SP မုန့်တိုက်ပိုင်ရှင်ကို TNLA ဖမ်းသွားတာ ၁၀ ရက်ပြည့်ပေမယ့် ပြန်မလွတ်သေး

ဒီဇင်ဘာ- ၁၃- ၂၀၂၀
ရှိုင်းအောင်(VOM)

SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီသွားတာ ဒီကနေ့ ဆို ၁၀ ရက်ပြီ ဖြစ်ပါတယ်။

ဦးကျော်ဝင်း ကိစ္စနဲ့ ပတ်သက်ပြီး တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ” ဒီကိစ္စကို အသေးစိတ်မသိရသေးဘူး၊ အောက်ခြေကလုပ်တာဆိုတော့ အသေးစိတ်ရောက်မလာသေးတော့ ကျနော်တို့က ဘာမှမသိရသေးဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရနိုင်သေးပါဘူး” လို့ VOM ကို ပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အဖွဲ့အစည်းအချို့က ဆက်ကြေးကောက်တာနဲ့ ပြန်ပေးဆွဲတာတွေကို ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ပေးဖို့အတွက် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့ပါတယ်။

မိုးကုတ်မြို့မ စခန်းမှူး ဦးသိန်းဝင်းထွန်းကို VOM က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ” ကျနော်တို့ဆီ တရားဝင်တော့ ဘာသတင်းမှ မရှိသေးပါဘူး၊ အခုကတော့ TNLA ကတော့ သူတို့ဖမ်းသွားတယ်ပြောတယ်၊ သောင်းကြမ်းသူတွေ ဖမ်းသွားတာဆိုတော့ ကျနော်တို့က ဘာမှဆက်လုပ်လို့မရသေးဘူး၊ ဦးကျော်ဝင်း တရားဝင်လွှတ်လာပြီဆိုတော့မှ သူ့ကိုတွေ့ပြီး စစ်ဆေးပြီးတော့မှ ကျနော်တို့က အကြောင်းစုံလုပ်လို့ရမှာပါ၊ ကျနော်တို့က သူ့မိသားစုနဲ့ ဆက်သွယ်တဲ့အခါမှာတော့ သူ့မိသားစုက ကျနော်တို့နဲ့ ပတ်သက်လို့ အကြောင်းပြန်ကြားတာ ဘာမှမရှိပါဘူး၊ အဆက်အသွယ်မရဘူး လို့ပဲဖြေတာ” လို့ ပြောပါတယ်။

မိုးကုတ်က SP မုန့်တိုက်ကတော့ အကြောင်းစုံမသိသေးသလို သူတို့ဘာမှပြောခွင့်မရှိလို့ မပြောတတ်ဘူးလို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်လူတစုက ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းက အောင်ချမ်းသာရပ်ဈေးကလေးအနီးမှာ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကုတ်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၄နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေက လုပ်ငန်းရှင်သူဌေးတွေကို ပြန်ပေးဆွဲတာ၊ ဆက်ကြေးကောက်ခံတာတွေမကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မိုးကုတ် #ဆက်ကြေးကောက်တာတွေမလုပ်ဖို့ #မေတ္တာရပ်ခံစာထုတ် #SP #စံပြကိတ်မုန့်တိုက်

zawgy

SP မုန႔္တိုက္ပိုင္ရွင္ကို TNLA ဖမ္းသြားတာ ၁၀ ရက္ျပည့္ေပမယ့္ ျပန္မလြတ္ေသး

ဒီဇင္ဘာ- ၁၃- ၂၀၂၀
ရႈိင္းေအာင္(VOM)

SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို တေအာင္းအမ်ိဳးသားလႊတ္ေျမာက္ေရးတပ္မေတာ္(TNLA)က ဒီဇင္ဘာ ၄ ရက္ေန႔ မနက္ပိုင္းက ဖမ္းဆီသြားတာ ဒီကေန႔ ဆို ၁၀ ရက္ၿပီ ျဖစ္ပါတယ္။

ဦးေက်ာ္ဝင္း ကိစၥနဲ႔ ပတ္သက္ၿပီး တေအာင္းအမ်ိဳးသားလႊတ္ေျမာက္ေရးတပ္မေတာ္(TNLA) ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး မိုင္အိုက္ေက်ာ္က ” ဒီကိစၥကို အေသးစိတ္မသိရေသးဘူး၊ ေအာက္ေျခကလုပ္တာဆိုေတာ့ အေသးစိတ္ေရာက္မလာေသးေတာ့ က်ေနာ္တို႔က ဘာမွမသိရေသးဘူး ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ရွင္းရွင္းလင္းလင္း ေျပာလို႔မရႏိုင္ေသးပါဘူး” လို႔ VOM ကို ေျပာပါတယ္။

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕မွာ အဖြဲ႕အစည္းအခ်ိဳ႕က ဆက္ေၾကးေကာက္တာနဲ႔ ျပန္ေပးဆြဲတာေတြကို ျပဳလုပ္ေနတဲ့အေပၚ ရပ္တန႔္ေပးဖို႔အတြက္ မိုးကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ ၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕က ဒီကေန႔ ဒီဇင္ဘာ ၅ ရက္ေန႔မွာ ေမတၱာရပ္ခံစာထုတ္ျပန္ခဲ့ပါတယ္။

မိုးကုတ္ၿမိဳ႕မ စခန္းမႉး ဦးသိန္းဝင္းထြန္းကို VOM က ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့ ” က်ေနာ္တို႔ဆီ တရားဝင္ေတာ့ ဘာသတင္းမွ မရွိေသးပါဘူး၊ အခုကေတာ့ TNLA ကေတာ့ သူတို႔ဖမ္းသြားတယ္ေျပာတယ္၊ ေသာင္းၾကမ္းသူေတြ ဖမ္းသြားတာဆိုေတာ့ က်ေနာ္တို႔က ဘာမွဆက္လုပ္လို႔မရေသးဘူး၊ ဦးေက်ာ္ဝင္း တရားဝင္လႊတ္လာၿပီဆိုေတာ့မွ သူ႔ကိုေတြ႕ၿပီး စစ္ေဆးၿပီးေတာ့မွ က်ေနာ္တို႔က အေၾကာင္းစုံလုပ္လို႔ရမွာပါ၊ က်ေနာ္တို႔က သူ႔မိသားစုနဲ႔ ဆက္သြယ္တဲ့အခါမွာေတာ့ သူ႔မိသားစုက က်ေနာ္တို႔နဲ႔ ပတ္သက္လို႔ အေၾကာင္းျပန္ၾကားတာ ဘာမွမရွိပါဘူး၊ အဆက္အသြယ္မရဘူး လို႔ပဲေျဖတာ” လို႔ ေျပာပါတယ္။

မိုးကုတ္က SP မုန႔္တိုက္ကေတာ့ အေၾကာင္းစုံမသိေသးသလို သူတို႔ဘာမွေျပာခြင့္မရွိလို႔ မေျပာတတ္ဘူးလို႔ ဆိုပါတယ္။

မိုးကုတ္ၿမိဳ႕နယ္က စံျပကိတ္မုန႔္ဆိုင္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို လက္နက္ကိုင္လူတစုက ဒီဇင္ဘာလ ၄ ရက္ေန႔မနက္ပိုင္းက ေအာင္ခ်မ္းသာရပ္ေဈးကေလးအနီးမွာ ဖမ္းဆီးေခၚေဆာင္သြားမႈ ျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မိုးကုတ္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၆၄နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

မိုးကုတ္ၿမိဳ႕နယ္အတြင္းမွာ လက္နက္ကိုင္အဖြဲ႕ေတြက လုပ္ငန္းရွင္သူေဌးေတြကို ျပန္ေပးဆြဲတာ၊ ဆက္ေၾကးေကာက္ခံတာေတြမၾကာခဏ ျပဳလုပ္ေလ့ရွိတယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မိုးကုတ္ #ဆက္ေၾကးေကာက္တာေတြမလုပ္ဖို႔ #ေမတၱာရပ္ခံစာထုတ္ #SP #စံျပကိတ္မုန႔္တိုက္

 

Related posts

Leave a Comment

VOM News

FREE
VIEW