ရသေ့တောင်မြို့နယ် ဦးဂါရွာမှာ မုဒိမ်းမှုကျူးလွန်သူ တပ်မတော်သား (၃) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀)ချမှတ်

စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၂၀

ထက်အောင်စိုင်း (VOM)

 

ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက အသက် (၃၆) နှစ်အရွယ် အိမ်ထောင်ရှိအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား (၃) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) စီ ပြစ်ဒဏ်ဒဏ်ချမှတ်လိုက်ပါတယ်။

 

ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ စစ်တွေတပ်နယ်အတွင်းက ဓညဝတီရိပ်သာ – စစ်တရားခုံးရုံးမှာ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အဲဒီ တပ်မတော်သား (၃) ဦးကို စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး ဖြစ်ပါတယ်။

 

အဲဒီ တပ်မတော်သားသုံးဦးကို နယ်ဘက်ပြစ်မှု ဥပဒေပုဒ်မရော တပ်မတော်အက်ဥပဒေ ပုဒ်မတွေနဲ့ပါ တစ်ပေါင်းတည်း ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

 

ဦးဂါကျေးရွာမှာ မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တပ်မတော်သား (၃) ဦးကို အခုလိုမျိုး ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) စီချမှတ် လိုက်တဲ့အပေါ် ကျေနပ်မှုရှိကြောင်း ကာယကံရှင် ဦးဂါကျေးရွာသူနဲ့ အမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

 

#voiceofmyanmar #VOM #ရသေ့တောင် #ဦးဂါရွာ #မုဒိမ်းမှု

 

Zawgyi

 

ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါ႐ြာမွာ မုဒိမ္းမႈက်ဴးလြန္သူ တပ္မေတာ္သား (၃) ဦးကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္ (၂၀)ခ်မွတ္

စစ္ေတြ၊ ဒီဇင္ဘာ ၁၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရေသ့ေတာင္ၿမိဳ႕နယ္၊ ဦးဂါေက်း႐ြာက အသက္ (၃၆) ႏွစ္အ႐ြယ္ အိမ္ေထာင္ရွိအမ်ိဳးသမီး တစ္ဦးကို အဓမၼျပဳက်င့္ခဲ့တဲ့ တပ္မေတာ္သား (၃) ဦးကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္ (၂၀) စီ ျပစ္ဒဏ္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ဒီကေန႔ မနက္ပိုင္း ၁၀ နာရီေက်ာ္ေလာက္မွာ စစ္ေတြတပ္နယ္အတြင္းက ဓညဝတီရိပ္သာ – စစ္တရားခုံး႐ုံးမွာ ျပစ္ဒဏ္ခ်မွတ္လိုက္တာျဖစ္ၿပီး လက္ရွိမွာ အဲဒီ တပ္မေတာ္သား (၃) ဦးကို စစ္ေတြအက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္ၿပီး ျဖစ္ပါတယ္။

အဲဒီ တပ္မေတာ္သားသုံးဦးကို နယ္ဘက္ျပစ္မႈ ဥပေဒပုဒ္မေရာ တပ္မေတာ္အက္ဥပေဒ ပုဒ္မေတြနဲ႔ပါ တစ္ေပါင္းတည္း ျပစ္ဒဏ္ခ်မွတ္လိုက္တာ ျဖစ္ေၾကာင္း သိရပါတယ္။

ဦးဂါေက်း႐ြာမွာ မုဒိမ္းမႈက်ဴးလြန္ခဲ့တဲ့ တပ္မေတာ္သား (၃) ဦးကို အခုလိုမ်ိဳး ျပစ္ဒဏ္အျဖစ္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္ (၂၀) စီခ်မွတ္ လိုက္တဲ့အေပၚ ေက်နပ္မႈရွိေၾကာင္း ကာယကံရွင္ ဦးဂါေက်း႐ြာသူနဲ႔ အမႈကို လိုက္ပါကူညီ ေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္ #ဦးဂါ႐ြာ #မုဒိမ္းမႈ

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW