ဗစ်တိုးရီးယားအမှုမှာ မှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့နစ်နာမှုအတွက် သိန်းငါးထောင်ရလိုမှု တရားစွဲ

နေပြည်တော်-ဒီဇင်ဘာ-၈-၂၀၂၀

ကိုထွန်း (VOM)

 

နေပြည်တော် သပြေကုန်း Wisdom Hill မူကြိုကျောင်းမှာ အသက် သုံးနှစ် မပြည့်သေးတဲ့ ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မူကြိုကျောင်းသူလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ ကိစ္စမှာ ဖမ်းဆီးခံရပြီး လွတ်မြောက်ခဲ့တဲ့ ကိုအောင်ကျော်မျိုး(ခ)ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆီကနေ သိန်းငါးထောင်ရလိုကြောင်း  တရားမ နစ်နာမှုနဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

 

“မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနှင့်နစ်နာကြေး ငွေ ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင်တိတိ) ရလိုမှု” ဆိုပြီးစွဲဆိုတဲ့ အကြောင်း ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ပြောပြတာက

 

“ကိုအောင်ကျော်မျိုး ခေါ် အောင်ကြီးပေါ့နော် သူကနေပြီးတော့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမနစ်နာမှုနဲ့တရားစွဲထားပါတယ်ဗျ။ ဒီကနေ့ပဲ ဒက္ခိဏခရိုင်တရားရုံးမှာ တင်ပါတယ်။ အမှုရဲ့အမည်ကတော့ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနဲ့နစ်နာကြေးငွေ ကျပ် သိန်း ၅၀၀၀ ရလိုမှုပါဗျ။ ဗစ်တိုးရီးယားလို့ လူတွေသိကြတဲ့အမှုမှာ သူ့ကို မှားဖမ်းမိတဲ့အခါကြတော့လူသိရှင်ကြားလည်း သိက္ခာတွေချ၊ အချုပ်ထဲမှာလည်း လအများကြီးနေခဲ့ရတယ်။ အဲ့ဒီဟာတွေအတွက်ပေါ့ဗျာ။ လျော်ကြေးနဲ့နစ်နာကြေးပေါင်းပြီးတော့ သိန်း ၅၀၀၀ တောင်းတာပါ” လို့ ပြောပါတယ်။

 

 

ဒီအမှုကို နေပြည်တော် အဆိုလွှာတင်သွင်းစွဲဆိုတာမှာ တရားရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ အဖြစ်သတ်မှတ်ကြားနာမှာဖြစ်ပြီး အမှုကို ခရိုင်တရားသူကြီးရဲ့ တရားခွင်က (၁၈-၁၂-၂၀၂၀) မှာ အဆိုလွှာကိုစိစစ်ဖို့ ချိန်းဆိုထားပါတယ်။

 

ဒီအမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ခံတာဝန်ယူသူအဖြစ် ရဲချုပ် အောင်ဝင်းဦး(မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ်ထားပါတယ်။ တရားလိုရှေ့နေတွေအဖြစ် နေပြည်တော်က တရားလွှတ်တော်ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် တို့က လိုက်ပါ

ဆောင်ရွက်ကြမယ်လို့ သိရပါတယ်။

 

ကိုအောင်ကြီးကို ၂၀၁၉ မေလ ၃၀ရက်က ပထမအကြိမ်ဖမ်းပြီး ဇွန်လ ၂၄ ရက်မှာ အာမခံနဲ့ ပြန်လွှတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ဇူလိုင် ၄ ရက်မှာ ပြန်ဖမ်းခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာ ၁၂ ရက်မှာ တရားရှင်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ ဗစ်တိုးရီးယားရဲ့အမှုဟာ တရားခံအစစ်ဖမ်းဆီးနိုင်ခြင်းမရှိသေးလို့ တိုးတက်မှုမရှိသေးဘဲ တရားခွင်မှာဘဲရှိနေပါသေးတယ်။

 

#voiceofmyanmar #VOM #ဗစ်တိုးရီးယား #နေပြည်တော် # Wisdom Hill

zawgy

ဗစ္တိုးရီးယားအမႈမွာ မွားယြင္းဖမ္းဆီးခံခဲ့ရတဲ့ ကိုေအာင္ႀကီးက သူ႔နစ္နာမႈအတြက္ သိန္းငါးေထာင္ရလိုမႈ တရားစြဲ

ေနျပည္ေတာ္-ဒီဇင္ဘာ-၈-၂၀၂၀
ကိုထြန္း (VOM)

ေနျပည္ေတာ္ သေျပကုန္း Wisdom Hill မူႀကိဳေက်ာင္းမွာ အသက္ သုံးႏွစ္ မျပည့္ေသးတဲ့ ဗစ္တိုးရီးယားလို႔ အမည္ေပးထားတဲ့ မူႀကိဳေက်ာင္းသူေလးကို အဓမၼျပဳက်င့္ခဲ့တဲ့ ကိစၥမွာ ဖမ္းဆီးခံရၿပီး လြတ္ေျမာက္ခဲ့တဲ့ ကိုေအာင္ေက်ာ္မ်ိဳး(ခ)ကိုေအာင္ႀကီးက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆီကေန သိန္းငါးေထာင္ရလိုေၾကာင္း တရားမ နစ္နာမႈနဲ႔ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရားစြဲလိုက္ပါတယ္။

“မမွန္မကန္တရားစြဲဆိုခ်ဳပ္ေႏွာင္ခံရသည့္အတြက္ ေလ်ာ္ေၾကးႏွင့္နစ္နာေၾကး ေငြ ၅၀၀,၀၀၀,၀၀၀ိ/-(က်ပ္သိန္းငါးေထာင္တိတိ) ရလိုမႈ” ဆိုၿပီးစြဲဆိုတဲ့ အေၾကာင္း ဒီအမႈကိုလိုက္ပါေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ေျပာျပတာက

“ကိုေအာင္ေက်ာ္မ်ိဳး ေခၚ ေအာင္ႀကီးေပါ့ေနာ္ သူကေနၿပီးေတာ့မွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို တရားမနစ္နာမႈနဲ႔တရားစြဲထားပါတယ္ဗ်။ ဒီကေန႔ပဲ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တင္ပါတယ္။ အမႈရဲ႕အမည္ကေတာ့ မမွန္မကန္တရားစြဲဆိုခ်ဳပ္ေႏွာင္ခံရသည့္အတြက္ ေလ်ာ္ေၾကးနဲ႔ နစ္နာေၾကးေငြ က်ပ္ သိန္း ၅၀၀၀ ရလိုမႈပါဗ်။ ဗစ္တိုးရီးယားလို႔ လူေတြသိၾကတဲ့အမႈမွာ သူ႔ကို မွားဖမ္းမိတဲ့အခါၾကေတာ့ လူသိရွင္ၾကားလည္း သိကၡာေတြခ်၊ အခ်ဳပ္ထဲမွာလည္း လအမ်ားႀကီးေနခဲ့ရတယ္။ အဲ့ဒီဟာေတြအတြက္ေပါ့ဗ်ာ။ ေလ်ာ္ေၾကးနဲ႔ နစ္နာေၾကးေပါင္းၿပီးေတာ့ သိန္း ၅၀၀၀ ေတာင္းတာပါ” လို႔ ေျပာပါတယ္။

ဒီအမႈကို ေနျပည္ေတာ္ အဆိုလႊာတင္သြင္းစြဲဆိုတာမွာ တရား႐ုံးက အမႈကိုလက္ခံၿပီး တရားမႀကီးမႈအမွတ္ ၃၁၂/၂၀၂၀ အျဖစ္သတ္မွတ္ၾကားနာမွာျဖစ္ၿပီး အမႈကို ခ႐ိုင္တရားသူႀကီးရဲ႕ တရားခြင္က (၁၈-၁၂-၂၀၂၀) မွာ အဆိုလႊာကိုစိစစ္ဖို႔ ခ်ိန္းဆိုထားပါတယ္။

ဒီအမႈမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ တာဝန္ခံတာဝန္ယူသူအျဖစ္ ရဲခ်ဳပ္ ေအာင္ဝင္းဦး(ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕) ကို တရားၿပိဳင္အျဖစ္ထားပါတယ္။ တရားလိုေရွ႕ေနေတြအျဖစ္ ေနျပည္ေတာ္က တရားလႊတ္ေတာ္ေရွ႕ေနျဖစ္တဲ့ ဦးခင္ေမာင္ေဇာ္၊ ဦးေနတူး၊ ဦးသဲေမာင္ေမာင္ တို႔က လိုက္ပါ
ေဆာင္႐ြက္ၾကမယ္လို႔ သိရပါတယ္။

ကိုေအာင္ႀကီးကို ၂၀၁၉ ေမလ ၃၀ရက္က ပထမအႀကိမ္ဖမ္းၿပီး ဇြန္လ ၂၄ ရက္မွာ အာမခံနဲ႔ ျပန္လႊတ္ခဲ့ၿပီး ဒုတိယအႀကိမ္အျဖစ္ ၂၀၁၉ ဇူလိုင္ ၄ ရက္မွာ ျပန္ဖမ္းခဲ့ၿပီး ၂၀၁၉ ဒီဇင္ဘာ ၁၂ ရက္မွာ တရားရွင္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။ လက္ရွိအေနအထားမွာေတာ့ ဗစ္တိုးရီးယားရဲ႕အမႈဟာ တရားခံအစစ္ဖမ္းဆီးႏိုင္ျခင္းမရွိေသးလို႔ တိုးတက္မႈမရွိေသးဘဲ တရားခြင္မွာဘဲရွိေနပါေသးတယ္။

#voiceofmyanmar #VOM #ဗစ္တိုးရီးယား #ေနျပည္ေတာ္ # Wisdom Hill

 

 

Related posts

Leave a Comment

VOM News

FREE
VIEW