အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူအမှုက တပ်မတော်သားတွေကို တပ်မတော်အက်ဥပဒေပုဒ်မ ၁၁၄(က)အရ စွဲချက်တင်

ဒီဇင်ဘာ ၄-၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါကျေးရွာသူကိစ္စက တပ်မတော်သား ၃ ဦးကို ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းက စစ်တွေတပ်နယ်ရှိ တပ်မတော်စစ်တရားခုံရုံးမှာ စွဲချက်တင်စစ်ဆေးခဲ့တယ်လို့ ကာယကံရှင် ဦးဂါရွာသူနဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေသူတွေက ပြောပါတယ်။

စွဲချက်တင်တဲ့အခါမှာ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄(က) အရ တပ်မတော်သား(၃)ဦးကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လက်ရှိစွဲချက်တင်ထားတဲ့ ပုဒ်မတွေဟာ ထောင်ဒဏ်(၇) နှစ်အပြင် အဲ့ဒီပုဒ်မထက်များပြားတဲ့ ပြစ်ဒဏ်တွေလည်းပါဝင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ အသက် (၃၆) နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဲ့ဒီအချိန်က ကာယကံရှင်ကိုယ်တိုင်မီဒီယာကို ပြောဆိုထားတာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ကာယကံရှင်ဦးဂါရွာသူဟာ စစ်တွေမြို့မရဲစခန်းမှာ မုဒိမ်းမှုအပါအဝင်ပုဒ်မ (၃) ခုနဲ့ အမှုဖွင့်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #ဦးဂါရွာသူအမှု

Related posts

Leave a Comment

VOM News

FREE
VIEW