တရုတ်နိုင်ငံ ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၈ ဦးသေဆုံး

ပေကျင်း၊ ဒီဇင်ဘာ-၅-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မိုင်းလုပ်သား ၁၈ ဦးသေဆုံးသွားပြီး အခြားငါးဦးပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနကဖော်ပြထားပါတယ်။

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ချုံကင်းဒေသရှိ အဲ့ဒီသတ္တုတွင်းကနေ လူတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်မှာဖြစ်ပွားခဲ့တဲ့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ သတ္တုတွင်းမတော်တဆမှုတွေဟာ အထူးအဆန်းမဟုတ်ဘဲ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

မိုင်းလုပ်သားတွေဟာ အဲ့ဒီသတ္တုတွင်းရှိ မြေအောက်ပစ္စည်းကိရိယာတွေကို ဖျက်သိမ်းမှုတွေပြုလုပ်နေချိန်မှာ ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီသတ္တုတွင်းကို လွန်ခဲ့တဲ့ နှစ်လကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းကလည်း ချုံကင်းမြို့ပြင်ရှိ သတ္တုတွင်းတစ်ခုမှာ မတော်တဆမှုကြောင့် အလုပ်သမား ၁၆ ဦးသေဆုံးသွားခဲ့ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW