စံပြ ကိတ်မုန့်ဆိုင်ပိုင်ရှင်ကို TNLAက ဖမ်းဆီးသွားတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်သုံးသပ်

ဒီဇင်ဘာ ၄-၂၀၂၀
အေးချမ်းသူ(VOM)

မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကို တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးကုတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က VOMကိုပြောပါတယ်။

“မနက် ၈နာရီလောက်မှာ အောင်ချမ်းသာဈေးမှာ ဈေးသွားဝယ်တုန်း လူတစ်စုက သေနတ်နဲ့တေ့ပြီးခေါ်သွားတာလို့ သိရတယ်၊ ဖမ်းဆီးသွားတဲ့အဖွဲ့က တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)က ဖြစ်တယ်။ လက်ရှိအခြေအနေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်က ပူးပေါင်းပိတ်ဆို့ရှာဖွေနေတယ်”လို့ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ရှင်းပြပါတယ်။

စံပြကိတ်မုန့်ဆိုင်ပိုင်ရှင်ဦးကျော်ဝင်း ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး တအောင်းအမျိုးသားလွှတ်မြောက်ရေတပ်မတော်(TNLA)မှ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ပြန်ပေးဆွဲထားခြင်းရှိ၊မရှိ မေးမြန်းနေတုန်းလို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

မိုးကုတ်မြို့နယ်အတွင်း တအောင်းအမျိုးသားလွှတ်မြောက်ရေတပ်မတော်(TNLA)မှ သူဌေးတွေကို ပြန်ပေးဆွဲကာ မကြာခဏငွေတောင်းခံမှုတွေရှိတယ်လို့ မိုးကုတ်မြို့၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးစောသောင်းတင်ရဲ့ ပြောပြချက်အရ သိရပါတ
ယ်။

#voiceofmyanmar #VOM #မိုးကုတ် #စံပြကိတ်မုန့်ဆိုင် #TNLA

Related posts

Leave a Comment

VOM News

FREE
VIEW