ရုရှားမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်ပြီ

မော်စကို၊ ဒီဇင်ဘာ-၅-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အရှိဆုံးသူတွေကို မော်စကိုရှိဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံပေးနေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ကို စတင်နေပြီဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံရာမှာ သြဂုတ်လအတွင်းက အတည်ပြုခဲ့တဲ့ ပြည်တွင်းထုတ် Sputnik V ဆေးကို အသုံးပြုနေတာဖြစ်ပါတယ်။

အဲ့ဒီကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိဘဲ ၉၅ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ ဆေးထုတ်လုပ်သူတွေက ပြောဆိုထားပေမယ့် အစုလိုက်အပြုံလိုက်စမ်းသပ်မှုတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော ရုရှားပြည်သူတွေဟာ နှစ်လုံးထိုးရတဲ့ ကာကွယ်ဆေးကို ပထမဆုံးရရှိဖို့ မှတ်ပုံတင်ထားကြပေမယ့် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အတိုင်းအတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဆေးထုတ်လုပ်သူတွေကတော့ ယခုနှစ်ကုန်မှာ ကာကွယ်ဆေးနှစ်သန်းသာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထိ ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၈၂၀၁၂ ဦးရှိနေပြီး လူ ၄၁၇၃၀ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို #ကိုဗစ်ကာကွယ်ဆေး #စတင်ထိုး

Related posts

Leave a Comment

VOM News

FREE
VIEW