Remdesivir ဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသမှု မပြုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြု

ဂျီနီဗာ၊ နိုဝင်ဘာ-၂၀-၂၀၂၀
မျိုးဆက်(VOM)
Remdesivir ဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသတာဟာ လူနာတွေရဲ့ အသက်ရှင်သန်နိုင်မှု အခွင့်အလမ်းအတွက် အရေးပါတဲ့ သက်ရောက်မှုမရှိတာကြောင့် ရောဂါဘယ်လောက်ပြင်းထန်နေပါစေ ကုသမှုမပြုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လက်ရှိရရှိတဲ့ အချက်အလက်တွေအရ အဲဒီဆေးနဲ့ ကုသရာမှာ ကိုဗစ်-၁၉ လူနာတွေအတွက် အရေးပါတဲ့ ရလဒ်ကောင်းထွက်ပေါ်ခြင်းမျိုးမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လမ်းညွှန်ချက် ထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။
အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံအချို့ကတော့ လူနာ အချိန်တိုအတွင်းရောဂါ သက်သာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ကနဦးသုတေသနရလဒ်များအရ Remdesivir ဆေးအသုံးပြုတာကို ယာယီခွင့်ပြုပေးထားပါတယ်။
အောက်တိုဘာလအတွင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကုသတဲ့ ဆေးဝါးတွေထဲမှာလည်း Remdesivir ပါဝင်နေပါတယ်။
Remdesivir ဆေးထုတ်လုပ်တဲ့ Gilead ကုမ္ပဏီကတော့အဆိုပါဆေးဟာ ၂၀၂၀ ခုနှစ် တတိယသုံးလပတ်မှာ ရောင်းအားမြင့်တက်ခဲ့ပြီး ဒေါ်လာသန်း ၉၀၀ နီးပါး ထိရောင်းချခဲ့ရတယ်လို့  လွန်ခဲ့သည့်လက ထုတ်ပြန်ထားပါတယ်။
Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW