Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေး ၂၅ ဒေါ်လာမှ ၃၇ ဒေါ်လာအကြား ကျသင့်မယ်

ဖရန့်ဖတ်၊ နိုဝင်ဘာ-၂၂-၂၀၂၀
မျိုးဆက် (VOM)

Moderna ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစိုးရဈေးနဲ့ ဝယ်ယူပါက မှာယူတဲ့ပမာဏအပေါ်မူတည်ပြီး ၂၅ ဒေါ်လာမှ ၃၇ ဒေါ်လာအကြား ကျသင့်မယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် စတီဖင်ဘန်ဆဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မိမိတို့ ကာကွယ်ဆေးရဲ့ ကုန်ကျစရိတ်ဟာ ၁၀ဒေါ်လာမှ ဒေါ်လာ ၅၀ အကြား ကျသင့်တဲ့ တုပ်ကွေးရောဂါပျောက်ဆေးနဲ့ ဈေးအတူတူဖြစ်တယ်လို့ သူကပြောပါတယ်။

ဥရောပကော်မရှင်ကတော့ ဆေးတစ်လုံးကို ၂၅ ဒေါ်လာအောက်နဲ့ ကာကွယ်ဆေးသန်းပေါင်းများစွာ ထောက်ပံ့ပေးရေးအတွက် Moderna နဲ့ သဘောတူညီချက်တစ်ရပ်ရဖို့ ဆန္ဒရှိနေတယ်လို့ ဆွေးနွေးမှုမှာပါဝင်တဲ့ အီးယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သဘောတူညီမှုကို လက်မှတ်မထိုးရသေးပေမယ့် ဥရောပကော်မရှင်နဲ့ သဘောတူညီချက်ရဖို့နီးစပ်နေကြောင်း၊ မိမိတို့အနေနဲ့ ဥရောပကို ကာကွယ်ဆေးတွေ တင်ပို့လိုပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် စတီဖင်ဘန်ဆဲလ်ကပြောပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးအဆင့်စမ်းသပ်ချက်တွေအရ ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၉၄ ဒဿမ ၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့ပြီး အဲ့ဒီကာကွယ်ဆေးဟာ Pfizer နဲ့ BioNTech ကုမ္ပဏီထုတ် ကာကွယ်ဆေးပြီးရင် ရလဒ်ကောင်းမွန်တဲ့ ဒုတိယမြောက် ကာကွယ်ဆေးဖြစ်ပါတယ်။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ဖရန့်ဖတ်

Related posts

Leave a Comment

VOM News

FREE
VIEW