ဧရာဝတီမှာ ကိုဗစ်လူနာတစ်ဦးတွေ့ရင် အနီးက နေအိမ် ၁၀ အိမ်ကို လော့ခ်ဒေါင်းချမယ်

ဒီဇင်ဘာ ၅-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ ကိုဗစ်လူနာတစ်ဦး တွေ့ရှိပါက အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၁၀အိမ်ကို လော့ခ်ဒေါင်းချမယ့်အစီအစဉ် စတင်မယ်လို့ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။

“ကိုဗစ်လူနာတွေ့တာနဲ့သူ့ရပ်ကွက်က အနီးဆုံး၁၀အိမ်က လော့ခ်ဒေါင်းနေရမယ်၊ အပြင်မထွက်ရဘူး၊ သက်ဆိုင်ရာ ရပ်ကျေး ဆယ်အိမ်မှုးတွေက တာဝန်ယူရမယ်”လို့ပြောပါတယ်။

တိုင်းအတွင်းမှာ ကိုဗစ်လူနာအရေအတွက်နဲ့ သေဆုံးသူဦးရေတိုးလာတာကြောင့် တိုင်းအစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။

ကိုဗစ်လူနာတွေကို ကုသဖို့ မြို့နယ်တွေမှာ ဆေးရုံတွေထပ်ပြီး တိုးချဲ့ ဆောက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၁၂၂ဦးရှိပြီး သေဆုံးသူ၂၁ဦး ထိရှိလာပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW