NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး ပါတီပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်

နေပြည်တော်၊ ဒီဇင်ဘာ- ၁၂-၂၀၂၀
ကိုထွန်း(VOM)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂ အိမ်ရာအမှတ် (၂)၊ ရတနာ့သိဒ္ဓိရပ်ကွက်၊မလှိုင်လမ်းနဲ့ ပန်းရွှေပြည်(၃)လမ်းဒေါင့်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာ CEC အဖွဲဝင် အစည်းအဝေးပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပပြီးစီးခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးအပြီး ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်မှုအတိုင်အတောကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ရံပုံငွေကောက်တာ ရပ်ဆိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကို သင်တန်းပို့ချရေး၊ တိုင်းရင်းသားပါတီနဲ့ မိတ်ဖက်လုပ်မယ့်ကိစ္စ၊ နေပြည်တော် NLD ရုံးတည်ဆောက်ရေးနဲ့ အစိုးရဖွဲ့စည်းရေးတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က သတင်းမီဒီယာတွေကို အကြောင်းစုံရှင်းပြခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ NLD ပါ်တီ CEC အစည်းအဝေးပွဲကို ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးတင်ထွဋ်ဦး၊ ဦးထွန်းထွန်းဟိန်း၊ ဒေါက်တာမြင့်နိုင်၊ ဦအင်ထုံးခါးနော်ဆမ်၊ ဦးအောင်ကြည်ညွန့် တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #NLD #အစည်းအဝေး

zawgy

NLD ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးအၿပီး ပါတီေျပာေရးဆိုခြင့္ရွိသူရဲ႕ ေျပာျပခ်က္

ေနျပည္ေတာ္၊ ဒီဇင္ဘာ- ၁၂-၂၀၂၀
ကိုထြန္း(VOM)

ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ ရာဇသဂၤ အိမ္ရာအမွတ္ (၂)၊ ရတနာ့သိဒၶိရပ္ကြက္၊မလႈိင္လမ္းနဲ႔ ပန္းေ႐ႊျပည္(၃)လမ္းေဒါင့္မွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ယာယီဌာနခ်ဳပ္(႐ုံးခြဲ)မွာ CEC အဖြဲဝင္ အစည္းအေဝးပြဲကို ဒီကေန႔ မြန္းလြဲပိုင္းက က်င္းပၿပီးစီးခဲ့ပါတယ္။

ဒီကေန႔ အစည္းအေဝးအၿပီး ေဆြးေႏြးဆုံးျဖတ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲမဲဆြယ္မႈအတိုင္အေတာကိစၥ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆီက ရံပုံေငြေကာက္တာ ရပ္ဆိုင္ဖို႔၊ လႊတ္ေတာ္ကိုယ္စားလွယ္အသစ္ေတြကို သင္တန္းပို႔ခ်ေရး၊ တိုင္းရင္းသားပါတီနဲ႔ မိတ္ဖက္လုပ္မယ့္ကိစၥ၊ ေနျပည္ေတာ္ NLD ႐ုံးတည္ေဆာက္ေရးနဲ႔ အစိုးရဖြဲ႕စည္းေရးေတြနဲ႔ ပတ္သက္လို႔ ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္က သတင္းမီဒီယာေတြကို အေၾကာင္းစုံရွင္းျပခဲ့ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ NLD ပၚတီ CEC အစည္းအေဝးပြဲကို ဒုဥကၠဌ(၂) ေဒါက္တာေဇာ္ျမင့္ေမာင္၊ ေဒါက္တာေအာင္မိုးညိဳ၊ ဦးညီပု၊ ေဒၚနန္းခင္ေထြးျမင့္၊ ေဒါက္တာေမဝင္းျမင့္၊ ဦးဉာဏ္ဝင္း၊ ေဒါက္တာမ်ိဳးၫြန႔္၊ ဦးဟံသာျမင့္၊ ဦးသိန္းဦး၊ ဦးတင္ထြဋ္ဦး၊ ဦးထြန္းထြန္းဟိန္း၊ ေဒါက္တာျမင့္ႏိုင္၊ ဦအင္ထုံးခါးေနာ္ဆမ္၊ ဦးေအာင္ၾကည္ၫြန႔္ တို႔ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #NLD #အစည္းအေဝး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW