လာမယ့် ၅နှစ်အစိုးရအတွက် အကြိုဟောကိန်းနဲ့ ယတြာ

နိုဝင်ဘာ ၂၂-၂၀၂၀

ဆွေလင်းထွန်း+နေလင်း

ဓါတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း

 

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ကာလထက် အနိုင်ပိုရပြီး တနိုင်ငံလုံးမှာ ၈၃ ရာခိုင်နှုန်းခန့်နဲ့ အနိုင်ရလို့ အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလို ဆက်တိုက်အနိုင်ရတော့ အစိုးရအဖွဲ့ ကစားကွက်မှာ လူလဲပြီး ကစားကွက်တွေရွှေ့မလား ဘယ်သူတွေက တိုင်းပြည်ကံကြမ္မာကို ဖန်တီးခွင့်ရမလဲဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့အများပြည်သူအကြား စိတ်ဝင်စားမှုမြင့်တက်နေတာမို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဗီအိုအမ်က တိုက်ရိုက်စကားဝိုင်းဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့ပါတယ်။

 

ကုန်တော့မယ့် ၅နှစ်နောက်ပိုင်းကာလမှာ  သမ္မတတာဝန်ထမ်းတဲ့ ဦးဝင်းမြင့်ကို ရွေးချယ်ခန့်မှန်းသူကတော့  နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ တပ်မတော်အရာရှိဟောင်းဒေါက်တာအောင်မျိုးပါ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှုနဲ့ အမိန့်နာခံမှုတွေကြောင့်  သမ္မတနေရာကို ယခုလက်ရှိသမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကိုပဲ ဆက်လက်တာဝန်ပေးနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့ သမ္မတနေရာအပြောင်းအလဲဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ယုံကြည်အနေနဲ့ သူယုံကြည်ပြီး အချိန်တော်တော်ကြာ အလုပ်အတူလုပ်ခဲ့တဲ့သူတဦး သမ္မတဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြီး ဥပမာအားဖြင့် ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါက်တာမျိုးအောင်တို့ သမ္မတဖြစ်နိုင်တယ်လို့ ဆိုပါတယ်။တိုင်းရင်းသားအရေးလေ့လာသူဖြစ်တဲ့ စိုင်းထွန်းအောင်လွင်ကတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေထဲက သမ္မတဖြစ်နိင်ခြေနည်းပြီး ဗမာလူမျိုးတွေပဲ သမ္မတဖြစ်လိမ့်မယ်လို့ ဆိုပြီး ဘယ်သူဘယ်ဝါဆိုတာတော့ အတပ်မသုံးသပ်ပါဘူး။

 

မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဗဟိုအစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားတွေကို တကယ်အာဏာမပေးဘဲ အပေါ်ယံကျေနပ်အောင်သာ ဒုသမ္မတရာထူးတွေ ပေးအပ်လေ့ရှိတယ်လို့ ဒေါက်တာအောင်မျိုးက ဆိုပါတယ်။ ယခု သက်တမ်းမှာတော့ အရင်က ရှမ်းနဲ့ ချင်းနဲ့ ဒုသမ္မတဖြစ်ပြီးပြီမို့ ကရင်တိုင်းရင်းသားလည်းဖြစ်ပြီး NLD အပေါ် စ္စာရှိတဲ့ မန်းဝင်းခိုင်သန်းက ဒုသမ္မတ(၂) ဖြစ်လာနိုင်ဖွယ်ရှိမယ်လို့ သုံးသပ်ခဲ့ပါတယ်။ စိုင်းထွန်းအောင်လွင်ကလည်း ceremonial အတွက် NLD ထဲကပဲဖြစ်ဖြစ် အခြားတိုင်းရင်းသားပါတီထဲကဖြစ်ဖြစ် ဒုသမ္မတပေးတာမျိုးဖြစ်နိုင်ပေမယ့် အရင်လိုပဲ လုပ်ပိုင်ခွင့်မရှိဘူးဆိုရင်‌တော့ ဘယ်သူပဲ ဒုသမ္မတဖြစ်ဖြစ် ထူးမှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ဒေါက်တာရန်မျိုးသိမ်းက NLD အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ရင်ကိုယ့်ပါတီထဲကထက် တိုင်းရင်းသားပါတီက တိုင်းရင်းသားတယောက်ကို ဒုသမ္မတအနေနဲ့ကမ်းလှမ်းရင်ပိုကောင်းမယ်လို့ ပြောပါတယ်။ လာမယ့်သက်တမ်းမှာ ဒုသမ္မတ(၂) ဟာ ကချင်လူမျိုးတဦး ဖြစ်လာနိုင်ပြီး ကချင်တိုင်းရင်းသားတွေထဲမှာ ဩဇာရှိတဲ့ လူသိထင်ရှားရှိတဲ့ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ကမ်းလှမ်းသင့်တယ်လို့ ဆိုပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့် ညီမျှမှ ထိရောက်အလုပ်ဖြစ်မယ်လို့ ဆက်ပြောပါတယ်။

 

တပ်မတော်ဘက်က ရွေးချယ်ရမယ့် ဒုသမ္မတနေရာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကနေ အနားယူပြီး ဒုသမ္မတဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေက ဖြစ်မလာနိုင်ဘူးလို့ လေ့လာသူသုံးဦးလုံးက တညီတညွတ်တည်း သုံးသပ်ကြပါတယ်။

 

ဒေါက်တာအောင်မျိုးက စစ်ဘက်က တိုင်းမှူး၊ ဒုတိုင်းမှူးနေရာတွေနဲ့ ဥပမာပေးပြီး သမ္မတကတပ်မှူး၊ ဒုသမ္မတက တပ်မှူးလိုအပ်တာကို ထောက်ကူရတာဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဒုသမ္မတမလုပ်ဘဲ အခြေခံဥပဒေ ၂၀(ခ)အရ တပ်မတော်ထဲမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခြေခံဥပဒေ ၂၀(ခ)မှာ တပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတပ်မတော်က လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားတာဖြစ်ကြောင်း ဆွေးနွေးပါတယ်။ ဒေါက်တာရန်မျိုးသိမ်းကလည်း အစိုးရအသစ်ဖွဲ့ပြီးကာစမှာ ကာကွယ်ရေးဦးစီးချုပ်ကိုအသစ်ခန့်ဖို့မဖြစ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် အစိုးရလုပ်ငန်းတွေ လုပ်ဖို့အတွက်အစိုးရဖွဲ့ပြီး ၂နှစ်ခန့်ကြာမှ ကာချုပ်အသစ်ခန့်အပ်မယ်လို့ သုံးသပ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဆက်ယူထားနိုင်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတနေရာအတွက် နိုင်ငံခြားရေးဝန်ကြီးနေရာကိုလည်း ဆက်ယူထားအုံးမယ်လို့ဒေါက်တာအောင်မျိုးက သုံးသပ်ပါတယ်။  ဒေါက်တာရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌနေရာမှာ တာဝန်ယူခဲ့ရင် အုပ်ချုပ်ရေး ဥပဒေပြုရေး၊ ပါတီတည်ဆောက်ရေးတွေ လုပ်နိုင်တဲ့အတွက် ဗျူဟာမြောက်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအားကောင်းလာနိုင်ပေမယ့် ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်ပါတယ်။ လွှတ်တော်စခေါ်ချင်းမှာအတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို သက်တမ်းတိုးဖို့က ဖြစ်နိုင်ခြေပိုများပြီး တပ်မတော်အနေနဲ့လည်းအတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးက ၎င်းတို့အတွက် လိုအပ်နေတာကြောင့် အရင်လွှတ်တော်လောက်ကန့်ကွက်နိုင်ခြေမရှိဘူးလို့ ပြောပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြီးခဲ့တဲ့သက်တမ်းမှာပြည်ထောင်စုလွှတ်တော်ကို လာပြီးစကားပြောတာမျိုး၊ လုပ်ဆောင်မှုတွေကို တင်ပြတာမျိုးမရှိခဲ့ဘဲ နောက်သက်တမ်းမှာတော့ တနှစ်တကြိမ်ခန့် စကားလာပြောတာမျိုး လာလုပ်သင့်တယ်လို့အကြံပြုပါတယ်။ လွှတ်တော်ဥက္ကဌနေရာတွေလည်း လာမယ့်လွှတ်တော်သက်တမ်းမှာ ပြောင်းလဲနိုင်ပြီး တိုင်းရင်းသားပါတီက အမတ်တွေ၊ အမျိုးသမီးတွေနဲ့ လူလတ်ပိုင်းတွေကို ပိုပြီးနေရာပေးသင့်တယ်လို့ သုံးသပ်ပါတယ်။

 

ပြီးခဲ့တဲ့ သက်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပပုဂ္ဂိုလ်ရာထူးယူလိုက်တဲ့အတွက် လွှတ်တော်က အစိုးရအောက်ရောက်သလိုဖြစ်သွားတဲ့ သဘောသက်ရောက်ပြီး ဒီမိုကရေစီအမူအကျင့်အရ မဖြစ်သင့်ဘူးလို့ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။ သုတေသနတွေအရ ဒီမိုကရေစီအကူးပြောင်းဟာ လွှတ်တော်နဲ့ ဆက်စပ်တာကို တွေ့ရတဲ့အတွက် လွှတ်တော်အားကောင်းဖို့လိုပြီး လူမှန်နေရာမှန်ဖြစ်ဖို့ လိုတယ်လို့ ဆက်ပြောပါတယ်။

 

အစိုးရဝန်ကြီးဌာတွေနဲ့ ပတ်သက်ပြီး ခုရှိနေတဲ့ ဝန်ကြီးဌာန ၂၄ ခုက ကျစ်လစ်ပေမယ့် အချို့ဝန်ကြီးဌာတွေကတော့ မလိုအပ်ဘူးလို့ ဒေါက်တာအောင်မျိုးက သုံးသပ်ပါတယ်။ အတိုင်ပင်ခံဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနတို့ဟာ မလိုအပ်တော့တဲ့ဝန်ကြီးဌာနတွေဖြစ်ပြီး နိင်ငံတော်အင်္ဂါစဉ်တွေကိုလည်း ပြင်ဆင်သင့်တယ်လို့ အကြံပြုပါတယ်။

ဒေါက်တာအောင်မျိုးက “အမျိုးသားစီမံကိန်းဝန်ကြီးဌာနက အောက်ဆုံးကရေရင် နံပါတ်လေးလောက်မှာရောက်နေတယ်။ ဒေါက်တာကျော်ဝင်းကို ဘွဲ့တုကြောင့်အောက်ချလားတော့ မပြောတတ်ဘူးပေါ့နော်။ အရင်တုန်းကဆိုရင် အမျိုးသားစီမံကိန်းဝန်ကြီးက ဒုဝန်ကြီးချုပ် ပူးတွဲတာဝန်ယူရတာဖြစ်တယ်” လို့ ပြောပါတယ်။

 

ပြန်ကြားရေးဝန်ကြီးဌာနမလိုအပ်ဘူးလို့ ပါဝင်ဆွေးနွေးခဲ့တဲ့ လေ့လာသူ သုံးဦးလုံးကတညီတညွတ်တည်း သုံးသပ်ပြီး အခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းတာမျိုးလုပ်သင့်တယ်လို့ ဆိုကြပါတယ်။ စိုင်းထွန်းအောင်လွင်ကတော့ သာသနာရေးဝန်ကြီးဌာန ရှိသင့်မရှိသင့်ကိုလည်း ရေရှည်မှာ ဆွေးနွေးသင့်ပြီး ဘာသာရေးနဲ့သက်ဆိုင်နေတဲ့အတွက် သတိထားဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ လာမယ့်အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ပိုထိရောက်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဝန်ကြီးဌာနဆိုပြီး တိုးချဲ့ဖွဲ့စည်းသင့်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။

 

ဒီမိုကရေစီရဲ့ ကျင့်စဉ်တခုဖြစ်တဲ့ အပြန်အလှန်ထိန်းညှိနိုင်ရေး အားကောင်းဖို့ဆိုရင် အစိုးရအဖွဲ့၊လွှတ်တော်တို့နဲ့အတူ တရားရေးကိုလည်း ပိုအားကောင်းအောင်လုပ်သင့်တယ်လို့ ဆိုကြပါတယ်။ဒေါက်တာအောင်မျိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေနေရာမှာ NLD ပါတီဝင် တရားလွှတ်တော်ရှေ့နေတွေပါဝင်လာနိုင်ပြီး တရားသူကြီးချုပ်ကတော့ လက်ရှိတရားသူကြီးချုပ်ပဲ ဆက်ရှိနေမယ်လို့ နိုင်ငံတကာနဲ့ယှဉ်ပြီးသုံးသပ်ပါတယ်။ ဒေါက်တာရန်မျိုးသိမ်းကလည်း တရားဥပဒေစိုးမိုးရေးက အရေးကြီးပြီး အစိုးရကို ထိန်းကျောင်းနိုင်ဖို့ဆိုရင် လာမယ့် ငါးနှစ်မှာ သတင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ပိုမြှင့်ပေးဖို့လိုတယ်လို့ပြောပါတယ်။

 

သမ္မတရုံးဝန်ကြီးပြောခွင့်ရသူ ဦးဇော်ဌေးက လာမယ့် သက်တမ်းမှာ National Unity Government တခု ပေါ်ပေါက်လာမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်ကလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပြီး NLD ပါတီကလည်း ရွေးကောက်ပွဲအနိုင်ရပြီးနောက် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာမျိုးရှိပါတယ်။ အဲ့အပေါ်မှာ ဒေါက်တာအောင်မျိုးက “National unity ဆိုတာကျယ်ပြန့်တယ်ဗျ။ အမျိုးသားရင်ကြားစေ့ရေးကို သွားဖို့ဆိုရင်coalition လို့ခေါ်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရဖြစ်ဖို့အတွက် ပါတီတွေပေါင်းပြီး ဖွဲ့တာကောင်းတယ်။ လူတန်းစားအလွှာတွေကိုကိုယ်စားပြုဖို့လိုပြီး ပြည်ခိုင်ဖြိုးတို့လို၊  ဦးကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီလို၊ တတ်သိတွေထဲကဆိုရင် ဒေါ်သက်သက်ခိုင်တို့၊ ဦးသိန်းညွန့်တို့ရဲ့ ပါတီတွေကို ဖိတ်ခေါ်ပြီး အစိုးရထဲဖိတ်ဖို့ လိုတယ်” လို့ သုံးသပ်ပါတယ်။

 

ဒေါက်တာရန်မျိုးသိမ်းကတော့ ၂၀၀၈ ခြေဥအရ အစိုးရကို အယုံအကြည်မရှိအဆို သွင်းလို့မရတဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မဖြစ်နိုင်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ လာမယ့်သက်တမ်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို သုံးလေးငါးဆတိုးပြီးလုပ်ဖို့လိုပြီး အစိုးရခေါင်းဆောင်တွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင်ထုတ်ပြန်ဖို့လိုတယ်လို့ ပြောပါတယ်။ ပွင့်လင်းမြင်သာမှုရှိရေးအတွက် အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်းတွေကို ပုံမှန်ထုတ်ပြန်ဖို့လိုတယ်လို့လည်း သုံးသပ်ပါတယ်။

 

ဒေါက်တာရန်မျိုးသိမ်းက “ဗီယက်နမ်မှာဆိုရင် အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်းတွေကိုအစိုးရအဖွဲ့ရုံးဝက်ဘ်ဆိုက်ကနေ ပုံမှန်ထုတ်ထုတ်ပြန်တာမျိုးရှိတယ်။ ဒီမှာတော့ အဲ့လိုလုပ်တာမျိုးတွေ မတွေ့ရဘူး။ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်ရေးကို ဦးတည်တဲ့အတွက် အစိုးရအဖွဲ့အစည်းအဝေးမှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့လိုတယ်” လို့ သုံးသပ်ပါတယ်။

 

စိုင်းထွန်းအောင်လွင်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ပါတီဘက်ကမဟုတ်ဘဲ ဗျူရိုကရေစီဘက်က အရင်ထွက်လာတာဖြစ်ပြီး ဖရိမ်လည်း သေချာမရှိဘူးလို့ မြင်ပါတယ်။မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပမှာတိုးလာတဲ့ အကြပ်အတည်းတွေနဲ့ နာတာရှည်ထိခိုက်လာတာတွေကို ကုစားဖို့ဆိုရင်တော့ “ဖွဲ့စည်းပုံမပြင်နိုင်သေးတဲ့တိုင်အောင် national unity လို့ပဲခေါ်ခေါ်solidarity အစိုးရလို့ပဲခေါ်ခေါ် ဒါမျိုးအစိုးရဖွဲ့ပြီး ရှင်းတာ လက်တွေ့ကျတာပေါ့။ လာမယ့် နှစ်လသုံးလအတွင်းမှာ သေချာလုပ်ရမှာပေါ့” လို့ သုံးသပ်ပါတယ်။

 

ဒါတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သူတို့လေ့လာထားတာတွေနဲ့ ချိန်ထိုးတွေးဆပြီး ဖြစ်သင့်တာတွေကို တွက်ဆခန့်မှန်းထားတာဖြစ်ပါတယ်။

 

တချို့နိုင်ငံရေးအကဲခတ်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ရတဲ့ အစိုးရမို့ ဖွဲ့စည်းပုံကို မပြင်နိုင်သေးသမျှ ထူးထူးခြားခြားပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ခန့်မှန်းကြသလို ၊ စစ်တပ်နဲ့ အနိုင်ရအစိုးရ ပူးပေါင်းလုပ်ရင် တိုင်းပြည်ကံကြမ္မာတနည်းတဖုံ ပြောင်းနိုင်မယ်လို့ ဆိုကြသူလည်းရှိသလို အစိုးရသက်တမ်း ၅နှစ်လုပ်ပြီးပြီမို့  လာမယ့်သက်တမ်းမှာ အကောင်းဆုံးလုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်နေသူတွေလည်း ရှိပါတယ်။

 

NLD အစိုးရကတော့ သစ်ခုတ်ရမယ့်ကာလမဟုတ်တော့ဘဲ ပန်းပုထုဆစ်ရမယ့်အချိန်လို့ ဆိုထားတာကြောင့် မြန်မာ့ဒီမိုရုပ်တုကို ဘယ်လိုပန်းပုဆရာတွေက ထုဆစ်ကြမလဲ ဆိုတာ မတ်လကုန်ပိုင်းဆိုရင် အတိအကျသိရတော့မှာပါ။

 

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေက မျှော်လင့်ချက်အပြည့်နဲ့ ပုံအောမဲထည့်ခဲ့ကြလို့ နိုင်ထားတဲ့ NLDအစိုးရအနေနဲ့  ပြည်သူကိုချပြထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်တွေကို ကျေပွန်အောင်လုပ်ပြီး၊ လုပ်သင့်တာတွေကို ပြတ်ပြတ်သားသားလုပ်ပြနိုင်မှ ပြည်သူ့ဆန္ဒပြည့်ဝအောင်လုပ်နိုင်တဲ့ အစိုးရအဖြစ် သမိုင်းတွင်ကျန်မှာဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #နိုင်ငံရေးသုံးသပ်ချက် #

 

zawgyi

လာမယ့္ ၅ႏွစ္အစိုးရအတြက္ အႀကိဳေဟာကိန္းနဲ႔ ယၾတာ

ႏိုဝင္ဘာ ၂၂-၂၀၂၀
ေဆြလင္းထြန္း+ေနလင္း
ဓါတ္ပုံ- ေ႐ႊအင္းသား ခင္ေမာင္ဝင္း

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ၁၉၉၀ကာလထက္ အႏိုင္ပိုရၿပီး တႏိုင္ငံလုံးမွာ ၈၃ ရာခိုင္ႏႈန္းခန႔္နဲ႔ အႏိုင္ရလို႔ အစိုးရဖြဲ႕ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒီလို ဆက္တိုက္အႏိုင္ရေတာ့ အစိုးရအဖြဲ႕ ကစားကြက္မွာ လူလဲၿပီး ကစားကြက္ေတြေ႐ႊ႕မလား ဘယ္သူေတြက တိုင္းျပည္ကံၾကမၼာကို ဖန္တီးခြင့္ရမလဲဆိုတာ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြနဲ႔ အမ်ားျပည္သူအၾကား စိတ္ဝင္စားမႈျမင့္တက္ေနတာမို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြနဲ႔ ဗီအိုအမ္က တိုက္႐ိုက္စကားဝိုင္းေဆြးေႏြးပြဲ လုပ္ျဖစ္ခဲ့ပါတယ္။

ကုန္ေတာ့မယ့္ ၅ႏွစ္ေနာက္ပိုင္းကာလမွာ သမၼတတာဝန္ထမ္းတဲ့ ဦးဝင္းျမင့္ကို ေ႐ြးခ်ယ္ခန႔္မွန္းသူကေတာ့ ႏိုင္ငံေရးနဲ႔ စစ္ေရးေလ့လာသုံးသပ္သူတဦးျဖစ္တဲ့ တပ္မေတာ္အရာရွိေဟာင္း ေဒါက္တာေအာင္မ်ိဳးပါ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ယုံၾကည္မႈနဲ႔ အမိန႔္နာခံမႈေတြေၾကာင့္ သမၼတေနရာကို ယခုလက္ရွိသမၼတျဖစ္တဲ့ ဦးဝင္းျမင့္ကိုပဲ ဆက္လက္တာဝန္ေပးႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။ ႏိုင္ငံေရးေလ့လာသုံးသပ္သူတဦးျဖစ္တဲ့ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ သမၼတေနရာအေျပာင္းအလဲျဖစ္ႏိုင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ယုံၾကည္အေနနဲ႔ သူယုံၾကည္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာ အလုပ္အတူလုပ္ခဲ့တဲ့သူတဦး သမၼတျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ၿပီး ဥပမာအားျဖင့္ ေဒါက္တာတင္မ်ိဳးဝင္းနဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ သမၼတျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ တိုင္းရင္းသားအေရးေလ့လာသူျဖစ္တဲ့ စိုင္းထြန္းေအာင္လြင္ကေတာ့ ဗမာမဟုတ္တဲ့ တိုင္းရင္းသားေတြထဲက သမၼတျဖစ္နိင္ေျခနည္းၿပီး ဗမာလူမ်ိဳးေတြပဲ သမၼတျဖစ္လိမ့္မယ္လို႔ ဆိုၿပီး ဘယ္သူဘယ္ဝါဆိုတာေတာ့ အတပ္မသုံးသပ္ပါဘူး။

ျမန္မာျပည္ကို အုပ္ခ်ဳပ္ခဲ့တဲ့ ဗဟိုအစိုးရအဆက္ဆက္ဟာ တိုင္းရင္းသားေတြကို တကယ္အာဏာမေပးဘဲ အေပၚယံေက်နပ္ေအာင္သာ ဒုသမၼတရာထူးေတြ ေပးအပ္ေလ့ရွိတယ္လို႔ ေဒါက္တာေအာင္မ်ိဳးက ဆိုပါတယ္။ ယခု သက္တမ္းမွာေတာ့ အရင္က ရွမ္းနဲ႔ ခ်င္းနဲ႔ ဒုသမၼတျဖစ္ၿပီးၿပီမို႔ ကရင္တိုင္းရင္းသားလည္းျဖစ္ၿပီး NLD အေပၚ စၥာရွိတဲ့ မန္းဝင္းခိုင္သန္းက ဒုသမၼတ(၂) ျဖစ္လာႏိုင္ဖြယ္ရွိမယ္လို႔ သုံးသပ္ခဲ့ပါတယ္။ စိုင္းထြန္းေအာင္လြင္ကလည္း ceremonial အတြက္ NLD ထဲကပဲျဖစ္ျဖစ္ အျခားတိုင္းရင္းသားပါတီထဲကျဖစ္ျဖစ္ ဒုသမၼတေပးတာမ်ိဳးျဖစ္ႏိုင္ေပမယ့္ အရင္လိုပဲ လုပ္ပိုင္ခြင့္မရွိဘူးဆိုရင္‌ေတာ့ ဘယ္သူပဲ ဒုသမၼတျဖစ္ျဖစ္ ထူးမွာမဟုတ္ဘူးလို႔ သုံးသပ္ခဲ့ပါတယ္။ ေဒါက္တာရန္မ်ိဳးသိမ္းက NLD အေနနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ဦးတည္ရင္ ကိုယ့္ပါတီထဲကထက္ တိုင္းရင္းသားပါတီက တိုင္းရင္းသားတေယာက္ကို ဒုသမၼတအေနနဲ႔ ကမ္းလွမ္းရင္ပိုေကာင္းမယ္လို႔ ေျပာပါတယ္။ လာမယ့္သက္တမ္းမွာ ဒုသမၼတ(၂) ဟာ ကခ်င္လူမ်ိဳးတဦး ျဖစ္လာႏိုင္ၿပီး ကခ်င္တိုင္းရင္းသားေတြထဲမွာ ဩဇာရွိတဲ့ လူသိထင္ရွားရွိတဲ့ပုဂၢိဳလ္မ်ိဳးကို ေ႐ြးခ်ယ္ကမ္းလွမ္းသင့္တယ္လို႔ ဆိုၿပီး တာဝန္နဲ႔ လုပ္ပိုင္ခြင့္ ညီမွ်မွ ထိေရာက္အလုပ္ျဖစ္မယ္လို႔ ဆက္ေျပာပါတယ္။

တပ္မေတာ္ဘက္က ေ႐ြးခ်ယ္ရမယ့္ ဒုသမၼတေနရာနဲ႔ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္ကေန အနားယူၿပီး ဒုသမၼတျဖစ္လာႏိုင္တယ္ဆိုတဲ့ ခန႔္မွန္းမႈေတြက ျဖစ္မလာႏိုင္ဘူးလို႔ ေလ့လာသူသုံးဦးလုံးက တညီတၫြတ္တည္း သုံးသပ္ၾကပါတယ္။

ေဒါက္တာေအာင္မ်ိဳးက စစ္ဘက္က တိုင္းမႉး၊ ဒုတိုင္းမႉးေနရာေတြနဲ႔ ဥပမာေပးၿပီး သမၼတက တပ္မႉး၊ ဒုသမၼတက တပ္မႉးလိုအပ္တာကို ေထာက္ကူရတာျဖစ္တဲ့အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေနနဲ႔ ဒုသမၼတမလုပ္ဘဲ အေျခခံဥပေဒ ၂၀(ခ)အရ တပ္မေတာ္ထဲမွာပဲ ဆက္ရွိေနလိမ့္မယ္လို႔ သုံးသပ္ခဲ့ပါတယ္။ အေျခခံဥပေဒ ၂၀(ခ)မွာ တပ္နဲ႔ပတ္သက္တဲ့ကိစၥေတြကို တပ္မေတာ္က လြတ္လပ္စြာေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ျပဌာန္းထားတာျဖစ္ေၾကာင္း ေဆြးေႏြးပါတယ္။ ေဒါက္တာရန္မ်ိဳးသိမ္းကလည္း အစိုးရအသစ္ဖြဲ႕ၿပီးကာစမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အသစ္ခန႔္ဖို႔မျဖစ္ႏိုင္ဘဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အပါအဝင္ အစိုးရလုပ္ငန္းေတြ လုပ္ဖို႔အတြက္ အစိုးရဖြဲ႕ၿပီး ၂ႏွစ္ခန႔္ၾကာမွ ကာခ်ဳပ္အသစ္ခန႔္အပ္မယ္လို႔ သုံးသပ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ရာထူးကို ဆက္ယူထားႏိုင္ၿပီး ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီတေနရာအတြက္ ႏိုင္ငံျခားေရးဝန္ႀကီးေနရာကိုလည္း ဆက္ယူထားအုံးမယ္လို႔ ေဒါက္တာေအာင္မ်ိဳးက သုံးသပ္ပါတယ္။ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လႊတ္ေတာ္ဥကၠ႒ေနရာမွာ တာဝန္ယူခဲ့ရင္ အုပ္ခ်ဳပ္ေရး ဥပေဒျပဳေရး၊ ပါတီတည္ေဆာက္ေရးေတြ လုပ္ႏိုင္တဲ့အတြက္ ဗ်ဴဟာေျမာက္ၿပီး ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရး အားေကာင္းလာႏိုင္ေပမယ့္ ျဖစ္ႏိုင္ေျခနည္းတယ္လို႔ သုံးသပ္ပါတယ္။ လႊတ္ေတာ္စေခၚခ်င္းမွာ အတိုင္ပင္ခံပုဂၢိဳလ္ဥပေဒကို သက္တမ္းတိုးဖို႔က ျဖစ္ႏိုင္ေျခပိုမ်ားၿပီး တပ္မေတာ္အေနနဲ႔လည္း အတိုင္ပင္ခံပုဂၢိဳလ္ရာထူးက ၎တို႔အတြက္ လိုအပ္ေနတာေၾကာင့္ အရင္လႊတ္ေတာ္ေလာက္ ကန႔္ကြက္ႏိုင္ေျခမရွိဘူးလို႔ ေျပာပါတယ္။ အတိုင္ပင္ခံပုဂၢိဳလ္အေနနဲ႔ ၿပီးခဲ့တဲ့သက္တမ္းမွာ ျပည္ေထာင္စုလႊတ္ေတာ္ကို လာၿပီးစကားေျပာတာမ်ိဳး၊ လုပ္ေဆာင္မႈေတြကို တင္ျပတာမ်ိဳးမရွိခဲ့ဘဲ ေနာက္သက္တမ္းမွာေတာ့ တႏွစ္တႀကိမ္ခန႔္ စကားလာေျပာတာမ်ိဳး လာလုပ္သင့္တယ္လို႔ အႀကံျပဳပါတယ္။ လႊတ္ေတာ္ဥကၠဌေနရာေတြလည္း လာမယ့္လႊတ္ေတာ္သက္တမ္းမွာ ေျပာင္းလဲႏိုင္ၿပီး တိုင္းရင္းသားပါတီက အမတ္ေတြ၊ အမ်ိဳးသမီးေတြနဲ႔ လူလတ္ပိုင္းေတြကို ပိုၿပီးေနရာေပးသင့္တယ္လို႔ သုံးသပ္ပါတယ္။

ၿပီးခဲ့တဲ့ သက္တမ္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံေတာ္အတိုင္ပင္ခံပပုဂၢိဳလ္ရာထူးယူလိုက္တဲ့အတြက္ လႊတ္ေတာ္က အစိုးရေအာက္ေရာက္သလိုျဖစ္သြားတဲ့ သေဘာသက္ေရာက္ၿပီး ဒီမိုကေရစီအမူအက်င့္အရ မျဖစ္သင့္ဘူးလို႔ စိုင္းထြန္းေအာင္လြင္က သုံးသပ္ပါတယ္။ သုေတသနေတြအရ ဒီမိုကေရစီအကူးေျပာင္းဟာ လႊတ္ေတာ္နဲ႔ ဆက္စပ္တာကို ေတြ႕ရတဲ့အတြက္ လႊတ္ေတာ္အားေကာင္းဖို႔လိုၿပီး လူမွန္ေနရာမွန္ျဖစ္ဖို႔ လိုတယ္လို႔ ဆက္ေျပာပါတယ္။

အစိုးရဝန္ႀကီးဌာေတြနဲ႔ ပတ္သက္ၿပီး ခုရွိေနတဲ့ ဝန္ႀကီးဌာန ၂၄ ခုက က်စ္လစ္ေပမယ့္ အခ်ိဳ႕ဝန္ႀကီးဌာေတြကေတာ့ မလိုအပ္ဘူးလို႔ ေဒါက္တာေအာင္မ်ိဳးက သုံးသပ္ပါတယ္။ အတိုင္ပင္ခံဝန္ႀကီးဌာန ရင္းႏွီးျမႇဳပ္ႏွံမႈဝန္ႀကီးဌာနနဲ႔ အစိုးရအဖြဲ႕ဝန္ႀကီးဌာနတို႔ဟာ မလိုအပ္ေတာ့တဲ့ ဝန္ႀကီးဌာနေတြျဖစ္ၿပီး နိင္ငံေတာ္အဂၤါစဥ္ေတြကိုလည္း ျပင္ဆင္သင့္တယ္လို႔ အႀကံျပဳပါတယ္။
ေဒါက္တာေအာင္မ်ိဳးက “အမ်ိဳးသားစီမံကိန္းဝန္ႀကီးဌာနက ေအာက္ဆုံးကေရရင္ နံပါတ္ေလးေလာက္မွာေရာက္ေနတယ္။ ေဒါက္တာေက်ာ္ဝင္းကို ဘြဲ႕တုေၾကာင့္ေအာက္ခ်လားေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။ အရင္တုန္းကဆိုရင္ အမ်ိဳးသားစီမံကိန္းဝန္ႀကီးက ဒုဝန္ႀကီးခ်ဳပ္ ပူးတြဲတာဝန္ယူရတာျဖစ္တယ္” လို႔ ေျပာပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာနမလိုအပ္ဘူးလို႔ ပါဝင္ေဆြးေႏြးခဲ့တဲ့ ေလ့လာသူ သုံးဦးလုံးက တညီတၫြတ္တည္း သုံးသပ္ၿပီး အျခားဝန္ႀကီးဌာနေတြနဲ႔ ေပါင္းတာမ်ိဳးလုပ္သင့္တယ္လို႔ ဆိုၾကပါတယ္။ စိုင္းထြန္းေအာင္လြင္ကေတာ့ သာသနာေရးဝန္ႀကီးဌာန ရွိသင့္မရွိသင့္ကိုလည္း ေရရွည္မွာ ေဆြးေႏြးသင့္ၿပီး ဘာသာေရးနဲ႔သက္ဆိုင္ေနတဲ့အတြက္ သတိထားေဆာင္႐ြက္ရမယ္လို႔ ဆိုပါတယ္။ လာမယ့္အစိုးရသက္တမ္းမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြလုပ္ေဆာင္ရာမွာ ပိုထိေရာက္ဖို႔အတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဝန္ႀကီးဌာနဆိုၿပီး တိုးခ်ဲ႕ဖြဲ႕စည္းသင့္တယ္လို႔ ေဒါက္တာရန္မ်ိဳးသိမ္းက အႀကံျပဳပါတယ္။

ဒီမိုကေရစီရဲ႕ က်င့္စဥ္တခုျဖစ္တဲ့ အျပန္အလွန္ထိန္းညႇိႏိုင္ေရး အားေကာင္းဖို႔ဆိုရင္ အစိုးရအဖြဲ႕၊ လႊတ္ေတာ္တို႔နဲ႔အတူ တရားေရးကိုလည္း ပိုအားေကာင္းေအာင္လုပ္သင့္တယ္လို႔ ဆိုၾကပါတယ္။ ေဒါက္တာေအာင္မ်ိဳးက ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးေတြေနရာမွာ NLD ပါတီဝင္ တရားလႊတ္ေတာ္ေရွ႕ေနေတြပါဝင္လာႏိုင္ၿပီး တရားသူႀကီးခ်ဳပ္ကေတာ့ လက္ရွိတရားသူႀကီးခ်ဳပ္ပဲ ဆက္ရွိေနမယ္လို႔ ႏိုင္ငံတကာနဲ႔ယွဥ္ၿပီးသုံးသပ္ပါတယ္။ ေဒါက္တာရန္မ်ိဳးသိမ္းကလည္း တရားဥပေဒစိုးမိုးေရးက အေရးႀကီးၿပီး အစိုးရကို ထိန္းေက်ာင္းႏိုင္ဖို႔ဆိုရင္ လာမယ့္ ငါးႏွစ္မွာ သတင္းမီဒီယာနဲ႔ အရပ္ဖက္အဖြဲ႕ေတြရဲ႕ အခန္းက႑ကို ပိုျမႇင့္ေပးဖို႔လိုတယ္လို႔ ေျပာပါတယ္။

သမၼတ႐ုံးဝန္ႀကီးေျပာခြင့္ရသူ ဦးေဇာ္ေဌးက လာမယ့္ သက္တမ္းမွာ National Unity Government တခု ေပၚေပါက္လာမယ္လို႔ ေ႐ြးေကာက္ပြဲမတိုင္ခင္ကလုပ္တဲ့ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ဖူးၿပီး NLD ပါတီကလည္း ေ႐ြးေကာက္ပြဲအႏိုင္ရၿပီးေနာက္ တိုင္းရင္းသားပါတီေတြနဲ႔ လက္တြဲေဆာင္႐ြက္ဖို႔ ဖိတ္ေခၚခဲ့တာမ်ိဳးရွိပါတယ္။ အဲ့အေပၚမွာ ေဒါက္တာေအာင္မ်ိဳးက “National unity ဆိုတာက်ယ္ျပန႔္တယ္ဗ်။ အမ်ိဳးသားရင္ၾကားေစ့ေရးကို သြားဖို႔ဆိုရင္ coalition လို႔ေခၚတဲ့ အမ်ိဳးသားၫြန႔္ေပါင္းအစိုးရျဖစ္ဖို႔အတြက္ ပါတီေတြေပါင္းၿပီး ဖြဲ႕တာေကာင္းတယ္။ လူတန္းစားအလႊာေတြကိုကိုယ္စားျပဳဖို႔လိုၿပီး ျပည္ခိုင္ၿဖိဳးတို႔လို၊ ဦးကိုကိုႀကီးတို႔ရဲ႕ ျပည္သူ႔ပါတီလို၊ တတ္သိေတြထဲကဆိုရင္ ေဒၚသက္သက္ခိုင္တို႔၊ ဦးသိန္းၫြန႔္တို႔ရဲ႕ ပါတီေတြကို ဖိတ္ေခၚၿပီး အစိုးရထဲဖိတ္ဖို႔ လိုတယ္” လို႔ သုံးသပ္ပါတယ္။

ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ၂၀၀၈ ေျခဥအရ အစိုးရကို အယုံအၾကည္မရွိအဆို သြင္းလို႔မရတဲ့အတြက္ ၫြန႔္ေပါင္းအစိုးရဖြဲ႕ဖို႔ မျဖစ္ႏိုင္ဘဲ အမ်ိဳးသားညီၫြတ္ေရးအစိုးရသာ ျဖစ္သင့္တယ္လို႔ ဆိုပါတယ္။ လာမယ့္သက္တမ္းမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးကို သုံးေလးငါးဆတိုးၿပီးလုပ္ဖို႔လိုၿပီး အစိုးရေခါင္းေဆာင္ေတြအေနနဲ႔ ပိုင္ဆိုင္မႈေတြကို အမ်ားျပည္သူသိေအာင္ထုတ္ျပန္ဖို႔လိုတယ္လို႔ ေျပာပါတယ္။ ပြင့္လင္းျမင္သာမႈရွိေရးအတြက္ အစိုးရအဖြဲ႕ အစည္းအေဝးမွတ္တမ္းေတြကို ပုံမွန္ထုတ္ျပန္ဖို႔လိုတယ္လို႔လည္း သုံးသပ္ပါတယ္။

ေဒါက္တာရန္မ်ိဳးသိမ္းက “ဗီယက္နမ္မွာဆိုရင္ အစိုးရအဖြဲ႕ အစည္းအေဝးမွတ္တမ္းေတြကို အစိုးရအဖြဲ႕႐ုံးဝက္ဘ္ဆိုက္ကေန ပုံမွန္ထုတ္ထုတ္ျပန္တာမ်ိဳးရွိတယ္။ ဒီမွာေတာ့ အဲ့လိုလုပ္တာမ်ိဳးေတြ မေတြ႕ရဘူး။ တာဝန္ယူမႈတာဝန္ခံမႈရွိတဲ့ အစိုးရျဖစ္ေရးကို ဦးတည္တဲ့အတြက္ အစိုးရအဖြဲ႕အစည္းအေဝးမွတ္တမ္းေတြကို ထုတ္ျပန္ေပးဖို႔လိုတယ္” လို႔ သုံးသပ္ပါတယ္။

စိုင္းထြန္းေအာင္လြင္ကေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုတာ ပါတီဘက္ကမဟုတ္ဘဲ ဗ်ဴ႐ိုကေရစီဘက္က အရင္ထြက္လာတာျဖစ္ၿပီး ဖရိမ္လည္း ေသခ်ာမရွိဘူးလို႔ ျမင္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းျပည္ပမွာတိုးလာတဲ့ အၾကပ္အတည္းေတြနဲ႔ နာတာရွည္ထိခိုက္လာတာေတြကို ကုစားဖို႔ဆိုရင္ေတာ့ “ဖြဲ႕စည္းပုံမျပင္ႏိုင္ေသးတဲ့တိုင္ေအာင္ national unity လို႔ပဲေခၚေခၚ solidarity အစိုးရလို႔ပဲေခၚေခၚ ဒါမ်ိဳးအစိုးရဖြဲ႕ၿပီး ရွင္းတာ လက္ေတြ႕က်တာေပါ့။ လာမယ့္ ႏွစ္လသုံးလအတြင္းမွာ ေသခ်ာလုပ္ရမွာေပါ့” လို႔ သုံးသပ္ပါတယ္။

ဒါေတြကေတာ့ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက သူတို႔ေလ့လာထားတာေတြနဲ႔ ခ်ိန္ထိုးေတြးဆၿပီး ျဖစ္သင့္တာေတြကို တြက္ဆခန႔္မွန္းထားတာျဖစ္ပါတယ္။

တခ်ိဳ႕ႏိုင္ငံေရးအကဲခတ္ေတြကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံေအာက္ကေန လုပ္ရတဲ့ အစိုးရမို႔ ဖြဲ႕စည္းပုံကို မျပင္ႏိုင္ေသးသမွ် ထူးထူးျခားျခားေျပာင္းလဲႏိုင္မွာမဟုတ္ဘူးလို႔ခန႔္မွန္းၾကသလို ၊ စစ္တပ္နဲ႔ အႏိုင္ရအစိုးရ ပူးေပါင္းလုပ္ရင္ တိုင္းျပည္ကံၾကမၼာတနည္းတဖုံ ေျပာင္းႏိုင္မယ္လို႔ ဆိုၾကသူလည္းရွိသလို အစိုးရသက္တမ္း ၅ႏွစ္လုပ္ၿပီးၿပီမို႔ လာမယ့္သက္တမ္းမွာ အေကာင္းဆုံးလုပ္ျပႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနသူေတြလည္း ရွိပါတယ္။

NLD အစိုးရကေတာ့ သစ္ခုတ္ရမယ့္ကာလမဟုတ္ေတာ့ဘဲ ပန္းပုထုဆစ္ရမယ့္အခ်ိန္လို႔ ဆိုထားတာေၾကာင့္ ျမန္မာ့ဒီမို႐ုပ္တုကို ဘယ္လိုပန္းပုဆရာေတြက ထုဆစ္ၾကမလဲ ဆိုတာ မတ္လကုန္ပိုင္းဆိုရင္ အတိအက်သိရေတာ့မွာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူေတြက ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ပုံေအာမဲထည့္ခဲ့ၾကလို႔ ႏိုင္ထားတဲ့ NLD အစိုးရအေနနဲ႔ ျပည္သူကိုခ်ျပထားတဲ့ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းပါ ကတိကဝတ္ေတြကို ေက်ပြန္ေအာင္လုပ္ၿပီး၊ လုပ္သင့္တာေတြကို ျပတ္ျပတ္သားသားလုပ္ျပႏိုင္မွ ျပည္သူ႔ဆႏၵျပည့္ဝေအာင္လုပ္ႏိုင္တဲ့ အစိုးရအျဖစ္ သမိုင္းတြင္က်န္မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ႏိုင္ငံေရးသုံးသပ္ခ်က္ #

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW