ပင်လည်ဘူး မြေစာရင်းရုံးမီးလောင်မှု ညစောင့်တာဝန်ကျသူကို အမှုဖွင့်ထား

ဒီဇင်ဘာ ၃-၂၀၂၀
ကောင်းလကျာ်(VOM)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စားရင်းအင်းဦးစီးဌာနရုံးမှာ မနေ့ နိုဝင်ဘာ ၂ရက်နေ့ ညပိုင်းက မီးအားမြှင့်စက်အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ပင်လယ်ဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” ဝါယာရှော့ဖြစ်ပွားတယ်လို့ ကနဦးစစ်ဆေးတွေ့ရှိထားတယ်လို့ သိရပါတယ်။ မီးအားမြှင့်စက်ကနေ စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ထပ် အဆောက်အဦးတစ်ခု ပျက်ဆီးဆုံးရှူံး သွားပါတယ်”လို့ ပင်လယ်ဘူးမြို့ခံပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ရာနေရာကို မီးငြိမ်းသတ်ယာဉ် ၁ စီး၊‌ရေသယ်ယာဉ်၂ စီး၊သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း ၃၃ ဦးနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် အခင်းဖြစ်ပြီး တစ်နာရီခန့်မှာ မီးလုံးဝငြိမ်းနိုင်ခဲ့တယ်လို့ ပင်လယ်ဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ညစောင့်တာဝန်ကျ အမျိုးသားတစ်ဦးကို ပင်လည်ဘူးမြို့မရဲစခန်းမှ (ပ)၁၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Photo – ဦးတုတ်ကြီး
#voiceofmyanmar #VOM #ပင်လယ်ဘူး #မြေစာရင်းရုံး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW