲ့အထိ ထုတ္ယူခြင့္ မရေသးတဲ့အေၾကာင္း ဆိုင္ရွင္ေတြက ဒီကေန႔ မႏၲေလးမီဒီယာစင္တာမွာ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ေျပာပါတယ္။

“ကုမၸဏီက ထုတ္ယူခြင့္လက္မွတ္ေတြကို တစ္ဆိုင္ကို တစ္ေဆာင္ႏႈန္းနဲ႔ ေပးပို႔ခဲ့ေပမယ့္ ဒီလက္မွတ္ေတြကို က်ေနာ္တို႔ ကိုင္သာထားတာ အခုအခ်ိန္ထိ ထုတ္ယူခြင့္ မရေသးဘူး ၁ လေတာင္ေက်ာ္ေနၿပီ”လို႔ ၂၈ ေဈးခ်ိဳစင္တာ TOP-အဝတ္အထည္ဆိုင္ ဆိုင္ရွင္ ဦးေက်ာ္ေက်ာ္စိုးေအာင္က ေျပာပါတယ္။

၂၈ ေဈးခ်ိဳစင္တာအတြင္းမွာရွိတဲ့ ဆိုင္ေတြက ကုန္ပစၥည္းေတြကို ထုတ္ယူဖို႔ တင္ျပထားတာ ဆိုင္ခန္းေပါင္း ၃၀ ေက်ာ္ ရွိတယ္လို႔ ဆိုင္ပိုင္ရွင္ေတြကေျပာပါတယ္။

#VOM #voiceofmyanmar #ေဈးခ်ိဳ #mandalay

 

 

Related posts

Leave a Comment

VOM News

FREE
VIEW