ရန်ကုန်တိုင်းအစိုးရဝန်ကြီးအပါအဝင် ဝန်ထမ်းလေးဦးမှာ ကိုဗစ်ပိုးတွေ့လို့ အစိုးရရုံးယာယီပိတ်

ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀

အေးချမ်းသူ(VOM)

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးအပါအဝင် လေးဦးမှာ ကိုဗစ်ပိုးတွေ့ရှိလို့  တိုင်းဒေသကြီးအစိုးရရုံးကို ခေတ္တယာယီပိတ်ထားပါတယ်။

 

ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုးနဲ့ဇနီး၊ ကိုယ်ရေးအရာရှိနဲ့ ယာဉ်မောင်းနှစ်ဦးမှာ ဒီဇင်ဘာ ၈ ရက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစိုးရရုံးဝန်ထမ်းတွေကို စစ်ဆေးတာမှာ ထပ်မံတွေ့ရှိခဲ့တာလို့ ရန်ကုန်တိုင်းအစိုးရရဲ့ရုံးရဲ့ ဝန်ထမ်းတဦးက VOM ကို ပြောပါတယ်။

 

Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက “ဝန်ကြီးဦးဟန်ထွန်းပါ လေးဦးမနေ့ကပဲ မနေ့ကပဲပိုးတွေ့လို့ ဆေးကုသမှုခံယူနေပါတယ် ပြန်ကောင်းလာမှာပါ “လို့ VOMကိုပြောပါတယ်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးပါ၄ဦးကို ဆေးကုသမှုခံယူရန် တောင်ဥက္ကလာပဆေးရုံနှင့် အင်းယား ကိုဗစ်စင်တာတွေကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

 

ဒီလိုကိုဗစ်ကူးစက်ခံရမှုအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ဒီဇင်ဘာ ၁၀ရက်မှ ဇန်နဝါရီ ၁၈ရက်နေ့အထိ ရုံးကိစွမှအပ အခြားမည့်သည့်အကြောင်းနဲ့မှ ဝင်ထွက်သွားလာခြင်းမပြုရန် မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ရန်ကုန်တိုင်းမှာ မနေ့ကညနေအထိ ကျမ္မာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပြီးတဲ့စာရင်းအရ ကိုဗစ်ပိုးတွေသူ ၇၃၅၂၈ ဦးရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်အစိုးရ #ကိုဗစ်

zawgy

ရန္ကုန္တိုင္းအစိုးရဝန္ႀကီးအပါအဝင္ ဝန္ထမ္းေလးဦးမွာ ကိုဗစ္ပိုးေတြ႕လို႔ အစိုးရ႐ုံးယာယီပိတ္

ရန္ကုန္၊ဒီဇင္ဘာ ၁၁၊၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွာ စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးဝန္ႀကီးအပါအဝင္ ေလးဦးမွာ ကိုဗစ္ပိုးေတြ႕ရွိလို႔ တိုင္းေဒသႀကီးအစိုးရ႐ုံးကို ေခတၱယာယီပိတ္ထားပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္နဲ႔ စည္ပင္သာယာေရးဝန္ႀကီးျဖစ္သူ ဦးေမာင္ေမာင္စိုးနဲ႔ဇနီး၊ ကိုယ္ေရးအရာရွိနဲ႔ ယာဥ္ေမာင္းႏွစ္ဦးမွာ ဒီဇင္ဘာ ၈ ရက္က ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့ၿပီးေနာက္ ဒီဇင္ဘာ
လ ၁၀ ရက္မွာ ရန္ကုန္တိုင္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြနဲ႔ အစိုးရ႐ုံးဝန္ထမ္းေတြကို စစ္ေဆးတာမွာ ထပ္မံေတြ႕ရွိခဲ့တာလို႔ ရန္ကုန္တိုင္းအစိုးရရဲ႕႐ုံးရဲ႕ ဝန္ထမ္းတဦးက VOM ကို ေျပာပါတယ္။

Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးေကာ္မတီဝင္ ေဒါက္တာေက်ာ္စြာဦးက “ဝန္ႀကီးဦးဟန္ထြန္းပါ ေလးဦးမေန႔ကပဲ မေန႔ကပဲပိုးေတြ႕လို႔ ေဆးကုသမႈခံယူေနပါတယ္ ျပန္ေကာင္း
လာမွာပါ “လို႔ VOMကိုေျပာပါတယ္။

စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဝန္ႀကီးပါ၄ဦးကို ေဆးကုသမႈခံယူရန္ ေတာင္ဥကၠလာပေဆး႐ုံႏွင့္ အင္းယား ကိုဗစ္စင္တာေတြကို ပို႔ေဆာင္ထားတယ္လို႔လည္း သိရပါတယ္။

ဒီလိုကိုဗစ္ကူးစက္ခံရမႈအေျခအေနေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ႐ုံးကို ဒီဇင္ဘာ ၁၀ရက္မွ ဇန္နဝါရီ ၁၈ရက္ေန႔အထိ ႐ုံးကိစြမွအပ အျခားမည့္သည့္အေၾကာင္းနဲ႔မွ ဝင္ထြက္သြားလာျခင္းမျပဳရန္ မေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ရန္ကုန္တိုင္းမွာ မေန႔ကညေနအထိ က်မၼာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ၿပီးတဲ့စာရင္းအရ ကိုဗစ္ပိုးေတြသူ ၇၃၅၂၈ ဦးရွိၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္အစိုးရ #ကိုဗစ္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW