မကွေးတိုင်းထဲက လောင်းကစားဝိုင်းအချို့ကို ရဲကဝင်ဖမ်း

ဒီဇင်ဘာ ၁၂-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်စုံကျေးရွာအုပ်စု၊ မှန်ရင်းကျေးရွာမှာ လေးကောင်ဂျင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေက ဒီကနေ့ နေ့လယ်၂နာရီခန့်ကဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူ၆ဦး၊ ဆိုင်ကယ်၂၉စီး၊ လောင်းကစားငွေ ၃၈သိန်း လေးသောင်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

”၂နာရီလောက်ကဖမ်းတာ ဆိုင်ကယ်၂၉စီးငွေ၃၈သိန်းကျော်ပေါ့ လူ၆ယောက်နဲ့ အခုရဲစခန်းအပ်ဖို့လုပ်နေတယ်”လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာပဲ မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ကြက်တိုက်လောင်းကစားဝိုင်းကိုမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ရဲတပ်ဖွဲ့ခေါ်ပြီးဝင်ဖမ်းခဲ့ရာ လူတစ်ဦးမှမမိဘဲ ဆိုင်ကယ်၂၈စီး သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာပေါ်မှာ
” မေတ္တာရပ်ခံ တောင်းပန်ပါတယ်။ စပါး ၊ ပဲ ၊ နှမ်း ပေါ်လို့ ကျေးလက်ဒေသ ငွေစရွှင်ချိန်မှာ .. လောင်းကစားဝိုင်းတွေ မလုပ်ကြဖို့၊ ပခုက္ကူခရိုင် မြိုင်မြို့နယ် ၊ တောင်စုံ ကျေးရွာအုပ်စု ၊ မှန်ရင်းကျေးရွာ အနီးမှာ ဆိုင်ကယ် (၂၆) စီး ၊ ငွေ သုံးဆယ့်ရှစ်သိန်း လေးသောင်းကျော် ၊ လေးကောင်ဂျင်ဝိုင်းမလုပ်ဖို့”ဆိုပြီး ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ဝန်ကြီးချုပ်ကိုယ်တိုင် ရေစကြိုမှာ မနှစ်ကလည်း လောင်းကစားဝိုင်းတွေကို ဆင်းဖမ်းခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မကွေး #လောင်းကစားဝိုင်း #ရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW