ရေကြည်မြို့မှာ မိသားစုဝင် သုံးဦးကို လုပ်သေနတ်နဲ့ ဝင်ပစ်ခံရ

ဒီဇင်ဘာ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်၊ ဖန်းကပင်ကျေးရွာအုပ်စု၊ ဂရက်အနောက်ကျေးရွာရှိ နေအိမ် တစ်အိမ်မှာ မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ည ၈ နာရီခန့်က မိသားစုဝင် ၃ ဦးကို လုပ်သေနတ်နဲ့ ဝင်ပစ်ခံခဲ့ရတာကြောင့် တစ်ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပု
သိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

” ပြစ်မှုကျူးလွန်သူရဲ့နောက်ကြောင်းရာဇဝင်ကို အခုချိန် အသေးစိတ် ပြောလို့မရသေးပါဘူး။ အခုပဲ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးဖို့ ကွင်းဆင်းနေပါပြီ။ အိမ်ထောင်ဦးစီးက အခင်းဖြစ်နေရာမှာ ဆုံးပါးသွားပါတယ်”လို့ ရဲအရာရှိကပြောပါတယ်။

ဂရက်အနောက်ကျေးရွာမှာနေတဲ့ အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့နေအိမ်ကို ဦးလှစန်း အသက်(၄၇ နှစ်) ရောက်ရှိလာပြီး ဘောစိနဲ့ ပစ်ရတဲ့ လက်လုပ်လေသေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့ အသက် ၅၇နှစ်အရွယ် အမျိုးသားဟာ ဒူးအထက် ဖောက်ဝင်ဒဏ်ရာ၊ ယာဘက်လက်ပြင်အောက် ဖောက်ဝင်ဒဏ်ရာ၊ ယာဘက်ချိုင်‌း အောက်ဘက် ဖောက်ဝင်ဒဏ်ရာ၊ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ ယာလက်ဖျံနဲ့ ယာဘက်ရင်အုံဖောက်ဝင်ဒဏ်ရာတို့နဲ့ အခင်းဖြစ်‌နေရာမှာ ပွဲခြင်းပြီးသေဆုံးခဲ့တဲ့အပြင် ဇနီးဖြစ်သူနဲ့သမီးဖြစ်သူတို့နှစ်ဦးမှာ
လည်း ဘောစေ့ထိမှန်ဒဏ်ရာတွေနဲ့ ဟင်္သာတဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

လူသတ်မှုနဲ့ ပတ်သက်လို့ ဦးလှစန်းဆိုသူကို ရေကြည်မြို့နယ်၊ ကုန်းပြင်နယ်မြေရဲစခန်းက (ပ)၂၂၁/၂၀၂၀၊ ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ- ၃၀၂/၃၂၆ (လူသတ်မှု/အပြင်းအထန်ထိခိုက်နာကျဉ်စေမှု)တို့နဲ့ အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Photo – ထွန်းထွန်းလင်း
#voiceofmyanmar #VOM #ရေကြည် #လုပ်သေနတ်နဲ့ပစ် #လူတစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW