ဦးဂါကျေးရွာသူအနေနဲ့ အပြစ်ရှိသူကို အပြစ်ပေးတဲ့အတွက် ကျေနပ်မှုရှိ

စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား(၃) ဦးကို ဒီကနေ့မနက်ပိုင်းက စစ်တွေတပ်နယ်အတွင်း လေးဝတီပညာရေးရိပ်သာ၊ စစ်တရားခုံရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်တဲ့အပေါ် ကျေနပ်မှုရှိတယ်လို့ ဦးဂါကျေးရွာသူက ပြောပါတယ်။

စွဲချက်တင်တဲ့အခါ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄ (က) အရ တပ်မတော်သား (၃) ဦကို စွဲချက်တင်ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကတော့ အမှတ် (၂၀၆) ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း၊ တပ်သား မင်းသူရနဲ့ တပ်သား မြင့်လွင် တို့ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ အသက် (၃၆) နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဲဒီအချိန်က ကာယကံရှင် ကိုယ်တိုင်မီဒီယာကို ပြောဆိုထားတာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ကာယကံရှင်ဦးဂါရွာသူဟာ စစ်တွေမြို့မရဲစခန်းမှာ မုဒိမ်းမှုအပါအဝင်ပုဒ်မ (၃)ခုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသူကို တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ခြင်းအပေါ် အစပိုင်းမှာ တပ်မတော်က ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ပြစ်မှုကျူးလွန်းခဲ့မှု မှန်ကန်ကြောင်း တပ်မတော်သားတွေက ထွက်ဆိုခဲ့တယ်လို့ တပ်မတော်ဖက်ကနေ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင် #ဦးဂါရွာသူ

Related posts

Leave a Comment

VOM News

FREE
VIEW