မန္တလေးမှာ ကွာရန်တင်းစင်တာတွေအတွက် ကျန်းမာရေးဘော်လန်ဒီယာတွေ ရှားနေ

မန္တလေး၊ နိုဝင်ဘာ- ၂၀- ၂၀၂၀
ရှိုင်းအောင်(VOM)

ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ရောဂါပြန့်ပွားမှုများလာမယ်ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်တာကြောင့် တက်နိုင်သလောက် ကွာရန်တင်းစင်တာတွေရှာနေရသလို ကျန်းမာရေး ဘော်လန်ဒီယာတွေ ရှားနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဒုဥက္ကဋ္ဌ-မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီကနေ့ မန္တလေးမြို့ ၃၅ လမ်း၊ ၆၅ x ၆၆ လမ်းကြားမှာရှိတဲ့ PUBLIC HEALTH LABORATORY နိုင်ငံတကာအဆင့်မှီ ဓာတ်ခွဲခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီဓာတ်ခွဲခန်းဟာ အထက်မြန်မာပြည်မှာ အဓိကကျတဲ့ ဓာတ်ခွဲခန်းတစ်ခုဖြစ်တာကြောင့် ချင်း၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းမြောက် တို့က ဓာတ်ခွဲနမူနာတွေကို စစ်ဆေးပေးနိုင်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားပါတယ်။
PUBLIC HEALTH LABORATORY ဓာတ်ခွဲခန်းဟာ တစ်ရက်ကို ဓာတ်ခွဲနမူနာပေါင်း ၈၀၀ ဝန်းကျင်ကို စစ်ဆေးနိုင်ပေမယ့် လက်ရှိမှာတော့ ဓာတ်ခွဲနမူနာ ပေးပို့ချက်တွေအရ တစ်ရက်ကို ဓာတ်ခွဲနမူနာ ၄၀၀ ကနေ ၅၀၀ နီးပါး စစ်ဆေးပေးနေရတယ်လို့ ဓာတ်ခွဲခန်းတာဝန်ခံ ဒေါက်တာမေဝင့်ဝါ က ပြောပါတယ်။
အပြင်လူတွေအနေနဲ့ ဓာတ်ခွဲနမူနာ ယူပြီး စစ်ဆေးချင်ရင်တော့ တိုင်းကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ပါရင် စစ်ဆေးပေးနေတာဖြစ်ပြီး ဓာတ်ခွဲနမူနာ စစ်ဆေးတဲ့ ကုန်ကျစာရိတ်ဟာ လူတစ်ဦးကို ခန့်မှန်းခြေ ၂ သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။
အဲ့ဒီဓာတ်ခွဲခန်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ လမ်းညွှန်မှုတွေနဲ့ တန်ဖိုးငွေ ကျပ်သိန်း (၁၂၀၀၀) ရှိတဲ့ နိုင်ငံတကာအဆင့်မှီ Bio Safety Level(2+) အဆင့်ရှိတဲ့ PUBLIC HEALTH LABORATORY ဓာတ်ခွဲခန်းဟာ မန္တလေးမြို့ ၃၅ လမ်း၊ ၆၅ x ၆၆ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။
 Zawgyမႏၲေလးမွာ ကြာရန္တင္းစင္တာေတြအတြက္ က်န္းမာေရးေဘာ္လန္ဒီယာေတြ ရွားေန

မႏၲေလး၊ ႏိုဝင္ဘာ- ၂၀- ၂၀၂၀
ရႈိင္းေအာင္(VOM)

ေ႐ြးေကာက္ပြဲ မတိုင္ခင္နဲ႔ ေ႐ြးေကာက္ပြဲအၿပီးမွာ ျဖစ္ခဲ့တဲ့ လူစုလူေဝးေတြေၾကာင့္ ေရာဂါျပန႔္ပြားမႈမ်ားလာမယ္ဆိုတာ ေမွ်ာ္လင့္ထားၿပီးသားျဖစ္တာေၾကာင့္ တက္ႏိုင္သေလာက္ ကြာရန္တင္းစင္တာေတြရွာေနရသလို က်န္းမာေရး ေဘာ္လန္ဒီယာေတြ ရွားေနတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္-ဒုဥကၠ႒-မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ဒီကေန႔ မႏၲေလးၿမိဳ႕ ၃၅ လမ္း၊ ၆၅ x ၆၆ လမ္းၾကားမွာရွိတဲ့ PUBLIC HEALTH LABORATORY ႏိုင္ငံတကာအဆင့္မွီ ဓာတ္ခြဲခန္းဖြင့္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီဓာတ္ခြဲခန္းဟာ အထက္ျမန္မာျပည္မွာ အဓိကက်တဲ့ ဓာတ္ခြဲခန္းတစ္ခုျဖစ္တာေၾကာင့္ ခ်င္း၊ စစ္ကိုင္း၊ ကခ်င္နဲ႔ ရွမ္းေျမာက္ တို႔က ဓာတ္ခြဲနမူနာေတြကို စစ္ေဆးေပးႏိုင္တယ္လို႔လည္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားပါတယ္။

PUBLIC HEALTH LABORATORY ဓာတ္ခြဲခန္းဟာ တစ္ရက္ကို ဓာတ္ခြဲနမူနာေပါင္း ၈၀၀ ဝန္းက်င္ကို စစ္ေဆးႏိုင္ေပမယ့္ လက္ရွိမွာေတာ့ ဓာတ္ခြဲနမူနာ ေပးပို႔ခ်က္ေတြအရ တစ္ရက္ကို ဓာတ္ခြဲနမူနာ ၄၀၀ ကေန ၅၀၀ နီးပါး စစ္ေဆးေပးေနရတယ္လို႔ ဓာတ္ခြဲခန္းတာဝန္ခံ ေဒါက္တာေမဝင့္ဝါ က ေျပာပါတယ္။

အျပင္လူေတြအေနနဲ႔ ဓာတ္ခြဲနမူနာ ယူၿပီး စစ္ေဆးခ်င္ရင္ေတာ့ တိုင္းက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္ပါရင္ စစ္ေဆးေပးေနတာျဖစ္ၿပီး ဓာတ္ခြဲနမူနာ စစ္ေဆးတဲ့ ကုန္က်စာရိတ္ဟာ လူတစ္ဦးကို ခန႔္မွန္းေျခ ၂ သိန္းနီးပါးရွိတယ္လို႔ သိရပါတယ္။
အဲ့ဒီဓာတ္ခြဲခန္းကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔ရဲ႕ လမ္းၫႊန္မႈေတြနဲ႔ တန္ဖိုးေငြ က်ပ္သိန္း (၁၂၀၀၀) ရွိတဲ့ ႏိုင္ငံတကာအဆင့္မွီ Bio Safety Level(2+) အဆင့္ရွိတဲ့ PUBLIC HEALTH LABORATORY ဓာတ္ခြဲခန္းဟာ မႏၲေလးၿမိဳ႕ ၃၅ လမ္း၊ ၆၅ x ၆၆ လမ္းၾကားမွာ တည္ရွိတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #MOHS #PUBLIC-HEALTH-LABORATORY #mandalay #Covid-19

Related posts

Leave a Comment

VOM News

FREE
VIEW