၂နှစ်နီးပါး တိမ်းရှောင်နေတဲ့ အမျိုးသားရေးသမား ၂ယောက် သွားရောက်အဖမ်းခံ

ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀

အေးချမ်းသူ(VOM)

 

အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားပြီး၂နှစ်နီးပါး ကြာမြင့်ပြီးနောက် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ် တို့ဟာ ဒီကနေ့မနက်က သာကေတအမှတ်(၂)ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

သူတို့ကို လာရောက်ဝန်းရံသူ ရဟန်းပျိုများသမဂ္ဂအတွင်းရေးမှုးဆရာတော် ဦးသုစိတ္တက

“ထမင်းဝအောင် စားထား စာသားပါအင်္ကျီကိစွနဲ့ပါ ပုဒ်မ၅၀၅(ခ)နဲ့တရားစွဲထားတာကြာပါပြီ ရဲကမဖမ်းဘူး ကိုယ်တိုင်လာအဖမ်းခံတာ”လို့  VOMကိုမိန့်ကြားပါတယ်။

လာရောက်အဖမ်းခံတဲ့ မျိုးဆက်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ  ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်တို့ကို လက်ရှိအခြေအနေမှာ အင်းစိန်ထောင်ကို ပို့ဆောင်ဖို့ သက်ဆိုင်ရာက စီစဉ်နေကြောင်း ဆရာတော် ဦးသုစိတ္တကမိန့်ကြားပါတယ်။

 

#voiceofmyanmar #VOM #မျိုးဆက်သွေးဓမ္မကွန်ရက် #တင်လင်းထိုက် #မြတ်ဘုန်းမိုရ်

zawgy

၂နှစ်နီးပါး တိမ်းရှောင်နေတဲ့ အမျိုးသားရေးသမား ၂ယောက် သွားရောက်အဖမ်းခံ

ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀
အေးချမ်းသူ(VOM)

အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားပြီး၂နှစ်နီးပါး ကြာမြင့်ပြီးနောက် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ် တို့ဟာ
ဒီကနေ့မနက်က သာကေတအမှတ်(၂)ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

သူတို့ကို လာရောက်ဝန်းရံသူ ရဟန်းပျိုများသမဂ္ဂအတွင်းရေးမှုးဆရာတော် ဦးသုစိတ္တက
“ထမင်းဝအောင် စားထား စာသားပါအင်္ကျီကိစွနဲ့ပါ ပုဒ်မ၅၀၅(ခ)နဲ့တရားစွဲထားတာကြာပါပြီ ရဲကမဖမ်းဘူး ကိုယ်တိုင်လာအဖမ်းခံတာ”လို့ VOMကိုမိန့်ကြားပါတယ်။

လာရောက်အဖမ်းခံတဲ့ မျိုးဆက်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်တို့ကို လက်ရှိအခြေအနေမှာ အင်းစိန်ထောင်ကို ပို့ဆောင်ဖို့ သက်ဆိုင်ရာက စီစဉ်နေကြောင်း ဆရာတော် ဦးသုစိတ္တကမိန့်ကြားပါတယ်။

#voiceofmyanmar #VOM #မျိုးဆက်သွေးဓမ္မကွန်ရက် #တင်လင်းထိုက် #မြတ်ဘုန်းမိုရ်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW