အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်ပါဝင်လို

ဒါကာ၊ ဒီဇင်ဘာ ၁၈-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယကဦးဆောင်စီစဉ်နေတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းမှာ ဘင်္ဂါလားဒေ့ရှ်အနေနဲ့ ပါဝင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက အိန္ဒိယဝန်ကြီးချုပ်မိုဒီကို ပြောကြားလိုက်ပါတယ်။

အဲ့ဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ပိုးလမ်းမစီမံကိန်းအပေါ် အိန္ဒိယနိုင်ငံရဲ့ တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ထားကြပါတယ်။

ပိုးလမ်းမစီမံကိန်းကတော့ တရုတ်နိုင်ငံကို အရှေ့တောင်အာရှ၊ တောင်အာရှနဲ့အခြားဒေသတွေနဲ့ ကုန်သွယ်ရေး ဆက်သွယ်ကူးလူးနိုင်ဖို့ ဆိပ်ကမ်း၊ ရထားလမ်းနဲ့ ကားလမ်းတွေ ချိတ်ဆက်တည်ဆောက်မှာဖြစ်ပါတယ်။

အိန္ဒိယဦးဆောင်တဲ့ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကတော့ သူ့ရဲ့အရှေ့မျှော်မူဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသ၊ အာရှပစိတ်ဖိတ်ဒေသတွေနဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ အိန္ဒိယနိုင်ငံက ကြိုးစားနေတာဖြစ်ပါတယ်။

ကီလိုမီတာ ၁၃၆၀ အရှည်ရှိတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးဟာ ဒေါ်လာသန်း ၁၄၀ တန်ကြေးရှိပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်း မဏိပူရပြည်နယ်ရှိ မိုရေးကို ထိုင်းနိုင်ငံမဲဆောက်နဲ့ မြန်မာနိုင်ငံမှတစ်ဆင့် ဆက်သွယ်ဖို့ ရည်ရွယ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာကတော့ အဲ့ဒီစီမံကိန်းကို စိတ်ဝင်စားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိုတယ်လို့ ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ဒီလိုလမ်းဖောက်လိုက်မယ်ဆိုရင် မိမိတို့ရဲ့ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဟာ တိုးတက်လာမှာဖြစ်ပြီး မဟာဗျူဟာမြောက် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ဆိုပါတယ်။

Ref :Eurasiareview
Photo: India PM Office
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW