သန့်စင်ဆေးသုံးပစ္စည်းတွေကို ကက်တမင်းမူးယစ်ဆေးဆိုပြီး ထိုင်းရဲ မှားဖမ်းမိ

ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ ကက်တမင်းမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်ဆိုတာဟာ နားလည်မှုလွဲခြင်းသာဖြစ်တယ်လို့ ထိုင်းတရားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဓါတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေဟာ သန့်စင်ဆေးရေအဖြစ်အသုံးပြုတဲ့ ထရိုင်ဆိုဒီယမ်ဖော့စဖိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပညာဆိုင်ရာအမှားတစ်ခုကြောင့် ကွင်းဆင်းစစ်ဆေးဖမ်းဆီးမှုမှုအတွင်း ကနဦးမှားယွင်းပြောဆိုမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ တရားရေးဝန်ကြီး ဆွမ်ဆက်သက်ဆူသင်က ပြောပါတယ်။

အဲဒီစ္စည်းတွေကို အခုလအစောပိုင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံးသော ကက်တမင်းမူးယစ်ဆေး အမြောက်အမြား ဖမ်းဆီးရမိမှုအဖြစ်ကြေညာခဲ့ပါတယ်။

ကက်တမင်းတွေကို မေ့ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပေမယ့် စိတ်အာရုံလွင့်မျောမှုကို ဖြစ်စေတာကြောင့် စိတ်အပန်းဖြေမူးယစ်ဆေးအဖြစ်လည်း အသုံးပြုမှုတွေရှိနေပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW