တတိယ လွှတ်တော်သက်တမ်းမှာ မပါတော့တဲ့ ကိုယ်စားလှယ်တွေ ဧည့်ရိပ်သာကနေဖယ်ပေးဖို့ အကြောင်းကြား

ဒီဇင်ဘာ ၁၆-၂၀၂၀
ကိုထွန်း(VOM)

တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပြန်လည်ရွေးချယ်ခြင်းမခံရတော့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာကနေ ဒီဇင်ဘာ(၂၂) ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားလာတယ်လို့ သိရပါတယ်။

ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၀၆)ဦးဟာ တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပါဝင်ခြင်းမရှိတော့တဲ့အတွက်ဒီဇင်ဘာ (၁၇)နေ့ကနေ (၂၂)ရက်နေ့အတွင်း စည်ပင်ဧည့်ရိပ်သာက ပစ္စည်းတွေပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံစာပို့ထားတာဖြစ်ပြီး အတင်းအကြပ်ပြောင်းရွှေ့ခိုင်းတာမဟုတ်ကြောင်း ရွေးချယ်ခြင်းမခံရတော့တဲ့ ကိုယ်စားလှယ်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။

ပြောင်းရွှေ့ရမည့်ကိုယ်စားလှယ်(၁၀၆)ဦးမှာ စည်ပင်ဧည့်ရိပ်သာမှာနေထိုင်ပေမယ့်လည်း ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ဝင်ရောက်ယှဉ်ပြိုငိပေမယ့်လည်း အနိုင်မရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ ဒေသတွေက ကိုယ်စားလှယ်တွေပါဝင်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အကြောင်းကြားစာများပေးပို့ထားပေမယ့် အခုချိန်က ခရီးသွားလာလို့မကောင်းတဲ့အတွက် ပစ္စည်းတွေလာသိမ်းဖို့မလွယ်သေးလို့ ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို စောင့်နေပါတယ်လို့ “ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေကပြောပါတယ်။

ပထမအကြိမ်လွှတ်တော်သက်တမ်းကာလကစပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ NLD၊ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ ၊တပ်မတော်သားလွှတ်တော်ကိုယ်စားတွေမှအပ ကျန်တဲ့နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တွေဟာ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)မှာ နေထိုင်ကြပြီး တစ်ရက်သတ်မှတ်ကြေး(၅၂၅၀)ပေးသွင်းရတယ်လို့ သိရပါတယ်။

#voiceofmynmar #VOM #နေပြည်တော် #တတိယလွှတ်တော်သက်တမ်း #ကိုယ်စားလှယ် #ဧည့်ရိပ်သာဖယ်ပေးဖို့ #အကြောင်းကြား

Related posts

Leave a Comment

VOM News

FREE
VIEW