ဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံရလို့ ဝမ်းနည်းကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီထုတ်ပြန်

ဒီဇင်ဘာ ၁၂ -၂၀၂၀
ယဉ်ပပထွန်း (VOM)

၂၀၂၀ အထွေထွရွေးကောက်ပွဲကိုသာ နောက်ကို ရွေ့မယ်ဆိုရင် အဲ့ဒီရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေက အခုလို ကိုဗစ်ရောဂါ ကူးစက်ခံမှာမဟုတ်တဲ့အပြင် သေဆုံးမှုလည်း ရှိလာမယ်မဟုတ်ဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယ ဥက္ကဌ ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်းကနေ တာဝန်ထမ်း ဆောင်ခဲ့တဲ့သူတွေအနက် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၉၅ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ သိရတဲ့အတွက် ပြည်သူ့ရှေ့ဆောင်ပါတီက ဝမ်းနည်းကြောင်း သဝဏ်လွှာကို မနေ့ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

“ အမှန်တစ်ကယ်ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကျင်းပပြီး မတ်လဆန်းမှာ လွှတ်တော်ခေါ်ပြီး မတ်လနောက်ဆုံးပတ်မှာ အစိုးရအဖွဲ့အသစ်ကို အတည်ပြု ဖွဲ့စည်း ပေးလိုက်ရင် အဆင်ပြေတာကိုလည်း သိပါတယ်၊ ၂၀၂၁ ဇန်နဝါရီလကုန်မှသာ ရွေးကောက်ပွဲ ပြောင်းလဲကျင်းပမယ်ဆိုရင် ကူးစက်ရောဂါ ကာကွယ်ဆေးလည်း ပေါ်နေပြီဖြစ်တဲ့အတွက်အနည်းဆုံး ရွေးကောက်ပွဲမှာ တာဝန်ယူမယ့် ဝန်ထမ်းတွေ ကာကွယ်ဆေးကို ကြိုတင်ပြီးတေ့ာ ထိုးနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ မဖြစ်သင့်တာတွေ ဆုံးရူံးမူတွေ ဖြစ်ခဲ့ရပါတယ် “ လို့ ဦးကျော်ဇေယျကပြောပါတယ်။

အထွေထွေရွေးကောက်ပွဲကို ကိုဗစ်ရောဂါအခြေအနေကြောင့် နောက်ဆုတ်ပေးနိုင်ဖို့ UEC ကို အကြံပြုတင်ပြထားခဲ့ပေမယ့်လည်း ဆောင်ရွက်ခြင်းမရှိဘဲနဲ့ ရောဂါကူးစက်မှုများနေတဲ့ကြားက ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၅၈၆၃ ဦး၊ ရောဂါပျောက်ကင်းသူ ၈၄၃၃၈ ဦးနဲ့ သေဆုံးသူပေါင်း ၂၂၂၀ ဦးရှိနေပြီး အဲ့ဒီသေဆုံးတဲ့အထဲမှာ ရွေးကောက်ပွဲတာဝန်ကျတဲ့သူ ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲဝန်ထမ်း #ပြည်သူ့ရှေ့ဆောင်ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW