ဖားကန့်မှာ မြေစာပြိုလို့ ၁ဦးသေ ၂ဦး ဒဏ်ရာရ

ဖားကန့်-နိုဝင်ဘာ-၂၀-၂၀၂၀
ဇော်မိုးထက် (VOM)
ကချင်ပြည်နယ်မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီးမှာ ဒီနေ့မွန်းလွဲ ၂နာရီလောက်က မြေစာပုံဟောင်းပြိုကျမှု တခု ဖြစ်ပွားခဲ့ပါတယ် ။
ပြိုကျခဲ့တဲ့မြေစာပုံဟောင်းဟာ သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီရဲ့ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံမှာ ရွှေနှင့်ကျောက်မျောတိုက်ရင်းမြေစာပြိုကျခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တဦးသေဆုံးခဲ့တယ်လို့ မလောင်ကျေးရွာအုပ်ချုပ်ရေးမှူးဆီကသိရပါတယ် ။
သေဆုံးသူဟာ ဇော်ဦး(၂၅)နှစ် မလောင်းကျေးရွာနေသူဖြစ်ပြီး ၊ဒဏ်ရာရသူတွေကတော့ ကျော်ကြီး (၂၉)နှစ်နဲ့ စိုးငယ် (၂၄)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ် ။
ဖားကန့်မြို့နယ်အတွင်းမှာ မြေစာပြိုမှု ၊ကျောက်ကမ်းပါးပြိုကျမှုနဲ့ ကမ်းပါးပေါ်ကခြေချော်ပြုကျမှု များကြောင့် လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေရဲ့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။
zawgyi
ဖားကန႔္မွာ ေျမစာၿပိဳလို႔ ၁ဦးေသ ၂ဦး ဒဏ္ရာရ
ဖားကန႔္-ႏိုဝင္ဘာ-၂၀-၂၀၂၀
ေဇာ္မိုးထက္ (VOM)
ကခ်င္ျပည္နယ္မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်းအုပ္စု မေလာင္ေက်း႐ြာအနီးမွာ ဒီေန႔မြန္းလြဲ ၂နာရီေလာက္က ေျမစာပုံေဟာင္းၿပိဳက်မႈ တခု ျဖစ္ပြားခဲ့ပါတယ္ ။
ၿပိဳက်ခဲ့တဲ့ေျမစာပုံေဟာင္းဟာ သိေရာမဏိ ေက်ာက္စိမ္တူးေဖာ္ေရးကုမၼဏီရဲ႕ ေျမစာပုံေဟာင္းျဖစ္ၿပီး အဆိုပါေျမစာပုံမွာ ေ႐ႊႏွင့္ေက်ာက္ေမ်ာတိုက္ရင္းေျမစာၿပိဳက်ခဲ့ၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့ကာ တဦးေသဆုံးခဲ့တယ္လို႔ မေလာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဆီကသိရပါတယ္ ။
ေသဆုံးသူဟာ ေဇာ္ဦး(၂၅)ႏွစ္ မေလာင္းေက်း႐ြာေနသူျဖစ္ၿပီး ၊ဒဏ္ရာရသူေတြကေတာ့ ေက်ာ္ႀကီး (၂၉)ႏွစ္နဲ႔ စိုးငယ္ (၂၄)ႏွစ္တို႔ျဖစ္တယ္လို႔ သိရပါတယ္ ။
ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာ ေျမစာၿပိဳမႈ ၊ေက်ာက္ကမ္းပါးၿပိဳက်မႈနဲ႔ ကမ္းပါးေပၚကေျခေခ်ာ္ျပဳက်မႈ မ်ားေၾကာင့္ လူေပါင္း ၂၀၀ေက်ာ္ေသဆုံးခဲ့ၿပီးျဖစ္တယ္လို႔ ေဒသအာဏာပိုင္ေတြရဲ႕ သတင္းမွတ္တမ္းေတြအရသိရပါတယ္။
#voiceofmyanmar #VOM #ဖားကန႔္ေျမၿပိဳ

Related posts

Leave a Comment

VOM News

FREE
VIEW